နာမည်ကျော် မင်းသားကြီးတဦးဖြစ်တဲ့ Robert De Niro ဟာ သူ့ကိုယ်ပိုင် အမြင်တချို့ကို CNN နဲ့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်က ထွက်ပေါ်လာခဲ့တဲ့ အဲဒီအင်တာဗျူးမှာတော့ အမေရိကန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ တုန့်ပြန်မှုပိုင်း အားနည်းပုံကို အဓိကထား ဝေဖန် ထောက်ပြခဲ့တာလည်း ဖြစ်ပါတယ်။
“ဗိုင်းရပ်စ် ဖြစ်ပွားမှု မစတင်ခင်ကတည်းက ကျနော်တို့မှာ လုံလောက်တဲ့ သတိပေးချက်တွေ ရရှိခဲ့ပြီးပေမယ့် အစိုးရအနေနဲ့တော့ ထိရောက်တဲ့ ကာကွယ်မှုကို မပြုလုပ်နိုင်ခဲ့ပါဘူး” လို့ မင်းသား Robert De Niro က ဆိုပါတယ်။
နယူးယောက်မြို့မှာ အခြေချနေထိုင်သူ မင်းသားကြီး Robert De Niro ဟာ သူ့ဘဝတလျှောက်လုံး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့ဖူးတာ ဖြစ်တာကြောင့် နိုင်ငံသူနိုင်ငံသားတွေ အခု လတ်တလေ ာကြုံတွေ့နေရတဲ့ အခြေအနေကိုလည်း စိတ်မကောင်းဖြစ်ရကြောင်း အင်တာဗျူးမှာ ဖော်ပြထားခဲ့တာပါ။
“ရုပ်ရှင်တွေထဲ ကျနော်တို့ ကြည့်ခဲ့ရတဲ့ အတိုင်းပါပဲ။ ရုပ်ရှင်တွေနဲ့ မတူညီတာကတော့ သိပ်ကို မြန်ဆန်လွန်းတယ်။ မြို့ကြီးပြကြီးတွေမှာ ချက်ချင်းဆိုသလို လူသွားလူလာ ကင်းမဲ့နေဆဲဖြစ်တဲ့ မြင်ကွင်းတွေက တကယ်ရော ဟုတ်ရဲ့လားလို့လည်း အခုအချိန် ယုံမှားမိတုန်းပါ” လို့ ဖြည့်စွက် ပြောဆိုခဲ့ပါသေးတယ်။
အစိုးရပိုင်းရဲ့ ဘယ်ပုဂ္ဂိုလ်ကို သူ့ဒေါသတွေဟာ ရည်ရွယ်ပြောဆိုနေကြောင်း သိသာ ထင်ရှားနေပေမယ့် သူ့ဘက်ကတော့ နာမည် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
Ref. wegotthiscovered.com
You may also like these stories:
ဗြိတိန်ဝန်ကြီးချုပ် ရောဂါဆိုးလာမှုကြောင့် အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရ