အခုလိုမျိုး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တဝန်းမှာ ရှိတဲ့ ဆေးရုံတွေအတွက် လက်သန့်ဆေးရည်တွေကို Kylie Jenner ရဲ့ အလှကုန် Brand နာမည်နဲ့ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“The Keeping Up With the Kardashians” ရုပ်သံအစီအစဉ် စတား Kylie နဲ့ သူ့ရဲ့ မိခင် Kris Jenner တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းမှာ လတ်တလော ထောက်ပံ့မှုများများ လိုအပ်နေတဲ့ ဘက်တီးရီးယား သန့်စင်ဂျယ်လ်တွေကို သူတို့ရဲ့ အလှကုန်ပစ္စည်းကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ Coty ကနေတဆင့် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ လက်သန့်ဆေးရည်မှာတော့ “ကျမတို့ရဲ့ အသိုက်အဝန်းတွေကို ထောက်ပံ့ဖို့ အလုပ်လုပ်နေကြတဲ့ ပထမဆုံး တုံ့ပြန်လုပ်ဆောင်သူတွေအတွက် ရည်ရွယ်ပါတယ်” လို့ဖော်ပြထားတဲ့ အထူးသတင်းစကားတွေကို ထည့်သွင်းပေးထားပါတယ်။
Kylie Skin မှ ကိုယ်စားလှယ်တဦးက အဲ့ဒီ လက်သန့်ဆေးရည်တွေကို Coty ကုမ္ပဏီရဲ့ စက်ရုံတွေကနေ ထုတ်လုပ်မှာဖြစ်ပြီး Kylie Skin ထုတ်ကုန်တွေအတွက် ထုတ်လုပ်ရေးအပေါ် ရိုက်ခတ်မှုရှိမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးကွေးစေဖို့ Social-distancing ကို လက်တွေ့ကျင့်သုံးနေတဲ့ အသက် ၂၂ နှစ်အရွယ် ရုပ်သံအစီအစဉ်စတား Kylie ဟာ ရှေ့တန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်နေကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေဝတ်ဆင်ဖို့ အကာအကွယ်ဝတ်စုံတွေ ထောက်ပံ့ဖို့အတွက် ဒေါ်လာ ၁ သန်းကို မကြာသေးခင်တုန်းက လှူဒါန်းခဲ့ပါသေးတယ်။
အခုလိုသတင်းကို Instagram မှာတင်ခဲ့ပြီးနောက် သမားတော်တဦးဖြစ်သူ ဒေါက်တာ Thaïs Aliabadi က “ကျမ တကယ့်ကို ပြောစရာစကား မရှိအောင်ပါပဲ။ ကျမမျက်လုံးထဲမှာ ဝမ်းသာမျက်ရည်တွေနဲ့ ပြည့်နေပါပြီ။ ကျမနှလုံးသားဟာလည်း ကျေးဇူးတင်မှုတွေနဲ့ ပြည့်နေပါတယ်။ ကျမတို့ရဲ့ သတ္တိရှင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေအတွက် အကာအကွယ်ပေးမယ့် မျက်နှာဖုံးတွေကို ပေးဖို့ စကြဝဠာကြီးဆီ တိုင်တည်ခဲ့ပါတယ်။ အခုတော့ အဲ့ဒီအိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ” လို့ ဆိုပါတယ်။
သူက “ကျမတို့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ကျေးဇူးတင်ပါတယ်။ Kylie Jenner ရေ။ ရှင်က ကျမရဲ့ သူရဲကောင်းပါ။ ဒီလိုမျိုး ရက်ရောတဲ့လှူဒါန်းမှုကြောင့် တန်ဖိုးရှိတဲ့ အသက်များစွာကို ကယ်တင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။ ကျမတို့ရဲ့ ကမ္ဘာဟာ ရှင်နဲ့အတူ ပိုကောင်းလာမှာပါ။ အရမ်းချစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
မင်းသား Hyun Bin ထက် ကင်ဂျုံအန်းက ဆွဲဆောင်မှု ပိုရှိတယ်လို့ မြောက်ကိုရီးယားတို့ ယူဆ
COVID-19 ကာလ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောတဲ့ ပြည်ပရောက် ဇာတ်မင်းသားမိုးမင်း
ဒီအချိန်မှာ ပရိသတ်ကို အိမ်မှာပဲ နေစေချင်တဲ့ အဆိုတော်အားတီ