“ချစ်တဲ့သူများအတွက် အသက်ရှင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ”လို့ နိုင်းနိုင်း ပြော
မိသားစုနဲ့ တနေရာစီ ခွဲခွာနေရတဲ့ နိုင်းနိုင်းက အခုလို COVID – 19 ဖြစ်နေတဲ့ အချိန်ကာမှာ ချစ်တဲ့သူများအတွက် အသက်ရှင်သန်နေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ ပြောခဲ့ပါတယ်။
“အခုအချိန်မှာ အရေးကြီးဆုံးက ကျန်းမာရေးပါ။ ကျန်းမာရင် ဘာမဆို ပြန်စလို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက တလောကလုံးကို ကူညီရာ ရောက်ပါတယ်။ ကျနော်လည်း ချစ်တဲ့သူများအတွက် အသက်ရှင်သန်နေပါဦးမယ်”လို့ နိုင်းနိုင်းက ပြောထားပါတယ်။
နိုင်းနိုင်းကတော့ သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို အခုလိုပဲ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစုက အဝေးမှာ ရှိနေတာကြောင့် လက်ရှိမှာ နိုင်းနိုင်း ကိုယ်တိုင်လည်း ရှုတင်များကို မတ်လအတွင်းမှ စတင်ကာ နားထားပြီး Stay Home နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အိမ်မှာနေနေရတဲ့ အချိန်အတွင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ဖို့ မမေ့ဖို့လည်း နိုင်းနိုင်းက ပြောထားပါတယ်။
နိုင်းနိုင်းကတော့ သူ့ရဲ့ ဇနီးချောနဲ့အတူ သား ၁ ယောက်၊ သမီး ၃ ယောက်တို့ရဲ့ ဖခင်ဖြစ်ပြီး အခုအချိန်အထိ မိသားစုနဲ့ အနုပညာအလုပ်များမှာ အောင်မြင်တဲ့ မင်းသား တဦးအနေနဲ့ ရပ်တည်လျက် ရှိပါတယ်။
You may also like these stories:
မင်းသား Hyun Bin ရဲ့ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တဲ့အတွက် CNN Indonesia တောင်းပန်