နာမည်ကျော် ကိုရီးယားမင်းသား ဂေါင်ယိုးဟာ Netflix ရဲ့ “The Sea of Silence” ဆိုတဲ့ ဒရာမာစီးရီးမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ Sports Chosun ကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းတပုဒ်ရဲ့အဆိုအရ မင်းသားဟာ Goblin စီးရီးမှာ အောင်မြင်မှုရရှိခဲ့ပြီး ၃ နှစ်အကြာမှာ ပထမဆုံး ပြန်လည်ပါဝင်လာမယ့် ဒရာမာအနေနဲ့ “The Sea of Silence” ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ဒရာမာအသစ်ဟာ အစာရေစာ ပြတ်လပ်ရှားပါးနေပြီး မတရားမှုတွေ ကြီးထွားနေတဲ့ အနာဂတ် ကမ္ဘာကြီးတခုကို အခြေတည်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဒရာမာဖြစ်ပါတယ်။ လေ့လာမှုအတွက် ထူးခြားတဲ့ နမူနာတွေ စုဆောင်းဖို့ စွန့်ပစ်ထားတဲ့ လအခြေစိုက် စခန်းတခုကို သွားရောက်ခဲ့ကြတဲ့ ပညာရှင်အေးဂျင့်အဖွဲ့ တခုအကြောင်း ပုံဖော်မှာလည်း ဖြစ်ပါတယ်။
‘The Sea of Silence’ ဒရာမာဟာ မင်းသား ဂျောင်ဝူဆောင်းလည်း ပါဝင်လာမယ့် ထုတ်ပြန်ခဲ့ပြီးချိန်ကလည်း ပရိသတ်စိတ်ဝင်စားမှု ခံနေရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီဒရာမာအတွက် စာရေးဆရာမကတော့ ၂၀၀၉ ခုနှစ်က “Mother” ရုပ်ရှင်ကို ရေးသားခဲ့တဲ့ ဆရာမ Park Eun Kyo ပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီး ဘေဒူးနာလည်း ပါဝင်သရုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။
မင်းသား ဂေါင်ယိုးဟာ အာကာသအေဂျင်စီတခုရဲ့ စစ်သားနဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယွန်းဂျယ်ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်လာမှာဖြစ်ပါတယ်။
အဲ့ဒီသတင်းတွေကို တံြုပန်တဲ့အနေနဲ့ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Management SOOP က ကြေညာချက် ထုတ်ပြန်ထားပြီး အဲ့ဒီဒရာမာမှာ မင်းသားပါဝင်ဖို့ စဉ်းစားနေတာ အမှန်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲ့ဒီဒရာမာမှာ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး သရုပ်ဆောင်တွေကို အပြီးသတ်ရွေးချယ်ပြီးရင်တော့ လာမယ့် သြဂုတ်လမှာ ရိုက်ကူးရေးစတင်မှာဖြစ်ပါတယ်။
Ref: koreaboo
You may also like these stories:
ကိုရီးယားမှာ လူကြည့်နှုန်း မြင့်နေတဲ့ ဇာတ်လမ်းတွဲများ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks
ကိုဗစ်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ကိုင်တွယ်မှုကို မင်းသား Robert De Niro ဝေဖန်