ပရိသတ်တွေ မျှော်လင့် စောင့်စားနေကြတဲ့ “Top Gun” နောက်ဆက်တွဲရုပ်ရှင် ဖြန့်ချိပြသမယ့် ရက်ကို ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ပြီလို့ Paramount Pictures က ဧပြီလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရုပ်ရှင်လုပ်ငန်းအတွင်း နောက်ဆုံး ထိခိုက်မှုလည်း ဖြစ်လာခဲ့ပါတယ်။ မင်းသား Tom Cruise ပါဝင်ထားတဲ့ “Top Gun: Maverick” ရုပ်ရှင်ကို အက်ရှင်စတား တဦးအနေနဲ့ ပွဲထွက်လာခဲ့ပြီး နှစ်ပေါင်း ၃၀ အကြာ လာမယ့် ဇွန်လ ၂၄ ရက်နေ့ကျရင် ကမ္ဘာတလွှားမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ ပြင်ဆင်ထားတာပါ။
အခုလိုမျိုး “Top Gun” ရုပ်ရှင်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ရတာ နာမည်ကျော်ရုပ်ရှင်တွေရဲ့ ပြသရက်ရွှေ့ဆိုင်းမှု ဂယက်မှာ နောက်ဆုံး ဖြစ်လာပါတယ်။ အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားရတဲ့အတွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ် “Never Say Die” နဲ့ Disney ရဲ့ “Mulan” ရုပ်ရှင်တွေ အပါအဝင် ရုပ်ရှင်တော်တော်များများကိုလည်း ရွှေ့ဆိုင်းထားရပါတယ်။
၁၉၈၆ ခုနှစ်တုန်းက ရုံဝင်ငွေစာရင်းမှာ အထူးအောင်မြင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ထဲမှာ လေ့ကျင့်ရေးလုပ်ဆောင်နေချိန် သေဆုံးခဲ့ရတဲ့ မင်းသား Anthony Edwards ရဲ့ဇာတ်ကောင် Goose ရဲ့ သားအဖြစ် မင်းသား Miles Teller က အခုရုပ်ရှင်အသစ်မှာ ပါဝင်လာပါတယ်။
မြောက်အမေရိကဒေသမှာ ဝင်ငွေမြင့်မားတဲ့နွေရာသီကာလကို ရောက်ရှိလာတော့မှာဖြစ်ပေမယ့် နာမည်ကျော် ရုပ်ရှင် တော်တော်များများကို ရွှေ့ဆိုင်းထားလိုက်ရတာဟာ ရုပ်ရှင်လုပ်ငန်းကို တော်တော်လေး အထိနာစေပါတယ်။
ဒါပေမယ့် ဟောလိဝုဒ် စတူဒီယိုတွေကတော့ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်စေလိုပြီး နွေရာသီနှောင်းပိုင်းမှာ ပရိသတ်တွေ ပြန်ရလာလိမ့်မယ်လို့် မျှော်လင့်ထားပါတယ်။ Paramount က လာမယ့် မေလမှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ “The SpongeBob Movie: Sponge On The Run” အန်နီမေးရှင်းရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့လည်း ပြောဆိုထားပါတယ်။
Warner Bros ရဲ့ “Wonder Woman 1984” ရုပ်ရှင်ကိုလည်း ဇွန်လကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ ရက်ရွှေ့ဆိုင်းထားပါတယ်။
Ref:Reuters
You may also like these stories:
COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ
ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း