Samuel L. Jackson ကိုတော့ လွန်ခဲ့တဲ့နှစ်တွေမှာ MCU ရုပ်ရှင်တွေမှာ Nick Fury အဖြစ် လူသိများခဲ့ကာ အခုအချိန်မှာတော့ သူ့ ပရိသတ်တွေဆီ လူမှုကွန်ရက်မှတဆင့် လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 နဲ့ ပတ်သက်ပြီး သူ့ကိုယ်ပိုင် အမြင်တချို့ကို အသုံးချကာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်တခု ပြန်လည် မျှဝေခဲ့ပါတယ်။
Samuel L. Jackson ဟာ သူ့ကိုယ်ပိုင် သရုပ်ဆောင်ဟန်နဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသားတဦးဖြစ်ပြီး စကားပြောခန်းတွေမှာ ဆက်တိုက် ဆဲဆိုလေ့ ရှိတာကတော့ သူ့ရဲ့ကိုယ်ပိုင်ဟန် တခုဆိုရင်လည်း မမှားပါဘူး။ Twitter အကောင့်ကနေ သူ့ရဲ့ ဗီဒီယိုကို ပြန်လည် မျှဝေခဲ့ပြီး လူသားအားလုံးအတွက် ကဗျာတပုဒ် ရွတ်ဆိုခဲ့ကာ အဲဒီ ကဗျာထဲမှာတော့ “Stay the f*ck at Home” ဆိုတာ အဓိက ထည့်သွင်း ရေးသားထားပါတယ်။
Samuel L. Jackson လိုပဲ တခြား နာမည်ကျော်တဦးဖြစ်တဲ့ Deadpool သရုပ်ဆောင် Ryan Reynolds ဟာဆိုရင်လည်း သူ့ရဲ့ ဟာသဉာဏ်နဲ့ သရော်တဲ့ အတွေးအခေါ် တချို့ကို အသုံးချပြီး အဆုံးသတ်မှာတော့ တကယ့် သူရဲကောင်းတွေဆိုတာ ကျန်းမာရေးနယ်ပယ်က ဝန်ထမ်းတွေပဲလို့ ဂုဏ်ယူစွာ ပြောဆိုခဲ့ပါတယ်။
လက်ရှိ စစ်တမ်းတွေအရ ကမ္ဘာနဲ့တဝှမ်းမှာ COVID-19 ကူးစက်သူပေါင်း ၉ သိန်း၄ သောင်းကျော် ရှိနေပြီး သေဆုံးသူဦးရေမှာ ၄ သောင်း ၇ ထောင်ကျော် ရှိလာပါတယ်။
ဒါကြောင့်ပဲ တကမ္ဘာလုံးမှာရှိတဲ့ အစိုးရအဖွဲ့အစည်းအသီးသီးဟာ တတ်နိုင်တဲ့ အရင်းအမြစ်တွေကို အသုံးချပြီး ခရီးသွားမှုများ ပိတ်ပင်ခြင်း ၊ လူမှုဆက်ဆံရေး နယ်ပယ်တွင်း ကန့်သတ်ခြင်းတို့ကို ပြုလုပ်ကာ ဆေးရုံနဲ့ တခြားရောဂါထိန်းချုပ်ရေးစင်တာတွေ ဝန်မပိအောင် တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးနေခဲ့တာဖြစ်သလို နာမည်ကျော်သရုပ်ဆောင်တွေပါ ပူးပေါင်းပါဝင်နေကြပါတယ်။
Ref. wegotthiscovered.com
You may also like these stoires:
ဆေးရုံတွေအတွက် လက်သန့်ဆေးရည် ထုတ်လုပ်မယ့် Kylie Jenner
မင်းသား Hyun Bin ထက် ကင်ဂျုံအန်းက ဆွဲဆောင်မှု ပိုရှိတယ်လို့ မြောက်ကိုရီးယားတို့ ယူဆ
စင်ကာပူနိုင်ငံရဲ့ COVID-19 ကိုင်တွယ်ပုံကို မင်းသမီး Barbra Streisand ချီးကျုး