မင်းသား Tom Hanks နဲ့ ဇနီး Rita Wilson တို့ဟာ လွန်ခဲ့တဲ့ တလခန့်က COVID-19 ကူးစက်ခံခဲ့ရပြီး ဒီအဖြစ်အပျက်ဟာ လူထုတရပ်လုံး အာရုံစိုက်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ခန့်မှာ Tom Hanks ရော Rita Wilson ပါ ရောဂါကနေ ထင်ထားတာထက် ပြန်လည် ကောင်းမွန်လာခဲ့ချိန်ဟာ မြန်ဆန်ခဲ့ပြီး သြစတြေးလျနိုင်ငံမှာ သီးခြား Quarantine နေထိုင်ရင်း ကျန်းမာတဲ့ အခြေအနေရောက်အောင် ဖြတ်ကျော်လာခဲ့ကြတာပါ။
အမေရိကန်နိုင်ငံကို ပြန်လည် ရောက်ရှိလာချိန်မှာတော့ သူတို့အသုံးပြုတဲ့ လူမှုကွန်ရက်ကနေ တဆင့် လူတွေကို သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ပြန်လည် မျှဝေပေးတဲ့အပြင် လုံလုံခြုံခြုံ နေထိုင်ပြီး ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ ကူညီကြဖို့ တိုက်တွန်း ပြောဆိုခဲ့ကြပါတယ်။
သိပ်မကြာခင်အချိန်က NPR ရဲ့ အင်တာဗျူးအစီအစဉ်တခုဖြစ်တဲ့ Wait Wait … Don’t Tell Me! မှာတော့ Tom Hanks နဲ့ ဇနီးဖြစ်သူ Rita Wilson တို့ဟာ သူတို့ရဲ့ သွေးကတဆင့် ကာကွယ်ဆေးရှာဖွေဖို့ သွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့ကြတာပါ။
ကာကွယ်ဆေး ထုတ်လုပ်ဖို့ လေ့လာစမ်းသပ်နေတဲ့ ဘယ်သုတေသနအတွက်ဆို သူတို့ဇနီးမောင်နှံအနေနဲ့ သွေးလှူဒါန်းခြင်းကို ပြုလုပ်သွားဖို့ရှိနေတာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ Antibody တွေကို သူတို့ခန္ဓာကိုယ်ထဲ သယ်ဆောင်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်နေကြတာကြောင့် အခုလို ဆန္ဒရှိနေကြတာဖြစ်ပါတယ်။
လတ်တလော ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ ကာကွယ်ဆေးတွေဟာ ထုတ်လုပ်ဖို့ လေ့လာစမ်းသပ်ဆဲ အဆင့်မှာ ရှိနေသေးတာဖြစ်ပြီး သွေးကနေ ကာကွယ်ဆေးထုတ်လုပ်နိုင်မယ်လို့လည်း ဘယ်အဖွဲ့အစည်းကမှ အသေအချာ ပြောဆိုနိုင် ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဘာမှမတွေ့ရသေးတာထက်စာရင် ကာကွယ်ဆေးထုတ်လုပ်ဖို့ လမ်းစလေးတခုပဲဖြစ်ဖြစ် တွေ့ဖို့ အခွင့်အရေးရှိနိုင်ကြောင်း Tom Hanks ရော Rita Wilson ကပါ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
COVID -19 ကာလ ကိုယ်အလေးချိန်မတက်အောင် နေထိုင်စားသောက်နည်းများ
လေထုညစ်ညမ်းရာက ထွက်လာတဲ့ အမှုန်အမွှားတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်လား
COVID -19 ကာလ မုန့်ဖုတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်