အီတလီသတင်းစာ La Repubblica နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ “Call Me By Your Name” ဒါရိုက်တာ Luca Guadagnino က အဲ့ဒီ အော်စကာဆုရ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို မူရင်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Timothee Chalamet, Armie Hammer, Michael Stuhlbarg တို့နဲ့အတူ ရိုက်ကူးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် အော်စကာဆု ၄ ခု ဆန်ခါတင် သတ်မှတ်ခြင်းခံခဲ့ရ တဲ့အဲ့ဒီရုပ်ရှင်အတွက် နောက်ဆက်တွဲ ဇာတ်လမ်းကို ဖန်တီးထုတ်လုပ်ဖို့ အကြောင်းနဲ့ ပတ်သက်ပြီး အရင်တုန်းကတော့ ဒါရိုက်တာ Guadagnino က ပြောဆိုခဲ့တာမျိုးရှိပါတယ်။
၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Andre Aciman ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာတော့ စာရေးဆရာ Aciman ရဲ့နောက်ဆက်တွဲ ဝတ္ထုဖြစ်တဲ့ “Find Me” ရဲ့ မိတ္တူကိုဖတ်နေခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ဒါရိုက်တာ Guadagnino က အခုလိုမျိုး မူရင်းသရုပ်ဆောင်တွေနဲ့ အလုပ်လုပ်ခဲ့ရတာ ပျော်ရွှင်မိတဲ့အကြောင်း၊ အဲ့ဒီမူရင်း သရုပ်ဆောင်တွေကပဲ ဇာတ်လမ်းအသစ်မှာ ပါဝင်လာမယ့် အကြောင်း La Repubblica သတင်းစာကို ပြောဆိုခဲ့ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်ကာလက အီတလီ ကျေးလက်ဒေသတခုမှာ ဇာတ်အိမ် တည်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ အသက် ၁၇ နှစ်အရွယ် Elio Perlman ဆိုတဲ့ကျောင်းသားလေးနဲ့ Oliver ဆိုတဲ့ ဘွဲ့ရလူငယ် ကျောင်းသားလေးတဦးတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ Elio နဲ့ အချစ်ဇာတ်လမ်းကို တခန်းရပ်ခဲ့ပြီးနောက် Oliver ကဟာ အမေရိကန်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့ဲတဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး မင်းသား Chalamet ကို အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု ဆန်ခါတင် ဝင်စေခဲ့ပါတယ်။
“Call Me By Your Name” ရဲ့ နောက်ဆက်တွဲဝတ္ထုဖြစ်တဲ့ “Find Me” ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ မူရင်းရုပ်ရှင်ကို Sony Picture Classics က နေ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတဝန်းမှာ ဝင်ငွေ ဒေါ်လာ ၄၁ ဒဿမ ၉ သန်းအထိ ရရှိခဲ့ပါတယ်။ LGBT ဇာတ်လမ်းအခြေခံ အဲ့ဒီရုပ်ရှင် ထွက်ရှိပြီးတဲ့နောက် မူရင်းဝတ္ထုဟာ ဒေသတွင်းနိုင်ငံတွေမှာ ရောင်းအားအကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: Deadline
You may also like these stories:
‘Hobbs And Shaw’ နောက်ဆက်တွဲရုပ်ရှင် ဖန်တီးနေပြီလို့ Dwayne Johnson ပြော
“Train To Busan” နောက်ဆက်တွဲရုပ်ရှင် “Peninsula” ရဲ့ ပိုစတာ ထွက်ပေါ်လာ
အာလာဒင် နောက်ဆက်တွဲ ရုပ်ရှင် Disney စတင် ရိုက်ကူးနေပြီဖြစ်