အဆိုတော် ဇော်ဝင်းထွဋ်ဟာ ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ Quarantine ဝင်ရောက်လျက်ရှိရာ ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ဆေးမှု အဖြေ ထွက်ရှိခဲ့ပြီး သူနဲ့အတူ ဝင်ရောက်တဲ့ ၉၈ ဦးစလုံး Negative ဖြစ်ခဲ့တယ်လို့ ဇော်ဝင်းထွဋ်ရဲ့မိသားစုဝင်များမှ အတည်ပြု ဖော်ပြထားပါတယ်။
“အမရာ Quarantine Center ကအားလုံး Negative ပါ။ အားလုံး Negative ဆိုလို့ ထပ်ဆင့်ဝမ်းသာရပါတယ်။ ဒီမှာ အတူတူရှိနေတဲ့ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေအတွက်ရော အိမ်သာ၊ ရေချိုးခန်း အများသုံးဆိုတော့ ဒီလာမိမှ ကိုယ့်ကို ပိုးကူးမှာလား စိတ်ထင့်ရတာအတွက်ရောပေါ့” လို့ ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မေခင်အုန်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဇော်ဝင်းထွဋ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက COVID – 19 Positive ပိုးတွေ့ရှိခဲ့တဲ့ ကိုဝေထွန်း ( နဝရတ် စတူဒီယို) နဲ့တွေ့ဆုံခဲ့တာကြောင့် လှိုင်တက္ကသိုလ်နယ်မြေရှိ အမရာဆောင်မှာ Quarantine ဝင်ရောက်နေခြင်း ဖြစ်ပါတယ်။
အခုလို အဖြေထွက်ပေါ်ခဲ့တာကြောင့်လည်း ဇော်ဝင်းထွဋ်ရဲ့ မိသားစုဝင်များသာမက သူ့ရဲ့ အင်ပါယာတီးဝိုင်းမှလည်း ဝမ်းသာတဲ့ အကြောင်းများ ၊ အနုပညာရှင်များမှလည်း ဝမ်းသာတဲ့ အကြောင်းများကို ဖော်ပြခဲ့ကြပါတယ်။
“မနေ့ မနက်က လာစစ်ပေးသွားတယ်ဆိုကလည်းက တအိမ်လုံး ရင်ခုန်နေကြတာ အထုပ်ပဲပြင်ထားရမလို၊ ထိုင်ရမလို၊ ထရမလို၊ ရယ်ချင်သလိုလို၊ အိမ်သာပဲဝင်ချင်သလိုလို နှစ်နဲ့ချီကြာသလို ခံစားရတဲ့တရက်ပဲ။ MOHS Page ကို Refresh ရ။ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ တဆောင်လုံး Negative တဲ့။ စိတ်ပူပေးကြတဲ့ ဝိုင်းဆုတောင်းပေးကြတဲ့ ကူညီပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဇော်ဝင်းထွဋ်ရဲ့သမီးဖြစ်သူကလည်း ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက Positive အဖြေရရှိခဲ့တဲ့ အဆိုတော် နီတာကလည်း “ကျနော် နီတာက လူနာဖြစ်နေပေမယ့်လည်း မိသားစုဝင်အားလုံးနဲ့ အမရာဆောင် တဆောင်လုံး ဆေးစစ်မှု Negative ဆိုလို့အရမ်းဝမ်းသာမိပါတယ်ခင်ဗျာ” လို့ ပြောထားပါတယ်။
You may also like these stories:
ဂျပန်မှာ မိသားစုနဲ့ မတွေ့ရဘဲ တယောက်တည်း နေနေရတဲ့ မိုရီဆာကီဝင်း
“အိမ်မှာနေချင်တာပေါ့” သီချင်းအကြောင်း ပြောပြတဲ့ မေလသံစဉ်
ကင်ဆာရောဂါ ခံစားနေရသူများအတွက် နည်းလမ်းတခု မျှဝေခဲ့တဲ့ မီးမီးခဲ