Entertainment

အသက် ၅၇ နှစ်ပြည့် မွေးနေ့မှာ ရှားရှားပါးပါး မိသားစု ဓာတ်ပုံတင်ခဲ့တဲ့ ဂျက်လီ

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် တရုတ်မင်းသား ဂျက်လီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ အသက် ၅၇ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ မိသားစုလိုက် ရိုက်ကူးထားတဲ့ ရှားရှားပါးပါး ဓာတ်ပုံတပုံကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံတွေထဲက တပုံမှာတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေက နာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးဖြစ်တဲ့ ဇနီး Nina Li Chi ပါဝင်လာတာကို တွေ့ရပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Nina ဟာ ၁၉၉၂ ခုနှစ်မှာ အနုပညာလောကကနေ အနားယူခဲ့ပြီးချိန်ကတည်းက ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ မင်းသားရဲ့ ဘယ်ပုံမှာမှ ပါဝင်လာခဲ့တာမျိုး မရှိခဲ့ပါဘူး။ သမီး နှစ်ဦးဖြစ်တဲ့ Jada နဲ့ Jane တို့ဟာလည်း မိခင်ဖြစ်သူရဲ့ ပုံရိပ်ပါဝင်တဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာမျိုး ရှိခဲ့ပါဘူး။

မင်းသား ဂျက်လီက “မွေးနေ့ ဆုမွန်ကောင်းတွေ အားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာကြီးက အနာရောဂါတွေ ကုစားပြီး COVID-19 ကို ကြိုးစား တိုက်ဖျက်နေချိန်မှာ အတူတကွ ပူးပေါင်းပါဝင်ကြနိုင်မယ်လို့ ဆန္ဒပြုပါတယ်။ ခင်ဗျားတို့အားလုံးလည်း ပျော်ရွှင်၊ ကျန်းမာပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ ကျနော့်မိသားစုနဲ့အတူ Quarantine ကာလမှာ ဘေးကင်းလုံခြုံစွာ ရှိနေလို့ ကျေးဇူးတင်ရပါတယ်” လို့ Instagram မှာ တင်ခဲ့ပါတယ်။

အခုလိုမျိုး ဇနီး Nina ရဲ့ ပုံရိပ် ပါဝင်လာတာနဲ့ ပတ်သက်လို့ အင်တာနက် အသုံးပြုသူတွေကတော့ စိတ်လှုပ်ရှားခဲ့ကြပါတယ်။ အရင်ငယ်စဉ်တုန်းကအတိုင်း လှနေဆဲဖြစ်ကြောင်း ပြောဆိုသူများလည်း ရှိသလို့ သမီး နှစ်ဦးဟာလည်း မိခင်ရဲ့ လှပတဲ့ မျိုးရိုးဗီဇကို အမွေရတယ်ဆိုပြီး ချီးကျူးပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် သမီး နှစ်ဦးကလည်း ဖခင်ဖြစ်သူရဲ့မွေးနေ့အတွက်လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

Li Lianjie လို့ အမည်ရတဲ့ မင်းသား ဂျက်လီဟာ ပေကျင်းမြို့မှာ မွေးဖွားခဲ့တဲ့ ဝူရှူး ချန်ပီယံဟောင်း တယောက်လည်း ဖြစ်ပါတယ်။ အနုပညာလောကထဲကို ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sholin Temple (ရှောင်လင်ဘုရားကျောင်း) ဆိုတဲ့ ရုပ်ရှင်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ မင်းသားဟာ မကြာမီ ရုံတင်မယ့် “Mulan” ရုပ်ရှင်မှာ တရုတ်ဧက္ကရာဇ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: todayonline

Did you find apk for android? You can find new Free Android Games and apps.
Loading