Entertainment

ဇော်ဝင်းထွဋ်ရဲ့မိခင် တေးသံရှင် ထား COVID -19 ကူးစက်ခံရတဲ့ သတင်း မဟုတ်မှန်

Want create site? Find Free WordPress Themes and plugins.

လက်ရှိမှာ Quarantine ဝင်ရောက်နေတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မိခင်ဖြစ်သူ တေးသံရှင်ထား COVID-19 ကူးစက်ခံရပြီး သေဆုံးသွားပြီဆိုတဲ့ သတင်းများဟာ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းအမှားသာ ဖြစ်ကြောင်းကိုလည်း အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သမီးဖြစ်သူက ဝင်းထွဋ်တာရာ(ခ) ချံချံက သူ့ရဲ့ Facebook မှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

“အဘွားက အိမ်မှာပါ။ ကျန်းကျန်းမာမာ ရှိပါတယ်။ ကျန်းမာတာမှ မနက်က ဟင်းတွေတောင် ချက်ကျွေးပြီး ငါးအရိုးတောင် လာနွှင်ပေးတာပါ။ အသက်က အခုမှ ၈၀ ပါနော်။ သတင်းအမှားတွေ ဖွတာတွေတော်ကြပါတော့” လို့ မြေးဖြစ်သူ ဝင်းထွဋ်တာရာက ပြောခဲ့ပါတယ်။

ဇော်ဝင်းထွဋ်ရဲ့ သွေးအဖြေ Negative ဆိုတာလည်း သတင်းအမှားသာဖြစ်ပြီး မစစ်ဆေးရသေးဘူးလို့ အစီအစဉ် တင်ဆက်သူ မောင်မောင်အေးကလည်း ပြောထားပါတယ်။

“ကိုညီထွဋ်မိခင် အန်တီထား သတင်းက ကောလာဟလပါ။ သူ့အိမ်မှာ ကျန်းကျန်းမာမာ ရှိနေပါတယ်။ အစ်ကို ကိုယ်တိုင်လည်း မစစ်ရသေးပါ။ Negative ဆိုတာလည်း ဖွနေတာပါ”

“မဟုတ်မမှန် သတင်းတွေ ဖြန့်တာမျိုး၊ ကိုယ်ချင်းမစာနာ ချောင်ကျိုချောင်ကြားက အတင်းအဖျင်းတွေကို နားစွန်နားဖျားကြားပြီး ပြောဆိုနေကြတာဟာ ကာယကံရှင် မိသားစု နေရာကနေ ကိုယ်ချင်းစာစိတ်လေး တရွေးသားလောက် ထည့်စဉ်းစားပေးရင်ကို လူသားဆန်လွန်းလှပါပြီ” လို့ မောင်မောင်အေးက ပြောထားပါတယ်။

ဆက်လက်ပြီး “တကယ် တောင်းပန်ပါတယ်။ မဟုတ်တာတွေ ပြောဆိုနေကြတော့ ဘယ်သူကဘာများ အကျိုးအမြတ် ထွက်မှာမို့လို့လဲဗျာ။ ကိုယ်ချင်းစာတရားလေး ထားပေးခြင်းဖြင့် လူပီသနိုင်ကြပါစေဗျာ” လို့ မောင်မောင်အေးက ပြောပါတယ်။

အဆိုတော် ေ၏ဇာ်ဝင်းထွဋ်ကတော့ COVID -19 ပိုးတွေ့ရှိခဲ့သူနဲ့ တွေ့ဆုံခဲ့တာကြောင့် လက်ရှိမှာ လှိုင်တက္ကသိုလ်နယ်မြေမှာရှိတဲ့ ရာမညဆောင်မှာ Quarantine ဝင်ရောက်နေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့လည်း သိရပါတယ်။

You may also like these stories:

ကိုဗစ်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ကိုယ်တွယ်မှုကို မင်းသား Robert De Niro ဝေဖန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks

ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading