Entertainment

“Black Widow” ရုပ်ရှင် ရုံတင်ရက်အသစ် Marvel ကြေညာ

Want create site? Find Free WordPress Themes and plugins.

Marvel ပရိသတ်တွေအနေနဲ့ ”Black Widow” ရုပ်ရှင်ကို နောက်ထပ် လအပိုင်းအခြားတခုထိ စောင့်ဆိုင်းကြရဦးမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အခုလို ရုံတင်ရက် ရွှေ့ဆိုင်းမှုကို ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ တော်တော်များများ ကြုံတွေ့နေကြရပါတယ်။

ကမ္ဘာကျော် မင်းသမီး Scarlett Johansson ပါဝင် သရုပ်ဆောင်ထားတဲ့ “Black Widow” ရုပ်ရှင်ဟာ ရုံတင်ရက် ရွှေ့ဆိုင်းလိုက်ရမှုကြောင့် ပရိသတ်တွေဆီ ရောက်ဖို့ အချိန်တခု ကြန့်ကြာနေဦးမှာပါ။ Marvel ဘက်ကနေ “Black Widow” ရုပ်ရှင် ရုံတင်ရက်နဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်တစား စောင့်ဆိုင်းနေခဲ့ရတာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းကပါ။

Marvel ရဲ့ အစီအစဉ်သစ်တွေမှာ “Black Widow” ရုပ်ရှင်ဟာလည်း တစိတ်တဒေသ အရေးပါခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ကာ “Iron Man 2” ထွက်ရှိခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း အခုလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါတယ်။

ပထမ ကြေညာခဲ့တဲ့ ရုံတင်ရက်ကို ရောက်ရှိဖို့ ၄ ပတ်သာ လိုတော့တဲ့အချိန်မှာ ကမ္ဘာတဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကြောင့် နောက်ထပ် ၇ လတာ စောင့်ဆိုင်းကြရမှာ ဖြစ်ပေမယ့် Marvel ပရိသတ်တွေဘက်ကတော့ “Black Widow” ရုပ်ရှင်ကို စိတ်ဝင်တစား စောင့်နေကြဆဲပါ။

Disney နဲ့ Marvel တို့ အကောင်းဆုံး ကိုင်တွယ်ခဲ့ကြတဲ့ “Black Widow” ရုပ်ရှင်အတွက် တိကျသေချာတဲ့ အချိန်ဇယားတခု ရေးဆွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလဟာ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေအတွက် စိတ်ချလုံခြုံရတဲ့ လတလအဖြစ် ယုံကြည်ခဲ့ကြတဲ့အတွက် “Black Widow” ရုပ်ရှင် ရုံတင်ရက်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်

Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ

Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading