• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဝမ်းရေးအတွက် အခက်အခဲရှိသူတွေကို တွေးပူမိပြီး လှူဒါန်းခဲ့တဲ့ နန်းဆုရတီစိုး

by ချစ်ပိုး
7 April 2020
in Entertainment
A A
သရုပ်ဆောင် နန်းဆုရတီစိုး / Nansu Yati's Facebook

သရုပ်ဆောင် နန်းဆုရတီစိုး / Nansu Yati's Facebook

5.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့အချိန် တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စားတွေရဲ့ ဝမ်းရေး အခက်အခဲအတွက် ဝမ်းနည်းမိတယ်လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ဆိုပါတယ်။

“အခုချိန်က Stay Home နေရမယ့်အချိန် တော်တော်များများက တနေ့လုပ်မှ တနေ့စားမလို့ ဝမ်းရေးအခက်အခဲတွေ အကျပ်အတည်းတွေ အများကြီး ရင်ဆိုင်နေရတာ ကြားနေရတော့ သူတို့အတွက် တွေးပူနေမိတယ်။ ဒါနဲ့ Clean Yangon ကနေ လိုအပ်မယ့် အစားအစာလေးတွေ သွားလှူတာ တွေ့တော့ နန်းဆုလည်း တတ်နိုင်သလောက် လှူဖြစ်တာပါ”

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.2k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
643

“ဒီအချိန်မှာ စီးပွားရေး ကျပ်တည်းလာရင် ကျန်းမာရေးလည်း မမှုနိုင်တော့ဘူး။ အဲ့အတွက် အရမ်းစိုးရိမ်တယ်။ သူတို့ အပူလေး ခဏလောက် ငြိမ်းအေး သွားစေဖို့ လှူဒါန်းတာပါ။ ဒီရောဂါဆိုးကြီးကို အတတ်နိုင်ဆုံး တတ်ညီလက်ညီနဲ့ ထိန်းချုပ် ကာကွယ်သွားနိုင်မှာပါ”လို့ နန်းဆုရတီစိုးက ဧရာဝတီကို ပြောပါတယ်။

ဒီလိုအချိန်မှာ အတတ်နိုင်ဆုံးအိမ်ထဲမှာနေတာ အကောင်းဆုံးပဲလို့ နန်းဆုရတီစိုးက ဆိုပြီး ကိုယ်တိုင်လည်း အိမ်ထဲမှာပဲ မိသားစုကို အချိန်ပေးကာ နေဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလိုချိန်မှာ အိမ်မှာနေတာ အကောင်းဆုံးပါပဲ။ အိမ်မှာနေရင်း ဘာတွေ လုပ်ဖြစ်လဲဆို အခန်းတွေ ရှင်းတယ်။ မိသားစုကို အချိန်ပေးတယ်။ တူလေးတွေနဲ့ ဆော့တယ်။ ပန်းချီဆွဲတွေလည်း ဆွဲဖြစ်တယ်။ စာအုပ်လည်း ဖတ်ဖြစ်တယ်။ အမြဲ အပြင်ထွက်နေရတဲ့သူဆိုတော့ အိမ်မှာ သိပ်မနေတတ်ဘူး။ အလုပ်ပဲ လုပ်ချင်တယ်”

“သွားမယ် လာမယ်။ အဲ့လိုတွေ လုပ်ချင်နေတာ။ ဒါပေမဲ့ ဒီချိန် အိမ်မှာနေတာ အကောင်းဆုံး ဖြစ်တဲ့အတွက် အိမ်မှာ ရအောင် နေပါတယ်”လို့လည်း သူက ဆိုပါတယ်။

ပြည်တော်ပြန်တွေကို ၁၄ ရက် စောင့်ကြည့်ခံကြဖို့လည်း နန်းဆုရတီစိုးက အခုလိုပဲ ဆိုပါတယ်။

“တခြားနိုင်ငံက ဖြစ်တဲ့ ရောဂါ မြန်မာနိုင်ငံမှာတော့ ရှိစရာ အကြောင်း မရှိဘူးပေါ့။ မြန်မာနိုင်ငံကို ပြန်လာတဲ့သူတွေကြောင့်သာ ရှိနိုင်စရာ ရှိတာ။ နန်းစုအမြင်ကတော့ အခုချိန်မှာ ဖြစ်လာပြီဆိုတော့ ဘယ်သူ ဘယ်သူကိုမှလည်း အပြစ်မတင်ချင်ပါဘူး။ ဝင်လာရင်တော့ ကိုယ့်နိုင်ငံက စည်းကမ်း ချမှတ်ထားတဲ့အတိုင်း ၁၄ ရက် စောင့်ကြည့်နေနိုင်မှသာ ပြန်လာသင့်တာပေါ့နော်။ ကိုယ့်နိုင်ငံကိုချစ်ရင် ကိုယ့်လူမျိုးကို ချစ်ရင် ၁၄ ရက် စောင့်ကြည့်ခံကြပါ။ အဲ့လို စောင့်ကြည့်မခံချင်ရင် ပြန်မလာတာအကောင်းဆုံးပါပဲ”

“နန်းစုလည်း ပြည်ပမှာ မောင်လေး ရှိတယ်။ မောင်လေးလည်း သူပြန်လာတဲ့အခေါက်တွေ ရှိသလို နန်းစုတို့ လိုက်သွားတာလည်းရှိတယ်။ နန်းစုတို့ ဧပြီ ၁၇ ရက်နေ့က စသွားဖို့ လုပ်ထားတာ အခုတော့ ဖြတ်လိုက်ရပြီ။ သူတို့ နိုင်ငံမှာ ဖြစ်ကတည်းက ပြန်မလာနဲ့။ သူကလည်း ပြန်မလာဘူးလို့ ပြောတယ်။ မောင်လေးလည်း တယောက်တည်းနေနေတာ စိတ်ပူပေမယ့် ဒီချိန်မှာ ပြည်တော်ပြန်တွေအတွက် အဆင် မပြေလောက်ဘူး။ အဲ့မှာနေတာက ပိုအဆင်ပြေမယ်ဆိုပြီး ပြန်မလာခိုင်းတော့ဘူး”လို့ နန်းဆုရတီစိုးက ပြောပါတယ်။

သရုပ်ဆောင် နန်းဆုရတီစိုးကတော့ COVID-19 ရောဂါကြောင့် လူအများ အပြင်မထွက်တော့ အချိန်မှာ ဝမ်းရေးအတွက် ပူပန်နေရတဲ့ အခြေခံလူတန်းစားများအတွက် Clean Yangon အဖွဲ့နဲ့အတူ ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ပဲနဲ့ ဆပ်ပြာဆီများ ဧပြီလ ၅ ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။

You may also like these stories:

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်

ဗြိတိန်မှာ လေယာဉ်တွေကို အထူးကြပ်မတ်ဆောင်အဖြစ် ပြောင်းလဲရန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ် ပရဟိတ အစီအစဉ်ကို ထုတ်လွှင့်မယ်လို့ လေဒီဂါဂါ ကြေညာ

Your Thoughts …
Tags: နန်းဆုရတီစိုး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုး / နေပိုင် / ဧရာဝတီ

ကိုယ့်ကြောင့် ပွဲဆူသွားမှာ အရမ်းကြောက်တဲ့ နန်းဆုရတီစိုး

by ယုဖြူဟန်
12 January 2021
6.5k

“ဆိုရှယ်မီဒီယာခေတ်ဆိုတော့ အမြင်တွေက မျိုးစုံ ရှိနိုင်တယ်။ ပြောမယ်ဆိုရင် ဆွဲပြောရင်လည်း ပြောတာတွေရှိမှာပေါ့။ သီချင်းကတော့ ဘယ်သီချင်းဆိုဆို ပွဲဆူတာဆိုတော့လေ။

သရုပ်ဆောင် နန်းဆုရတီစိုး / Nansu Yati Soe's Facebook

ကိုယ်တိုင်ကိုယ်ကျ နာရေး အကူငွေများ သွားရောက်ပေးခဲ့တဲ့ နန်းဆုရတီစိုး

by ဧရာဝတီ
2 March 2021
8.3k

ကွယ်လွန်သူ မောင်ညီညီအောင်ထက်နိုင်၊ ကိုဟိန်းထွဋ်အောင်၊ ဆရာမ ဒေါ်တင်နွဲ့ရီနဲ့ ကိုဇင်လင်းထက်တို့ရဲ့ နာရေးအတွက် ကူငွေများကို အသီးသီး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

“ဦးရွှေရိုးနဲ့ ဒေါ်မိုးအက” ကပြခဲ့တဲ့ ပိုင်တံခွန်နဲ့ နန်းဆုရတီစိုး / သီဟတိုး / ဧရာဝတီ

အာဆီယံ ၁၀ နိုင်ငံကို “ဦးရွှေရိုးနဲ့ ဒေါ်မိုးအက” ကပြခဲ့တဲ့ ပိုင်တံခွန်နဲ့ နန်းဆုရတီစိုး

by သီဟတိုး
16 October 2016
3.5k

Gala Dinner ဖျော်ဖြေပွဲမှာ အာဆီယံ ၁၀ နိုင်ငံက အနုပညာရှင်တွေက Performance များ၊ သီချင်းများနဲ့ အသီးသီးဖျော်ဖြေခဲ့ကြပြီး မြန်မာကိုယ်စားပြု တက်ရောက်ခဲ့တဲ့ Miss Myanmar International 2015 အမရာငြိမ်းကလည်း မြန်မာ့ရိုးရာ ဆီမီးခွက်အကနဲ့...

သရုပ်ဆောင်အဆိုတော် နန်းဆုရတီစိုး / ယုဖြူဟန် / ဧရာဝတီ

ချစ်သူထားရင် တခါမှလျှို့ဝှက်မထားခဲ့ဘူးလို့ နန်းဆုရတီစိုးပြော

by ယုဖြူဟန်
8 March 2020
16.6k

“အချစ်ကိုမကြောက်ပါဘူး။ အချစ်ကကြောက်စရာမှ မဟုတ်တာ။ ချစ်တာပဲ ချစ်တာကမင်္ဂလာတပါးပဲလေ။

သရုပ်ဆောင် ၊ အဆိုတော် နန်းဆုရတီစိုး  / သီဟတိုး / ဧရာဝတီ

“ချစ်သူ လက်ဆောင်ပေးတဲ့ သီချင်းတွေကြောင့် ပြုံးပျော်ရတယ်” ဆိုသူ နန်းဆုရတီစိုး

by မန်းသူ
29 July 2018
7.2k

“နန်းဆုကလေ သီချင်းရတိုင်း ဆိုတဲ့သူတော့ မဟုတ်ဘူး။ သူရေးသမျှ သီချင်းတိုင်းတော့ ဆိုချင်တာပေါ့နော်။

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုး / ဝေဝေနှင်း / ဧရာဝတီ

“ချစ်သူ G Fatt နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ”

by ယုဖြူဟန်
21 August 2018
7.2k

သူတို့ ၂ဦးရဲ့ အချစ်ရေးကတော့ နားလည်မှုတွေနဲ့ တည်ဆောက်ထားပြီး စိတ်ညစ်ရတဲ့ အချိန်ထက် ပျော်ရွှင်ရတဲ့ အချိန်က များပါတယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။

Next Post
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံများ

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ

အိမ်မှာ နေပါ

အိမ်မှာ နေပါ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate