အဆိုတော်အားတီက မြန်မာနိုင်ငံမှာ COVID -19 စမဖြစ်ခင် တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေကတည်းက အလုပ်တွေမရှိတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပရိသတ်တွေ အိမ်မှာပဲ နေစေချင်တယ်။ ကိစ္စမရှိရင် အပြင်မထွက်စေချင်ဘူး။ ကျနော်ဆိုရင် အလုပ်မရှိတာ တလလောက် ရှိပြီ။ ကျနော်တို့အလုပ်ကလည်း ဒီရောဂါမဖြစ်ချင်ကတည်းက ပွဲတွေကပါးနေပြီ။ တရုတ်မှာ ရောဂါတွေ ဖြစ်ပြီး တခြားနိုင်ငံ တွေ စကူးပြီဆိုကတည်းက ပွဲတွေ ပျက်တာ ကျနော်တို့ ပွဲပါးသွားတယ်။ ပွဲတွေ ပျက်သွားတယ်။ အိမ်မှာပိုနေရတယ်”
“ မဖြစ်မနေ အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ ပြည်သူပြည်သားတွေ ရှိပါတယ်။ သူတို့က စားဝတ်နေရေးအတွက် အိမ်မှာ နေလို့ မရဘူးဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း လိုက်နာနေကြပါလို့ပြောချင်ပါတယ်။ ကျနော်တို့ပရိသတ်တွေ ပြည်သူလူထုရဲ့ ကျန်းမာရေးက အဓိကပါ။ သင်္ကြန်ကိုဘယ်သူမှရေ ထွက်မပတ်စေချင် ပါဘူး”လို့ အဆိုတော် အားတီ ကပြောပါတယ်။
ပြည်တော်ပြန်မြန်မာနိုင်ငံသားများအနေနဲ့လည်း မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ အစိုးရချမှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာစေချင်ကြောင်းလည်း ဆိုပါတယ်။
“ ကျနော်ဆိုလည်း နိုင်ငံခြားရောက်နေရင် ပြန်လာမှာပဲ။ ကိုယ့်မိဘ၊ ကိုယ့်မိသားစု ကိုသတိရကြတာပဲလေ။ ပြန်လာတော့ အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် အစိုးရက ချမှတ်ပေးထားတာလေးကို လိုက်နာကြပါလို့ပြောချင်ပါတယ်။ ဖေ့စ်ဘုတ်မှာ ဖတ်နေရတာတွေက ဟုတ်တာလည်းရှိသလို၊ မဟုတ်တာတွေလည်းရှိတယ်။ ဆိုရှယ်မီဒီယာတွေကနေဖတ်ပြီး လန့်နေကြတာလည်းရှိတယ်။ အဓိကက ကိုယ်နိုင်ငံပြန်လာကြရင် ကိုယ့်နိုင်ငံကချမှတ်ထားတဲ့ စည်းကမ်းလေးကိုပဲ လိုက်နာပေးဖို့ပြောချင်ပါတယ်”
“ကျနော်၆လွှာမှာနေတာ။ အစ်မက မြေညီထပ်မှာနေတယ်။ အစ်မအိမ်တောင် အလည်မသွားဘူး။ ကျနော်တို့ ဆိုင်၂ဆိုင်လည်း ပိတ်လိုက်ပါပြီ။ ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေလည်း ပြန်ခိုင်းပါတယ်။ အပြင်ကို မဖြစ်မနေသွားရရင်လည်း လက်အိတ်လေးတွေ ဝတ်ပါ။ ဒါပေမယ့် ဒီမှာကဘတ်စ်ကားစီး၊ ရထားစီးရင် ၃ပေလည်းကွာနေတာမဟုတ်တော့ ပရိသတ်တွေကို အဲ့ဒါတော့ စိတ်ပူတယ်။ Mask လည်းတပ်ကြပါ။ မျက်နှာကို လက်နဲ့ မကိုင်ပါနဲ့။ အကုန်လုံး လက်တွဲပြီး တိုက်ထုတ်ပေးကြတာပေါ့”လို့ အားတီကပြောပါတယ်။
You may also like these stories:
COVID-19 ကြောင့် ‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ကွယ်လွန်
ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ထွက်ရှိလာ
“ဒီအချိန်က လူပျိုကြီးတွေအတွက် ကွိုင်တက်တဲ့ အခိုက်အတန့်”လို့ စိုင်းစိုင်းခမ်းလှိုင် ပြော