COVID-19 အခြေအနေကြောင့် နိုင်ငံတွင်း ပိတ်ဆို့မှုနဲ့ Quarantine လုပ်ခြင်းတွေကြောင့် လူတော်တော်များများဟာ ပျင်းရိငြီးငွေ့ခြင်းနဲ့ အထီးကျန်ခြင်းကို ခံစားနေကြရတာပါ။
ဒါကြောင့်ပဲ Quarantine ကာလအတွင်း ကမ္ဘာတဝှမ်းက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာတွေဟာ သူတို့ဆီမှာ မွေးမြူထားပေးတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မွေးစားဖို့ ကမ်းလှမ်းခဲ့ကြတာဖြစ်ပါတယ်။
အသက် ၁၈နှစ်အရွယ် နာမည်ကျော် အဆိုတော်တဦးဖြစ်သူ Billie Eilish ဟာ COVID-19 ကြောင့် ကမ္ဘာလှည့် ဖျော်ဖြေးရေးတွေကို ရပ်ဆိုင်းလိုက်ရတာဖြစ်တာကြောင့် သူမအနေနဲ့ အိမ်မွေးတိရစ္ဆာန်လေး၂ ကောင်နဲ့အတူ Quarantine ကာလကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့ Instagram နဲ့ Twitter အကောင့်မှာ သူမနဲ့အတူ မွေးစားထားတဲ့ pit bull ခွေးလေးတွေရဲ့ ဓာတ်ပုံတချို့ကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေခဲ့တာပါ။
သူမလိုပဲ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူထိန်းသိမ်းစောင့်ရှောက်ရင်း Quarantine ကာလကို ဖြတ်ကျော်ဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။ တိရစ္ဆာန်ချစ်တတ်သူ တယောက်ဖြစ်ကြောင်း ပရိသတ်တွေ သိရှိထားခဲ့တဲ့ Billie Eilish ဟာ ခွေးလေး၂ကောင်သာ မွေးစားထားရာကနေ ၁ ကောင်ကိုသာ စောင့်ရှောက်နိုင်တော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာတော့ သူမ သဘောကျနှစ်သက်တဲ့ မီးခိုးရောင် ခွေးလေးကို လျှပ်တပြက် ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့တာပါ။ သူမ ဆက်လက် စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့တဲ့ နောက်ထပ် Pit Bull ခွေးလေးဟာလည်း နောက်ထပ် သခင်အသစ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေကြောင်း ဆက်လက် အသိပေးသွားခဲ့ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ခွဲစိတ်မှုအပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ် ရှိနေတဲ့ ကင်ဂျုံအန်
ဗြိတိန်ဘုရင်မကြီးရဲ့ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့ပွဲတွေကို တိတ်တဆိတ်သာ ကျင်းပ
သိပ္ပံစိတ်ကူးယဉ် ဒရာမာစီးရီးမှာ ပါဝင်လာမယ့် မင်းသား ဂေါင်ယိုး