Entertainment

Stay Home နေရင်း Tiktok ရိုက်လာကြတဲ့ အနုပညာရှင်များ

Tiktok ဆိုတဲ့ Social Application မှာ သရုပ်ဖော် ဗီဒီယို အတိုတွေကို ကမ္ဘာကျော် အနုပညာရှင်များသာမက အခုဆိုရင် မြန်မာနိုင်ငံမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ တွေ့ရပါတယ်။

ကမ္ဘာ့ကပ်ဆိုး COVID-19 ရောဂါကြောင့် လူတိုင်းအိမ်မှာ နေနေရတဲ့အချိန်မှာ အနုပညာရှင်များကလည်း အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် ဖျော်ဖြေမှု အသီးသီး လုပ်ကြရင်း အခုဆိုရင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များက Tiktok ကို ရိုက်ကူးလာကြပါတယ်။

ဧပြီလအတွင်းမှ စတင်ကာ Tiktok ရိုက်ကူးလာကြတဲ့ နိုင်ငံကျော် အနုပညာရှင်များကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ၂ ဦး ၊ ဖွေးဖွေး ၊ ဒါရိုက်တာ ကိုပေါက် ၊ တေးရေးဆရာ ဝေကြီး ၊ ယုသန္တာတင်၊ Mဆိုင်းလု စတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် (ဓာတ်ပုံ – ဧရာဝတီ)

Tiktok မှာဆိုရင်လည်း တချို့ ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးကြတဲ့ထဲမှာ တချို့က သီချင်းများနဲ့ ကကြတာတွေ ရှိပြီး တချို့ကတော့ Facebook မှာ လူကြိုက်များခဲ့တဲ့ Live များမှာ ပြောခဲ့တဲ့ စကားများ ၊ အနုပညာရှင်များရဲ့ အင်တာဗျူး ဖြေထားတဲ့ထဲမှ စကားစုများနဲ့ အမျိုးမျိုး သရုပ်ဖော် ရိုက်ထားတာကို တွေ့ရပါတယ်။

Tiktok မှာတော့ အပျော်တမ်းဆော့တဲ့ သူများနဲ့ စီးပွားဖြစ်ကြော်ငြာ ရိုက်ကူးပေးကြတဲ့ ဗီဒီယိုများဆိုပြီး ရှိကြပြီး တချို့သော စီးပွားရေးလုပ်ငန်းများက Follower များတဲ့ အကောင့်ပိုင်ရှင်များဖြင့် သူတို့ရဲ့ ကုန်ပစ္စည်းများကို Tiktok ဗီဒီယိုတွေကနေ ကြော်ငြာကြတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် အခုလို အိမ်ထဲမှာနေကြတဲ့ အချိန်မှာ Tiktok ကတဆင့် တဦးနဲ့တဦး Challenge ခေါ်တာတွေလည်းရှိခဲ့ပြီး လက်ရှိမှာ Trend ဖြစ်နေတာကတော့ Flip the Swich Challenge ပဲဖြစ်ပါတယ်။ စုံတွဲအများစုဆော့ကြပြီး သားအမိ ၊ သားအဖများလည်း ရိုက်ကြပါတယ်။

Flip the Swich Challenge ရိုက်ထားတဲ့ မော်ဒယ် Mဆိုင်းလု

Tiktok မှာတော့ အနုပညာရှင်များသာမက ဝါသနာပါတဲ့သူများ ရိုက်ရင်းနဲ့ ကြည့်ရှုသူများပြီး Cele ဖြစ်သွားကြတဲ့သူများလည်း ရှိခဲ့ပါတယ်။

သရုပ်ဆောင် ဖြူဖြူထွေး (ဓာတ်ပုံ – ဧရာဝတီ)

အခုအချိန်မှာ ကျော်ကြားမှုတခုကို ရရှိနေတဲ့ ဖြူဖြူထွေးဟာ Tiktok များရိုက်ကူးရင်း သူ့ရဲ့တေးသရုပ်ဖော်နိုင်တဲ့ စွမ်းရည်ကို သဘောကျနှစ်သက်ကြပြီး နောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးများ ၊ Music Video များနဲ့ ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်လာခဲ့ရရုံမက တခြားသူများကိုလည်း Tiktok ဘယ်လို ရိုက်ကူးရလဲဆိုတာကိုပါ သင်ကြားပြသခဲ့တယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။

Facebook မှာ Rap Challenge တင်ထားတဲ့ သရုပ်ဆောင် ခြူးလေး

နောက်တယောက်ကို ပြောရရင်တော့ MRTV – 4 ဇာတ်လမ်းတွဲများနဲ့ ပရိသတ် သိခဲ့တဲ့ သရုပ်ဆောင်ခြူးလေးကလည်း Tiktok မှာ လူကြိုက်များသူ တယောက်ပါ။ လတ်တလောမှာတော့ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားတဲ့ Tiktok ဟာသတွေက ပရိသတ်တွေကြားမှာ လူကြိုက်များပြီး အောင်မြင်နေတယ်လို့ ပြောရမှာပါ။

Loading