တကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိရောက်တဲ့ ထိန်းချုပ်မှုနဲ့ ထိခိုက်မှု လျော့နည်းစေဖို့ ရည်ရွယ်ပြီး တတ်နိုင်တဲ့ လှူဒါန်းထောက်ပံ့ နေကြသူတွေထဲမှာ ကမ္ဘာကျော် အနုပညာရှင်နဲ့ အားကစားသမားတွေ ပါဝင်ခဲ့ကြပါတယ်။ သူတို့အကြောင်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် အနည်းငယ် ဖော်ပြပေးချင်ပါတယ်။
(၁) Charlize Theron
မင်းသမီး Charlie Theron ရဲ့ Theron ဖောင်ဒေးရှင်းနဲ့ CTAOP အဖွဲ့အစည်းတို့ ပူးပေါင်းပြီး COIVID-19 ကာလအတွင်း အသုံးပြုဖို့အတွက် ပြည်တွင်း အမျိုးသမီးနဲ့ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာတွေကို ဒေါ်လာ ၅ သိန်းစီ (စုစုပေါင်း ဒေါ်လာ ၁ သန်း) လှူဒါန်းခဲ့တာပါ။
(၂) Michael Jordan
NBA ရဲ့ နာမည်ကျော် အားကစားသမားတဦးဖြစ်သူ Michael Jordan ဟာလည်း “Friends Of the Children” ဆိုတဲ့ အသက် ၄ နှစ်ကနေ ၆ နှစ်ကလေးတွေကို အဓိကထား စောင့်ရှောက်နေတဲ့ အဖွဲ့တဖွဲ့ကို လက်ရှိ ကာလအတွင်း အသုံးပြုဖို့ လှူဒါန်းမှုတချို့ ပြုလုပ်ခဲ့ပါတယ်။
(၃) Lady Gaga
ဧပြီလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “One World: Together at Home benefit concert” မှာတော့ Celine Dion , Billie Eilish , Elton John တို့အပြင် နာမည်ကျော် အဆိုတော်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ WHO အတွက် ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့တဲ့ Lady Gaga ဟာ Concert မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့အတူ ဒေါ်လာ ၁၂၈ သန်းကို နိုင်ငံတွင်း ကျန်းမာရေးကဏ္ဍအတွက် ရည်ရွယ် လှူဒါန်းခဲ့ပါတယ်။
(၄) Ed Sheeran
နာမည်ကျော် အဆိုတော်တဦးဖြစ်သူ Ed Sheeran ဟာဆိုရင်လည်း သူ့ရဲ့ မွေးရပ်ဖြစ်တဲ့ အင်္ဂလန်နိုင်ငံ Suffolk မြို့ရဲ့ အများအကျိုးဆောင်အဖွဲ့တခုဆီ ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။
(၅) Sandra Bullock
ဧပြီလ ၉ ရက်နေ့မှာ နာမည်ကျော် မင်းသမီးတဦးဖြစ်သူ Sandra Bullock ဟာ လော့စ်အိန်ဂျလိစ် ကလေးဆေးရုံမှာ N95 mask ပေါင်း ၆၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။
Ref. people.com
You may also like these stories:
ဖြစ်ရပ်မှန် “Raid 2” ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Ajay Devgn
ဆင်းရဲတဲ့ လယ်သမားတွေအတွက် ကိုဗစ် ရန်ပုံငွေ ထူထောင်လိုက်တဲ့ မင်းသား Idris Elba
ကိုဗစ်ကာလမှာ အားလုံး စိတ်ဓာတ်မကျဖို့ အဆိုတော် နောနော် ပြော