Entertainment

အပြင်ထွက် အလုပ်လုပ်နေရသူတွေအတွက် စိတ်မကောင်းဘူးလို့ ဂျူဝယ်လ် ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိသူများ တွေ့ရှိထားတာကြောင့် အခုချိန်မှာ အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေအတွက် စိတ်မကောင်းဘူးလို့ ဂျူဝယ်လ်က ဧရာဝတီကို ပြောပါတယ်။

“ရောဂါတွေဖြစ်နေတာ အကုန်လည်း ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သိလောက်ပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနက တင်ထားတဲ့အတိုင်းလည်း လိုက်နာ နေထိုင်ကြပါ။ ကျမ အကောင့်ကနေလည်း ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြောပြပေးထားပါတယ်”

“အိမ်ထဲမှာ ခဏလေး ကြိုးစားနေကြပါ။ အဲ့လိုလေးနေတဲ့အတွက် လလောက်နဲ့ ပြီးရမှာ နှစ်လောက်ထိ မဖြစ်ဘူးပေါ့။ ကျမအခု အိမ်ထဲမှာပဲနေရတော့ အိပ်ရေးပိုဝတယ်။ အိပ်လိုက်စားလိုက် လုပ်တယ်။ ဂစ်တာ တီးတယ်။ သီချင်းတွေ ဆိုတယ်။ ဘုရားတရား ပိုလုပ်ဖြစ်တယ်”

“အပြင်ထွက် အလုပ်လုပ်နေရသူတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ကျမတို့က အပြင်မထွက်ရင်လည်း နေနိုင်စားနိုင်သေးတယ်။ အခုချိန်မှာ ထွက်ပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက်လည်း စိတ်မကောင်းဘူး။ ကျမကိုယ်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းတာလေးတွေ ရှိတယ်။ အားတင်းထားကြပါလို့တော့ ပြောချင်ပါတယ်”လို့ ဂျူဝယ်လ်က ပြောပါတယ်။

ပြည်ပက ပြန်လာကြသူတွေကိုလည်း ၁၄ ရက် စောင့်ကြည့်ခံစေချင်တဲ့ ဂျူဝယ်လ်က ပြန်လာသူတွေကို မလိမ်မညာဘဲ ကိုယ့်တာဝန် ကိုယ်ယူပြီး စည်းကမ်းလေးတွေ လိုက်နာပေးကြပါလို့ ဆိုပါတယ်။

“ပြည်တွင်း ပြန်လာကြတာတွေလည်း ၁၄ ရက် စောင့်ကြည့်ခံတယ်။ တချို့ကလည်း အစောင့်ကြည့်မခံဘူးပေါ့။ အဲ့လို စောင့်ကြည့်မခံတာမျိုးတော့ မလုပ်သင့်ပါဘူး။ အခုလိုအစစ်ခံတာ ပြစ်မှု ကျူးလွန်ခံရတာလည်း မဟုတ်ဘူးလေ။ ကြောက်စရာလည်း မလိုဘူး။ ကိုယ့်တာဝန် ယူပါလို့ ပြောချင်တယ်”

“နိုင်ငံခြားကပြန်လာသူတွေလည်း သေချာလေး အစစ်ခံပါ။ ဘယ်သူတွေနဲ့ ထိတွေ့ခဲ့တယ်ဆိုတာလည်း မလိမ်မညာဘဲ ကိုယ့်တာဝန်ကိုယ်ယူပြီး စည်းကမ်းလေးတွေ လိုက်နာ ကျင့်သုံးပေးပါလို့ ပြောချင်ပါတယ်။ လူတိုင်းကတော့ ကြောက်ကြတာပေါ့။ လူတွေကလည်း ရောက်ပြီဆိုရင် ဒီလူဆိုတာကို ပုံတွေ ရိုက်ပြီး တင်ကြတယ်။ အဲ့လိုတွေ မလုပ်စေချင်ဘူး။ ကိုယ်ဆိုရင်လည်း ကြောက်ကြမှာပဲလေ။ ဖြစ်နိုင်ရင် မလိမ်ကြပါနဲ့”လို့ ဂျူဝယ်လ်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၂၀ ဦး တွေ့ရှိထားပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ အနုပညာရှင်များက ဆောင်ရန်၊ ရှောင်ရန် အချက်များ ဆိုရှယ်မီဒီယာကတဆင့် မျှဝေပေးနေကြပါတယ်။

You may also like these stories:

COVID -19 ကူးစက်ခံခဲ့ရပေမယ့် အကြောက်မလွန်ဖို့ ပြောတဲ့ အောင်ရင်

ဆေးဘက်သုံးပစ္စည်းတွေ တရားမဝင် တင်ပို့မှုကို အရေးယူမယ့် သြစတြေးလျနိုင်ငံ

လေထဲကနေပါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ရှိလာနိုင်တယ်လို့ သုတေသီတွေ ခန့်မှန်း

Did you find apk for android? You can find new Free Android Games and apps.
Loading