• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

စိုင်းစိုင်း မွေးနေ့ရှိုးကို အခမဲ့ ကြည့်ပြီး COVID-19 အတွက် လှူဒါန်းနိုင်

by သီဟတိုး
10 April 2020
in Entertainment
A A
ယနေ့ ည ၇ နာရီမှာ ထုတ်လွှင့်မယ့် “Sai Sai Birthday Show”

ယနေ့ ည ၇ နာရီမှာ ထုတ်လွှင့်မယ့် “Sai Sai Birthday Show”

22.9k
VIEWS
Share on FacebookShare on Twitter

ယနေ့၊ ဧပြီလ ၁၀ ရက်နေ့ဟာ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၁ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ မွေးနေ့ပွဲကို “SAISAI BIRTHDAY SHOW in Bedroom” ခေါင်းစဉ်နဲ့ အိမ်ကနေပဲ ကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။

နှစ်စဉ် ဧပြီ ၁၀ ရက်နေ့မှာ ကျင်းပနေကျ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “Sai Sai Birthday Show” ကို လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် လူစုလူဝေး မဖြစ်အောင် မကျင်းပဖြစ်တော့ဘဲ Sai Sai Pay App မှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
214
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
290
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
525
Sai Sai Pay App

အဆိုပါ တိုက်ရိုက် ထုတ်လွှင့်မှုကို အခမဲ့ ထုတ်လွှင့်မှာ ဖြစ်ပြီး အဲဒီက ရရှိတဲ့ ရန်ပုံငွေများကိုတော့ COVID-19 ပပျောက်ရေးအတွက် လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“Sai Sai Pay အတွက် ငွေလွှဲခတွေကို ကောက်ခံခြင်း မလုပ်တော့ဘဲ COVID-19 ကာကွယ်ရေးအတွက် တစိတ်တဒေသ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျနော်တို့ အခုလိုမျိုး ပါဝင် ကူညီလိုက်ခြင်းကြောင့် အများပြည်သူများအနေနဲ့ စေတနာ သဒ္ဒါတရား ထက်သန်စွာ ပိုမိုပါဝင် လှူဒါန်းကြမယ်လို့ မျှော်လင့်ပါတယ်”လို့ 2C2P ရဲ့ ဒါရိုက်တာ ပြည်ငြိမ်းက ပြောပါတယ်။

uab bank ရဲ့ MD နဲ့ CEO ဖြစ်သူ Christopher Loh ကလည်း “အထူးသဖြင့် လှူဒါန်းမှုတွေအတွက် ကျနော်တို့ အခကြေးငွေ မကောက်ခံသင့်ဘူးလို့ ယုံကြည်တယ်။ အခုလို uab bank နဲ့ 2C2P ရဲ့ ပူးပေါင်း လုပ်ဆောင်မှုကြောင့် အခြားသူတွေအတွက်လည်း ကောင်းမွန်တဲ့ ပြောင်းလဲမှုကို လှုံဆော်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကလည်း အခုလို COVID-19 လှူဒါန်းမှုများအတွက် 2C2P ကနေ တဖက်တလမ်းက ပါဝင်လှူဒါန်းတဲ့အတွက် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

“COVID-19 လှူဒါန်းမှုတွေအတွက် 2C2P က တဖက်တလမ်းကနေ ပါဝင်ကူညီဖို့ သူတို့ရဲ့ ဝန်ဆောင်မှု ကုန်ကျစရိတ်တွေကို အခမဲ့ လှူဒါန်းမယ်ဆိုတာ သိရတော့ ကျနော် တကယ်ပဲ ဝမ်းမြောက်မိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျနော်တို့ရဲ့ ကြိုးပမ်းမှုများနဲ့ ပံ့ပိုးမှုများက မြန်မာပြည်သူများကို ကူညီပြီး အတူတကွ COVID-19 ကို တိုက်ဖျက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မှာ ပြုလုပ်မယ့် Birthday Show ကနေ COVID-19 အတွက် အလှူငွေ သိန်း ၅၀၀ ကျော် စတင်ရနေပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသား တင်ထားပါတယ်။

“ဒီနှစ် အိမ်တွင်းပုန်း Birthday Show ကို Sai Sai Pay ကနေ အခမဲ့ထုတ်လွှင့်ပြီး ကပ်ရောဂါကြောင့်လိုအပ်နေတဲ့ နေရာတွေလှူဖို့ ရန်ပုံငွေ အလှူခံမှာဖြစ်ပါတယ်။ ဒီနှစ် Birthday Show ကနေ စုစုပေါင်း သိန်း ၅၀၀ ကျော် စတင် ရရှိနေပါပြီ။ ပရိသတ်များ အားလုံးလည်း Sai Sai Show ကြည့်တဲ့အခါ လှူဒါန်းကြပါ ခင်ဗျာ”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 တိုက်ဖျက်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ စတင်ပြီး ကမ္ဘာ့ ကပ်ရောဂါ အဆုံးသတ်တဲ့အထိ MPU နဲ့ 123 service များမှ ပြုလုပ်တဲ့ လှူဒါန်းမှုများအတွက် 2C2P မှ ဝန်ဆောင်ခ အားလုံးကို ပယ်ဖျက်ပေးသွားမယ်လို့ သိရပါတယ်။

Sai Sai Pay ‌App ကိုတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ပူးပေါင်းပြီး ဧပြီလ ၄ ရက်နေ့က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

ကပ်ရောဂါ ဖြစ်နေချိန်မှာ နွမ်းပါးတဲ့ အနုပညာသမားတွေကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

COVID-19 နဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားရတယ်လို့ ဇဏ်ခီ ပြော

COVID-19 သံသယလူနာ သယ်ဆောင်ခြင်းနဲ့ ဆေးဖျန်းခြင်းတို့ လုပ်ပေးနေတဲ့ အောင်သော်

Your Thoughts …
Tags: Birthday Showစိုင်းစိုင်းခမ်းလှိုင်
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်  / Sai Sai Kham Leng's Facebook

စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်

by ဧရာဝတီ
8 March 2021
11.4k

Samsaung Myanmar ကတော့ ပြည်သူများရဲ့တောင်းဆိုမှုကို အလေးထား ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ဆက်လက် စောင့်ကြည့်ဖို့အတွက် မေတ္တာရပ်ခံထားပါတယ်။

iflix မှ Sai Sai Collection ကဏ္ဍအသစ် မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

iflix မှာ စိုင်းစိုင်း ဇာတ်ကားများ ကြည့်ရှုနိုင်မယ့် Sai Sai Collection ကဏ္ဍအသစ်

by သီဟတိုး
21 December 2017
8.6k

ကျနော့်အနေနဲ့ ဟိုးငယ်ငယ်လေးကတည်းက စရိုက်တဲ့ ဇာတ်ကားတွေ၊ ပြီးတော့ အခုချိန်ထိ ပရိတ်သတ်တွေ ကြည့်ခဲ့တဲ့ ဇာတ်ကားတွေ ကျနော့်ကို ပြောပါ၊ အကြံပေးပါ။ ကျနော်ကလည်း ကျနော် ကြည့်စေချင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ပါမယ်။

အဆိုတော် ရဲလေး / Ye Lay's Facebook

ဇန်နဝါရီလအတွင်း မွေးနေ့ရှိုး လုပ်မယ့် အဆိုတော် ရဲလေး

by ယုဖြူဟန်
5 January 2021
7.2k

Birthday Show လေးကို ကျနော်က ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင်ဆိုပြီး နှစ်စပိုင်းမှာ လုပ်ဖြစ်သွားတဲ့ သဘောပါပဲ” လို့ ရဲလေးက ပြောပါတယ်။

အဆိုတော် ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် / ဧရာဝတီ

အောင်မြင်မှုကို အချိန်အတော်ကြာ ထိန်းထားနိုင်သူ “စိုင်းစိုင်းခမ်းလှိုင်”

by ယုမွန်ကျော်
10 April 2018
10.4k

သီချင်းဆိုမှု၊ သရုပ်ဆောင်ပိုင်းအပြင် စိုင်းစိုင်းခမ်းလှိုင်က “SAI အမှတ်တံဆိပ်” နဲ့ အလှကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးလည်း ဖြစ်ပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်  / Sai Sai Kham Leng's Facebook

Birthday Show မှရတဲ့ အလှူငွေများနဲ့ အသက်ရှုစက် လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

by ယုဖြူဟန်
5 May 2020
80.9k

ပေးလှူခဲ့တဲ့ အသက်ရှုစက်ကိုတော့ ဖောင်ကြီးဆေးရုံမှာ ထားရှိမှာဖြစ်ပြီး အလှူငွေတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

Next Post
လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry

လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry ဖန်တီးပေးထားတဲ့ US က မိသားစု

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ  / အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်း

Quarantine နေရာ ဝင်ရောက် တိုက်ခိုက်သူများကို အမှုဖွင့်တရားစွဲတင်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

16 hours ago
3.2k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate