ကိုရိုနာဗိုင်းရပ်စ် အကြောင်း မှတ်တမ်းရုပ်ရှင် စီးရီးတခုကို ယခုတပတ်အတွင်း ပြသသွားဖို့ Netflix အနေနဲ့ စီစဉ်နေပြီး အဲဒီအစီအစဉ်ကို “Coronavirus, Explained” လို့ အမည်ပေးထားပြီး သတင်းအမှား ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ လူတွေကို အသိပညာပေးဖို့ ရည်ရွယ်ထားပါတယ်။
ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုဟာ အဆမတန် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုအဖြစ် အခုအချိန်ထိ တကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေကြရတာပဲဖြစ်ပါတယ်။ စစ်တမ်းတွေအရ ၂ ဒဿမ ၇သန်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံစားနေကြရပြီး ရောဂါကြောင့် သေဆုံးသူဦးရေဟာ ၂ သိန်းအထိ မြင့်တက်လာပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် ကမ္ဘာအနှံ့အပြားက နိုင်ငံတွေဟာ ခရီးသွားလာမှု ပိတ်ဆို့ထားရဆဲဖြစ်ပြီး လူတော်တော်များများကလည်း ကူးစက်မှုကို ထိန်းချုပ်ကန့်သတ်ဖို့ အိမ်ထဲမှာသာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
“Coronaviurs, Explained” မီနီစီးရီးကတော့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူး တင်ဆက်ထားတဲ့ မှတ်တမ်းရုပ်ရှင် အမျိုးအစားဖြစ်ပြီး Netflix နဲ့ Vox Media တို့ ပူးတွဲတင်ဆက်ထားတာပါ။ ဒီမီနီစီးရီးဟာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ လူသားအားလုံး သိဖို့လိုအပ်တဲ့ အချက်အလက်တွေကို ရိုက်ကူးပြသသွားမှာဖြစ်တဲ့အပြင် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်တွေကိုပါ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
အပိုင်း (၅) ပိုင်း ပါဝင်တဲ့ “Coronavirus, Explained” မီနီစီးရီးကို ကြည့်ရှုရမှာဖြစ်ပြီး ခိုင်လုံတဲ့ သတင်း အချက်အလက်တွေကို စိတ်ဝင်တစား ကြည့်ရှုဖို့ Netflix ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ “Coronavirus, Explained” မီနီစီးရီးကိုတော့ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့မှာ စတင်ပြသနေပြီ ဖြစ်ကြောင်း Netflix မှာ ဖော်ပြထားပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ကပ်ရောဂါကာလမှာ ကရုဏာထားကြဖို့ အမီတာဘဂျမ်း တိုက်တွန်း
“The World of the Married” အောင်မြင်မှုက မျှော်လင့်မထားတဲ့ လက်ဆောင်လို့ Kim Hee-ae ဆို
COVID-19 ကြောင့် ဂျပန်မင်းသမီး Kumiko Okae ကွယ်လွန်