Harry Potter စာအုပ်တွေကို ရေးသားခဲ့သူ စာရေးဆရာမ J.K. Rowling ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကတည်းက COVID-19 ရဲ့ ရောဂါလက္ခဏာတွေကို ရင်ဆိုင်ခံစားခဲ့ရပြီး အခုအချိန်မှာတော့ ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
J.K. Rowling ဟာ တိုးတက် ကောင်းမွန်လာတဲ့ ကျန်းမာရေးအခြေအနေကို သူ့ရဲ့ တွစ်တာ အကောင့်မှာ တနင်္လာနေ့ မနက်က ပြန်လည် မျှဝေခဲ့တာဖြစ်ပြီး သန်းပေါင်းများစွာသော Follower တွေကို စိတ်သက်သာရာ ရစေခဲ့ပါတယ်။
အသက်ရှုစနစ်နဲ့ ပတ်သက်တဲ့ ဖျားနာမှုအတွက် သူ့အနေနဲ့ ဆေးစစ် ကုသမှုတွေ မလုပ်ရသေးပေမယ့် ခင်ပွန်းဖြစ်သူ ဆရာဝန် Neil Murray ရဲ့ညွှန်ကြားချက်အတိုင်း နေထိုင်ခဲ့တာကြောင့် အခုလို ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်ကြောင်းလည်း ဖြည့်စွက် ရေးသားခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက COVID-19 ရဲ့ လက္ခဏာတွေကို ကျမ ခံစားခဲ့ရတာပါ။ Queens ဆေးရုံရဲ့ လမ်းညွှန်မှုတွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အကြံဉာဏ်ကြောင့်သာ ကျမ အခုလို သက်သာလာခဲ့တာပါ”လို့ J.K. Rowling က Youtube ဗီဒီယိုနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။
ရောဂါလက္ခဏာတွေ ရင်ဆိုင်နေရတဲ့အချိန်တွေအတွင်း J.K. Rowling ပြုလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကတော့ အသက်ဝဝ ရှူခြင်း၊ ချောင်းဆိုးခြင်း၊ လဲလျောင်းခြင်းတို့ပဲဖြစ်ပြီး ဒီအဆင့်တွေ ပြုလုပ်တဲ့အခါမှာ အဆုတ်အတွက် လုံလောက်တဲ့ လေပမာဏ ရရှိစေနိုင်တာပဲ ဖြစ်ပါတယ်။
J.K. Rowling ဟာ စိတ်ပူနေကြတဲ့ စာပေနဲ့ရုပ်ရှင်ပရိသတ်တွေ အားလုံးကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း တွစ်တာမှာ ပြန်လည် တုန့်ပြန်ခဲ့ပြီး ဆရာဝန်တွေ ညွှန်ကြားထားတဲ့ လမ်းညွှန်မှုတွေကို သူ့ဘက်ကနေ တတ်နိုင်သလောက် မျှဝေပေးသွားဦးမယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
Ref. www.huffpost.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ပရဟိတ အစီအစဉ်ကို ထုတ်လွှင့်မယ်လို့ လေဒီဂါဂါ ကြေညာ
“Call Me By Your Name” နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးဖို့ ရှိနေ
COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်