ဘောလိဝုဒ် နေ့စားလုပ်သားတွေကို ရန်ပုံငွေ လှူဒါန်းခဲ့တဲ့ မင်းသား Salman Khan
နာမည်ကျော် ဘောလိဝုဒ်မင်းသား Salman Khan ဟာ သူတို့ရဲ့ ရုပ်ရှင်လုပ်ငန်းအတွင်းမှာ ရှိတဲ့ နေ့စားလုပ်သားတွေရဲ့ အကောင့်တွေထဲကို ရန်ပုံငွေ လွှဲပေးမယ့် လုပ်ငန်းစဉ်ကို စတင်လိုက်ပြီလို့ Times of India မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
အနောက် အိန္ဒိယရုပ်ရှင်လုပ်သားများ အသင်းရဲ့ အတွင်းရေးမှူး Ashok Dubey က “Salman Khan ဟာ အလုပ်သမား ၂ သောင်းခွဲရဲ့ အချက်အလက် အသေးစိတ်တွေကို တောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ဟာ အဖွဲ့ဝင်လုပ်သား ၁၉,၀၀၀ ရဲ့ အချက်အလက်တွေကို လက်ခံ ရရှိခဲ့ပါတယ်။ အဲ့ဒီအထဲက လုပ်သား ၃၀၀၀ ဟာ တခြားရုပ်ရှင် စတူဒီယိုတွေဆီကနေ တဦးကို ရူပီး ၅၀၀၀ စီရခဲ့ပါပြီးပါပြီ”
“ဒါကြောင့် ကျနော်တို့ဟာ ကျန်ရှိတဲ့ လုပ်သား ၁၆၀၀၀ ရဲ့ အသေးစိတ် အချက်အလက်တွေကို Salman Khan ထံ ပို့ထားပြီးပါပြီ။ သူကငွေလွှဲတဲ့ လုပ်ငန်းစဉ်ကိုလည်း စတင်ခဲ့ပါပြီ။ မကြာခင် လူတိုင်း ငွေကို လက်ခံ ရရှိတော့မှာပါ” လို့ ပြောဆိုထားပါတယ်။
တချို့လုပ်သားတွေကတော့ သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေက တည်ငြိမ်ပြီး အခုလို ကပ်ရောဂါဖြစ်နေတဲ့ ကာလကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ Ashok က ဆိုပါတယ်။ ငွေတွေကိုလည်း လိုအပ်နေတဲ့သူတွေထံ ရောက်သင့်တယ်လို့လည်း အဲ့ဒီလုပ်သားတွေက ပြောဆိုထားပါတယ်။
ကနဦးတုန်းကတော့ မင်းသား Salman ဟာ ရုပ်ရှင်လုပ်ငန်းထဲက နေ့စားလုပ်သား ၂၅၀၀၀ ကို ထောက်ပံ့ပေးမယ်လို့ ကတိပြုထားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ရန်ပုံငွေတွေကို နေရာ မချရသေးခင် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းတုန်းကတော့ မင်းသားက ရုပ်ရှင်လုပ်ငန်းထဲက နောက်ထပ် လုပ်သား ၂၅၀၀၀ ကို ကူညီဖို့ ဆုံးဖြတ်ထားခဲ့တာာပါ။
တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့မှု ဖြစ်စဉ်ကြောင့် ဘောလိဝုဒ်မှာ ရိုက်ကူးရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရပြီးနောက်ပိုင်း နေ့စားလုပ်သားတွေရဲ့ နေထိုင်မှုဘဝအပေါ် ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
အသင်း ဥက္ကဋ္ဌ BN Tiwari က “ကျနော်တို့ Salman Khan ဆီကို ချဉ်းကပ်ခဲ့ပြီးတဲ့နောက် သူက ကျနော်တု့ိ အသင်းရဲ့ အထိခိုက်ဆုံး လုပ်သားအရေအတွက်ကို သူ့ဆီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ပရော်ဖက်ရှင်နယ် လုပ်သား ၂၅၀၀၀ လောက်ရှိတယ်လို့ သူ့ကိုပြောခဲ့ပါတယ်။ သူတို့တွေအတွက် လှူဒါန်းပေးမယ်လို့ မင်းသား ကဆုံးဖြတ်ခဲ့ပါတယ်။ ဒီညနေမှာပဲ အဲ့ဒီလူစာရင်းကို ကျနော်တို့ သူ့ဆီပေးပို့မှာပါ”လို့ ဆိုပါတယ်။
Tiwari ရဲ့အဆိုအရ မင်းသားဟာ နေ့စားလုပ်သားတဦးချင်းစီကို ရန်ပုံငွေ တိုက်ရိုက် လွှဲပြောင်းပေးဖို့ ဆန္ဒရှိတာကြောင့် သူတို့တွေရဲ့ အကောင့်နံပါတ်တွေကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Ref: hindustantimes
You may also like these stories:
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်
Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်