Entertainment

COVID-19 ကာလ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောတဲ့ ပြည်ပရောက် ဇာတ်မင်းသားမိုးမင်း

ဇာတ်မင်းသားတဦးဖြစ်တဲ့ မိုးမင်းကတော့ လက်ရှိမှာ အမေရိကန် Las Vegas မှာနေထိုင်လျက်ရှိပြီး အစားအသောက်နဲ့ ပတ်သက်တဲ့လုပ်ငန်းမှာလုပ်ကိုင်နေပြီး မဖြစ်မနေအလုပ်သွားနေရပြီး သတိထားပြီး အလုပ်လုပ်နေရတယ်လို့ Facebook Live လွှင့်ကာပြောပြခဲ့ပါတယ်။

“ဆေးလိပ်ဖြတ်ပါ။ ရေနွေးနဲ့ဆားနဲ့ ပလုတ်ကျင်းပါ။ ဗီတာမင်တွေသောက်ပေးပါ။ ချောင်းဆိုးနှာစေးမဖြစ်နိုင်မယ့်ဆေးတွေသောက်ပါ။ ရောသွားမှာစိုးလို့ ဟိုရောဂါနဲ့ ဒီရောဂါရောသွားမှာစိုးလို့ပါ။ ဂရုစိုက်ပါ။ ကျနော်လည်းဂရုစိုက်မယ်။ ရသွားရင်တော့ ဘယ်လိုမှမသိနိုင်ဘူး။ အပြင်ထွက်နေရတဲ့သူတွေအတွက် အန္တရာယ်ကြီးပါတယ်”

“ ကျနော့်အတွက်လည်း အန္တရာယ်ကြီးပါတယ်။ ကျနော်က Foodhandler ပါ။ ကျနော့်ကြောင့် သူများပါသွားလို့မရဘူး။ ကျနော် Foodhandler လုပ်နေရတာ။ ကျနော့်စားသောက်ကုန်တွေကို သူများကိုပေးနေရတာ ကျနော့်ဆီကပါသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်။ သတိထားရပါတယ်။ အရမ်းသတိထားရပါတယ်” လို့ မိုးမင်းကပြောပါတယ်။

မဖြစ်မနေအလုပ်သွားနေရတဲ့ သူတွေကအပြင်ထွက်နေကြတာဖြစ်တဲ့အတွက် ကိုယ့်ကံကြောင့် သူများဒုက္ခမရောက်ပါစေ နဲ့လို့ ပြောခဲ့ပါတယ်။

“မဖြစ်မနေသွားရမယ့်လူတွေ ကျနော်တို့လို အစားအစာလုပ်တဲ့သူတွေ သူတို့မှမလုပ်ရင် ဘယ်လိုစားသောက်ကြမလဲ။ သွားရမှာပဲလုပ်ရမှာပဲ။ သူနာပြုတွေ ဆရာဝန်တွေ ထွက်ရမှာပဲ။ မဖြစ်မနေ ထွက်ရမယ့်သူတွေ ထွက်ပါ။ နောက်ဆုံးအပြင်ထွက်လို့ Hand Santinizer မရှိရင် ရေမွှေးဖြန်းလိုက်ပါ။ အပေါစားတွေလည်းရှိတယ်။ အနံ့တွေဘာတွေ စဉ်းစားမနေနဲ့ ဖြန်းပစ်လိုက်။ နည်းနည်းတော့ ကာကွယ်တာပေါ့” လို့ မိုးမင်းကပြောပါတယ်။

ဒီအချိန်မှာ အိမ်တွင်းမှာနေလို့ရသူများအနေနဲ့တတ်နိုင်သလောက်အိမ်တွင်းမှာပဲ နေထိုင်ပြီး တခြားသူများကိုငဲ့ညှာပြီး အပြင်မသွားကြဖို့လည်း ပြောခဲ့ပါတယ်။

“အပြင်မသွားပါနဲ့ သူများမိသားစုကို ငဲ့ညှာပါ။ ကိုယ့်ကြောင့်သူများတွေ မသေပါစေနဲ့ ရောဂါမကူးပါစေနဲ့ အိမ်ထဲမှာပဲနေပါ။ အပြင်သွားရင် Mask တွေဘာလို့မတပ်ခိုင်းတာလဲ။ ဝယ်လို့မရလို့ မတပ်ခိုင်းတာ။ နောက်ပြီးတော့ ကိုယ့်ဘာသာကိုယ် မထိန်းသိမ်းနိုင်မှာစိုးလို့ ကိုယ့်ဘာသာရောဂါပိုးကို ပြန်ခေါ်သလိုဖြစ်မှာစိုးလို့။ ပညာရှင်တွေက Mask တပ်တဲ့နည်းကို သိတယ်။ ကျနော်တို့က သိတာမဟုတ်ဘူး။ အကာအကွယ်တခုအနေနဲ့ ကိုယ့်အတွက် ချေတာတွေဘာတွေဆို အကာအကွယ်တခုလုပ်ပါ” လို့ မိုးမင်းကပြောပါတယ်။

နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေ သူနာပြုတွေရဲ့စကားကို နားထောင်ပြီး လိုက်လုပ်ပေးပါလို့လည်း ဆိုပါတယ်။

“တယောက်မှာပိုးရှိရင် ၁၀ရက်မှာမမြင်ရဘဲနဲ့ လူ ၅သောင်းကျော် ကူးသွားနိုင်တယ်။ ၁၀ရက်တည်းမှာနော်။ ဒါကူးနိုင်ချေရှိတာ ဒါလိုက်စစ်မှသိမှာ မစစ်ရင်မသိနိုင်ဘူး။ ဆရာဝန်တွေပြောတာ သူနာပြုတွေပြောတာလုပ်ပေးပါ” လို့ မိုးမင်းကပြောပါတယ်။

COVID – 19 ရောဂါပိုးဟာ တကမ္ဘာလုံးကို ပျံ့နှံ့နေတာဖြစ်ပြီး အဓိကအရင်းအမြစ်က အဆုတ်ကို ထိခိုက်တာ ဖြစ်တဲ့အတွက် ရောဂါချင်းမရောထွေးစေရန် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရန်လည်း အကြံပြုခဲ့ပါတယ်။

“သူငယ်ချင်းတွေကိုပြောချင်တာ ဆေးလိပ်သောက်တာကိုပါ။ ကျနော်ဆေးလိပ်မသောက်တော့ဘူး ။ ဒီအချိန်က ဆေးလိပ်ဖြတ်ဖို့အချိန် မိသားစုမှာ ကိုယ်ဆေးလိပ်သောက်လို့မရဘူး။ ဘာဖြစ်လို့မရဘူးလဲဆိုတော့ ဒီရောဂါဟာ အဆုတ်နဲ့ပတ်သက်နေတယ်။ ကိုယ်ချောင်းဟန့်တာဟာ ဆေးလိပ်ကြောင့်လား ရောဂါအခြေအနေကြောင့်လား မသိဘူးဖြစ်လိမ့်မယ်။ ဆေးလိပ်ဖြတ်လိုက်ကြပါ” လို့ မိုးမင်းကပြောပါတယ်။

You may also like these stories:

COVID-19 စဖြစ်ကတည်းက အလုပ်မရှိတော့တာပါလို့ ပြောလာတဲ့ အဆိုတော်အားတီ

ဒီအချိန်အခြေခံလူတန်းစားများကို ဝိုင်းဝန်းကူညီဖို့ လိုအပ်ကြောင်း ကျော်ကျော်ဗိုပြော

COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ လူ ၁၂ ဦးသေဆုံး

Loading