“Game of Thrones” စီးရီးရဲ့ နာမည်ကျော်မင်းသမီး Emilia Clarke ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ သူဟာ သရုပ်ဆောင်အပိုင်းမှာ ထူးချွန် ပြောင်မြောက်သလို ပရဟိတ လုပ်ငန်းတွေမှာလည်း အားကြိုးမာန်တက် ပါဝင်လှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။
အခုတခါမှာတော့ လတ်တလော ကမ္ဘာတဝှမ်း ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် မင်းသမီးက သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ လှူဒါန်းသူတချို့ကို ညစာ အတူစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Emilia Clarke ဟာ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ ကိုရိုနာဗိုင်းရပ်စ်အတွက် လှူဒါန်းထားသူတွေထဲကမှ ၁၂ ယောက်ကို မဲနှိုက်ပြီး ညစာစားဖို့ ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။
သာမန်အချိန်တွေမှာ နာမည်ကျော် မင်းသမီး တယောက်နဲ့ ညစာစားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတခု မဟုတ်ပေမယ့် အခုအချိန်မှာတော့ Clarke တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ အလှူငွေ ထည့်ဝင် လှူဒါန်းရုံနဲ့ ဒီအခွင့်အရေးကို ရရှိနိုင်မှာပါ။
Emilia Clarke တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါ ဖြစ်ပွားသူတွေကို ထောက်ပံ့ကူညီနေတဲ့ ဖောင်ဒေးရှင်းဖြစ်ပေမယ့် လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့ကူညီနိုင်ဖို့ သူကိုယ်တိုင် ပါဝင် မတည်သလို သူရဲ့ပရိသတ်တွေကိုပါ ပါဝင်လှူဒါန်းဖို့ တိုက်တွန်း လှုံ့ဆော်နေတာပါ။
ညစာစားဖို့ ကမ်းလှမ်းတဲ့အစီအစဉ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ ကူညီလှူဒါန်းသူတွေထဲက ၁၂ ယောက်ကိုသာ ရွေးချယ်ဖိတ်ကြားထားတာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ Emilia Clarke က သူမရဲ့ instagram မှာ အခုလို ဆိုထားပါတယ်။
https://www.instagram.com/tv/B-XYcfbFUlX/?utm_source=ig_embed
“အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ စိတ်ဖိစီးမှုတွေ၊ ရောဂါရဲ့ အကျိုးဆက်တွေကို ခံစားနေကြရတာပါ။ ဒီလိုသူတွေကို ထောက်ပံ့ကူညီသူတွေထဲကမှ ကံထူးရှင် ၁၂ ယောက်နဲ့ ညစာစားဖို့ ကမ်းလှမ်းထားတာပါ။ချက်ပြုတ်ပြီးသားတွေကို စားမှာ မဟုတ်ဘဲ ကျမနဲ့ အတူတူ ချက်ပြုတ်ပြီး စားကြမှာမို့ စိတ်လှုပ်ရှား ပျော်စရာ ကောင်းမှာတော့ အသေအချာပဲ”လို့ ဆိုထားပါတယ်။
Ref. variety
You may also like these stories:
ကိုဗစ် ရန်ပုံငွေအဖြစ် ဒေါ်လာ ၁ ဘီလီယံ Twitter ပူးတွဲထူထောင်သူ လှူဒါန်း
ဘောလိဝုဒ် နေ့စားလုပ်သားတွေကို ရန်ပုံငွေ လှူဒါန်းခဲ့တဲ့ မင်းသား Salman Khan
COVID -19 ရောဂါ လက္ခဏာတွေကနေ ပြန်သက်သာလာတဲ့ J.K. Rowling