Entertainment

“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းထဲက အမှတ်တရတွေ အကြောင်း ပြောပြတဲ့ သံသာမိုးသိမ့်

Want create site? Find Free WordPress Themes and plugins.

“အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာ မေပျိုဖြူဆိုတဲ့ ကောင်မလေး နေရာက ပါဝင် သရုပ်ဆောင်ထားတဲ့ သံသာမိုးသိမ့်က ဒီဇာတ်လမ်းတွဲကို ရိုက်ကူးတာ  ထိုင်းဒါရိုက်တာဖြစ်တဲ့အတွက် ဘာသာစကားအခက်အခဲတွေ ရှိခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အချစ်ဖွဲ့လေညင်း ဇာတ်ကားမှာ မေပျိုဖြူဆိုတဲ့ ကောင်မလေး တယောက် နေရာက ပါဝင်ထားပါတယ်။ အရင် ကာရိုက်တာတွေနဲ့လည်း မတူဘူး။ ခပ်စွာစွာ၊ ခပ်ချေချေ အကောင်း အရမ်းကြိုက်တဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားပါတယ်”


“အခက်အခဲကတော့ အရမ်း မရှိပါဘူး။ အမှတ်တရတွေက အများကြီး ရှိတယ်။ မြန်မာ ဒါရိုက်တာ ရိုက်တာ မဟုတ်ဘူး။ ထိုင်းဒါရိုက်တာ ရိုက်တာဆိုတော့ ဘာသာစကား အခက်အခဲတွေ ရှိတယ်။ သူပြောတာ ကိုယ်နားမလည်၊ ကိုယ်ပြောတာသူ နားမလည်တော့ ရှိတယ်။ ရန်ကုန်၊ နေပြည်တော်၊ ပင်းတယ ၃ မြို့မှာရိုက်တာ ဆိုတော့ ရိုက်တာလည်း ၆ လ၊ ၇ လနီးပါး ကြာတယ်”လို့ သံသာမိုးသိမ့်က ပြောပါတယ်။

လတ်တလောမှာတော့ ဒီဇာတ်ကားပြသနေချိန်မှာ အကောင်း၊ အဆိုး ဝေဖန်မှုများ ရှိနေတဲ့အပေါ်လည်း သံသာမိုးသိမ့်က အခုလိုပဲ ပြောပါတယ်။

“ဇာတ်ကားတကားက ကောင်းတဲ့ Review တွေပဲ ရှိနေရင်လည်း မဟုတ်ဘူးလေ။ မကောင်းတဲ့ Review လည်း ရှိရမယ်။ ဝေဖန် အကြံပေးတာလည်း ရှိရမယ်။ ဝေဖန်အကြံပေးကြတာ ကောင်းတဲ့ အရာလို့ပဲ ယူဆပါတယ်။ ဇာတ်ကား မလွှင့်ခင်က အရမ်းစိတ်ပူနေတာ အခုလိုချိန်မှာ ရောဂါတွေနဲ့ စိတ်ရောက်ပါ့မလား ထင်ထားတာ။ အခုလိုအားပေးကြတော့ အရမ်းဝမ်း သာပါတယ်”လို့ သံသာမိုးသိမ့်ကပြောပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင် သိင်္ဂီထွန်းနဲ့ သားအမိအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သံသာမိုးသိမ့်က ရိုက်ကူးစဉ်က အမှတ်တရတွေကိုလည်း အခုလိုပဲ ပြောပါတယ်။

“အန်တီ သိင်္ဂီထွန်းနဲ့လည်း သားအမိဆိုတော့ ရိုက်ကူးရင်း အမှတ်တရတွေ ရှိသလို ပညာတွေလည်းရပါတယ်။ အခု အန်တီ သိင်္ဂီထွန်းရဲ့ အသံကို ပြောနေကြတယ်။ အရမ်း ဝဲတယ်။ သူ့အသံက ရှမ်းသံ မဟုတ်ဘူး။ ဓနုသံပါ။ ကားရိုက်တုန်းက သူကိုယ်တိုင် ဓနု ကောင်မလေးတယောက် ခေါ်ထားပြီး ဓနုကောင်မလေး ထွက်ပေးတဲ့ အသံထွက်တိုင်း ရိုက်တာပါ”

“မြန်မာ ဒါရိုက်တာတွေဆိုရင် ပုံမှန်တိုင်း ရိုက်ကြတယ်။ ထိုင်းကကျတော့ အိုဗာ အိုက်တင်လေးတွေ ရိုက်ကြတယ်။ ဒါရိုက်တာနဲ့ ညီမတို့ အဓိက ညှိရတာ အိုဗာအိုက်တင်တွေ ဖြစ်နေတာ။ ညီမ အိုက်တင်တွေလည်း အိုဗာအိုက်တင်တွေ ဖြစ်နေတာ။ သူတို့ ထိုင်းကားတွေမှာလည်း ကြည့်ရင် သိနိုင်တယ်။ သူတို့ စကားနဲ့က အိုဗာအိုက်တင်က လိုက်ပေမယ့် ညီမတို့ စကားသံနဲ့ အိုဗာအိုက်တင်က မလိုက်ဘူးဖြစ်နေတာ”

“ဇာတ်လမ်းတွဲထဲမှာ အမေက ဝဲတယ်။ သမီးက မဝဲဘူးလည်းပြောကြတယ်။ သူကိုယ့်သူ မြို့သူလို့ ခံယူထားတယ်။ အဲ့အတွက် ဓနုသံ မပေါက်ဘူး။ ဒါရိုက်တာတွေနဲ့လည်း တိုင်ပင်တယ်။ ကာရိုက်တာကိုက မြို့သူပဲ ဖြစ်ချင်တယ်။ အဲ့အတွက် အသံမဝဲတာပါ။ အဲ့တော့ ပရိသတ်ပြောစရာလေး ဖြစ်ကုန်တာပါ” လို့ သံသာမိုးသိမ့်က ပြောပါတယ်။

သံသာမိုးသိမ့်ကတော့ “ကျွန်မက မဟေသီ”ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားထဲမှာတော့ ကျော်ထက်ဇော်၊ ခန့်သီရိဇော်၊ ရန်ကျော်၊ ညီထွဋ်ခေါင်၊ သိင်္ဂီထွန်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

“အချစ်ဖွဲ့လေညှင်း”ကားမှာ ကာရိုက်တာ ကွဲအောင် သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်

“ချည်” ဇာတ်ကားထဲကလို အပြင်မှာ အစွန်းရောက် ချစ်တဲ့သူ မဟုတ်ဘူးလို့ ရွှေသမီး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading