မြောက်ကိုရီးယားနိုင်ငံသား Youtuber တဦးဖြစ်တဲ့ “North Korean Man” ဆိုသူဟာ မြောက်ကိုရီးယားနိုင်ငံသားတွေ ကြောက်ကြတဲ့ အရာ ၃ ခုလို့နာမည်ပေးထားတဲ့ ဗီဒီယိုထဲမှာ တောင်ကိုရီးယား မင်းသား Hyun Bin အကြောင်း ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံမှာ မင်းသားဟာ လူထုအတွက် ဆွဲဆောင်မှုနည်းပါးတယ်လို့် ယူဆနေကြတယ်လို့် ပြောခဲ့ပါတယ်။
Park Yoo Sung လို့ခေါ်တဲ့ အဲ့ဒီ Youtuber က မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ၀၀ကစ်ကစ် ပုံစံမျိုးကို ပိုကြိုက်နှစ်သက်ကြတယ်လို့ ရှင်းပြခဲ့ပါတယ်။
သူက “မြောက်ကိုရီးယားမှာ အစားရှောင် (Diet) လုပ်တာမျိုး မရှိပါဘူး။ ၀၀ကစ်ကစ် ပုံစံ ရှိတဲ့သူတွေကို ချမ်းသာတယ်လို့ ယူဆကြပါတယ်” လို့ ဆိုပါတယ်။ သူ့ရဲ့အဆိုအရ မြောက်ကိုရီးယားမှာ ခန္ဓာကိုယ် ဝတဲ့ပုံစံ ရှိသူတွေရဲ့ ချမ်းသာကြွယ်ဝမှုကြောင့် တခြားတိုင်းပြည်တွေက အလှအပအပေါ် သတ်မှတ်မှုနဲ့ ကွာခြားမှု ရှိတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားမှာ ချမ်းသာတဲ့လူတွေဆီမှာသာ ဗိုက်ခေါက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ အလှအပစံနှုန်းဟာ တောင်ကိုရီးယားရဲ့ သတ်မှတ်ပုံနဲ့ ကွာခြားမှု ရှိနေတာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ အဆီတရစ် အသားတရစ် ရှိတဲ့သူတွေဟာ ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြပါတယ်။ အဲ့ဒီနောက် Park က မကြာသေးခင်တုန်းက ထုတ်လွှင့်ခဲ့တဲ့ “Crash Landing on You” ဒရာမာမှာ မြောက်ကိုရီးယား စစ်ဗိုလ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hyun Bin အကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ မင်းသားဟာ မြောက်ကိုရီးယားနိုင်ငံမှာ ဆွဲဆောင်မှုရှိတယ်လို့ ယူဆခြင်း မခံရဘူးလို့ သိရပါတယ်။
သူက “မြောက်ကိုရီးယားမှာ Hyun Bin က ချောမောတယ်လို့ ယူဆကြတယ်လို့ပြောမယ်ဆိုရင် မမှန်နိုင်ပါဘူး။ ခန္ဓာကိုယ်ကြီးတဲ့ Ma Dong Seok လိုမျိုး တယောက်ယောက်ကသာ မြောက်ကိုရီးယားနိုင်ငံသားတွေအတွက် ပိုနာမည်ကြီးပါတယ်” လို့ ဆိုပါတယ်။
ဒါကြောင့်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ခန္ဓာကိုယ် အလေးချိန် တက်အောင် လုပ်ခဲ့ရတာ ဖြစ်တယ်လို့ ထပ်လောင်း ပြောပါတယ်။ အရင်တုန်းက ပိန်ပိန်ပါးပါး ပုံစံကနေ ကိုယ်အလေးချိန် တော်တော်များများ ချက်ချင်းတက်အောင် လုပ်ရတဲ့အကြောင်းအရင်းဟာ ရာထူးရာခံမြင့်တဲ့သူ တဦးအနေနဲ့ ယုံကြည်မှုရချင်လို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး Park Yoo Sung ရဲ့ အံ့သြသင့်ဖွယ် ပြောကြားချက် နဲ့ပတ်သက်လို့ အင်တာနက် အသုံးပြုသူတွေကတော့ “တကယ်လို့် ငါသာ မြောက်ကိုရီးယားကို သွားမယ်ဆိုရင် ငါက ရာထူးရာခံမြင့်တဲ့သူလို့ သူတို့ထင်ကြမှာပဲ”၊ “ပြောချင်တာက Hyun Bin ထက် ကင်ဂျုံအန်းက ပိုချောတယ်လို့ အထင်ခံရတာဖြစ်မယ်” ၊ “ဒါကြောင့် ကင်ဂျုံအန်းက ကိုယ်အလေးချိန် တက်အောင် လုပ်ခဲ့တာကိုး” လို့ မှတ်ချက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
Ref: Koreaboo
You may also like these stories:
‘Hobbs And Shaw’ နောက်ဆက်တွဲရုပ်ရှင် ဖန်တီးနေပြီလို့ Dwayne Johnson ပြော
ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ထွက်ရှိလာ
COVID-19 ကြောင့် ‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ကွယ်လွန်