The Simpsons ကာတွန်းစီးရီးဟာ သာမန် ဖျော်ဖြေရေးတခုထက်ပိုတဲ့ ကာတွန်းစီးရီးအဖြစ် ကမ္ဘာတဝှမ်းမှာ လူသိများ ထင်ရှားနေဆဲဖြစ်ပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ ခန့်မှန်း ပြောဆိုမှုတွေဟာလည်း မှန်ကန်ခဲ့ဖူးတဲ့ အကြောင်းအရာတွေ အများအပြား ဖြစ်ပါတယ်။ The Simpsons ကို ရေးသားသူ ဇာတ်ညွှန်းရေး ဆရာတွေဟာ ရှုပ်ထွေးတဲ့ အခြေအနေတွေကိုပါ စီးရီးထဲ ထည့်သွင်း ဖန်တီးခဲ့ကြတာပါ။
အဲဒီလို အနာဂတ် ဟောကိန်းဆန်ဆန် ထည့်သွင်းဖန်တီးခဲ့တဲ့ စီးရီးရဲ့ Episode တချို့တလေဟာဆိုရင် The Simpsons ကြိုက်နှစ်သက်သူ ပရိသတ်တွေပါ အံ့အားသင့်ခဲ့ကြရတာမျိုးတွေအထိ ရှိခဲ့ဖူးပါတယ်။ ဥပမာ အမေရိကန်ရဲ့ သမ္မတဟာ Donald Trump ဖြစ်လာတာ ၊ Disney နဲ့ Fox ပူးတွဲ အလုပ်လုပ်ကိုင်တာတွေအပြင် ၊ Game of Thrones ရဲ့ အဆုံးသတ် စတာတွေပဲ ဖြစ်ပါတယ်။
အခုအချိန် တကမ္ဘာလုံး ကြုံတွေ့နေရတဲ့ COVID-19 နဲ့ အလားတူ ရောဂါမျိုးကို ၁၉၉၃ ခုနှစ် “The Simpsons” ကာတွန်းစီးရီးရဲ့ Season 4 (Episode 21 , Marge in Chains) မှာ ခန့်မှန်းပြောဆိုမှုတွေပါဝင်ခဲ့ဖူးကြောင်း စီးရီးကို စီစဉ်ခဲ့ဖူးသူ Mike Reiss က သူ့ရဲ့ Twitter မှာ Youtube ဗီဒီယိုလင့်တခုကို မတ်လ ၁၄ ရက်နေ့တုန်းက ပြန်လည်မျှဝေခဲ့ပါတယ်။
“Marge in Chains” မှာပါဝင်တဲ့ ဗိုင်းရပ်စ်ကတော့ Osaka Flu ဖြစ်ပြီး တောမီးလို ကူးစက်လွယ်တဲ့ ရောဂါတခုအဖြစ် ဖန်တီးပုံဖော်ကာ ကုန်ထုတ်လုပ်သားတွေနဲ့ ကုန်ထုတ်လုပ်မှုပိုင်းတွေဟာ အဲဒီရောဂါကြောင့် နစ်နာထိခိုက်ကြရပုံကို တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် Tom Hanks နဲ့ ဇနီးဖြစ်သူ Rita Wilson တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကြေညာပြီး သိပ်မကြာခင်မှာပဲ The Simpsons ပရိသတ်တွေဟာ The Simpsons Movie ရဲ့ဧည့်သည်သရုပ်ဆောင်အဖြစ် Tom Hanks ပါဝင်ခဲ့တဲ့ နောက်ဆုံး ဒိုင်ယာလော့ တခွန်းနဲ့ ချိတ်ဆက် ထောက်ပြခဲ့ကြပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
မင်းသား Hyun Bin ရဲ့ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တဲ့အတွက် CNN Indonesia တောင်းပန်
အသက် ၇၀ အရွယ်မှာ တတိယရင်သွေး ရရှိတော့မယ့် မင်းသားကြီး Richard Gere
“ချစ်တဲ့သူများအတွက် အသက်ရှင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ”လို့ နိုင်းနိုင်း ပြော