• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဓနုလူမျိုး အသံနဲ့ သရုပ်ဆောင်မှုအပေါ် တိုက်ခိုက်ခံနေရတဲ့ သိင်္ဂီထွန်း

by ယုဖြူဟန်
28 April 2020
in Entertainment
A A
သရုပ်ဆောင် သိင်္ဂီထွန်း / Theingi Tun's Facebook

သရုပ်ဆောင် သိင်္ဂီထွန်း / Theingi Tun's Facebook

32.3k
VIEWS
Share on FacebookShare on Twitter

လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “ အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲထဲမှာ ဓနုလူမျိုး အမျိုးသမီးတယောက် အနေနဲ့ သရုပ်ဆောင်ထားတဲ့ သိင်္ဂီထွန်းကို သူ့ရဲ့ အသံထွက်နဲ့ ပတ်သက်ပြီး လတ်တလောမှာ ဝေဖန် တိုက်ခိုက်မှုတွေ အများကြီးရှိလာတယ်လို့ သိင်္ဂီထွန်းက ပြောပါတယ်။

“ကျမတို့က သရုပ်ဆောင်လေ။ မြန်မာကား ရိုက်တာ၊ ဓနုကား လာရိုက်တာ မဟုတ်ဘူးလေ။ ဓနုရဲ့အငွေ့အသက်လေးတွေကို ထင်ပေါ်ကျော်ကြားအောင်၊ ဂုဏ်ယူဖွယ်ဖြစ်အောင်၊ မသိသေးတဲ့သူတွေ သိအောင် ဒီမှာကျမတို့က သရုပ်ဆောင်ပေးခြင်း ဖြစ်တယ်။ သရုပ်ဆောင်တဲ့အခါမှာ ကျမတို့ဘက်ကတော့ ပေါက်လွတ်ပဲစားတော့ မလုပ်ဘူး။ မိတ်ကပ်ဆိုလည်း မည်းသင့်တာမည်း၊ ခြေထောက်တွေရော လက်တွေရော မည်းထားတယ်။ ဒါတောင် လှနေတာတွေ ပါနေသေးတယ်” လို့ သိင်္ဂီထွန်းက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
1.9k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
341
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.1k

သမီးဖြစ်သူနဲ့လည်း ပြောတဲ့ စကားသံချင်း ကွဲပြားဖို့ လိုအပ်ပြီး သမီးနေရာက သရုပ်ဆောင်တဲ့ သံသာမိုးသိမ့်ရဲ့ သရုပ်ဆောင်မှုကလည်း အိုဗာ ဖြစ်မနေဘဲ ဇာတ်ညွှန်းထဲကအတိုင်း သရုပ်ဆောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သမီးဖြစ်သူနဲ့က ကွဲပြားဖို့ လိုတယ်။ ဒီထဲမှာ ကျမက ကိုယ့်ရပ်ကိုယ်ရွာကို ချစ်တယ်။ မြို့ကို မရောက်ဖူးတဲ့သူက ဒီလေသံ မပျောက်ဘူး။ သမီးက မြို့ကြီးသူစိတ်ဖြစ်ပြီး စိတ်က မတူသလို မတန်သလိုဖြစ်တဲ့အတွက်ကြောင့် သူကတော့ မြို့ကြီးသူစိတ် ပေါက်တဲ့အတွက် ဒီစကားကို မပြောဘူးပေါ့ကွယ်။ သူ့ကာရိုက်တာလေးက ဘယ်လောက်ချစ်ဖို့ကောင်းလဲ၊ အိုဗာဖြစ်တယ် မထင်နဲ့။ ဇာတ်ညွှန်းထဲမှာလည်း ဒီအတိုင်းပဲ” လို့ သိင်္ဂီထွန်းက ပြောပါတယ်။

သိင်္ဂီထွန်းကတော့ သူ့ရဲ့ကာရိုက်တာက မြို့ကို မရောက်ဖူးတဲ့ ဓနုလူမျိုး ဖြစ်တာကြောင့် ဓနုသံ ပီပီပြင်ပြင် ပြောတဲ့အခါမျိုးမှာ မြန်မာစာတန်း ထိုးရတာတွေ ဖြစ်လာမှာကြောင့် ဓနုဘက်ကို နွယ်ပြီး ပြောလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမ ကာရိုက်တာကတော့ မြို့ကို မရောက်ဖူးတဲ့ ဓနုလူမျိူးတဲ့။ ပီပီပြင်ပြင် ပြောတဲ့အခါကျရင် မြန်မာစာတန်းတွေ ထိုးရတော့မယ်။ မြန်မာကား ရိုက်တာဖြစ်တဲ့အတွက်ကြောင့် ဓနုဘက်ကို နွယ်ပြီးတော့ပဲပြောလိုက်တယ်။ ရှမ်းမှာဆိုလည်း တောင်ပိုင်းမြောက်ပိုင်း ကွဲသလို ဓနုမှာလည်း ရွာငံတို့၊ ပင်းတယတို့၊ ပွေးလှတို့၊ မြိုင်ကြီးတို့ အများကြီး ရှိသေးတယ်။ အဲ့မှာနေတဲ့သူတွေရဲ့ စကားဆိုရင် ဘယ်လိုမှကို နားမလည်ရပါဘူး။ နယ်စစ်စစ်မှာ ဆိုတော့လေ” လို့ ပြောပါတယ်။

ဆက်လက်ပြီး “ဓနုမလေးကိုခေါ်လိုက်ပြီးတော့ ပြောတယ်။ နင့်အတိုင်းတော့ ငါပြောလို့ မရဘူး။ ဘယ်သူမှ နားလည်မှာ မဟုတ်ဘူး။ ကျမတို့ MRTV – 4 တဖွဲ့လုံးက စကားတွေ ဝဲကုန်တာ။ အဲဒီမှာ သာမန်ရိုက်ခဲ့တာ မဟုတ်ဘူး။ ၄ လလောက်ကို ရိုက်တာ။ ဇာတ်ကား တကားကို သူတို့က ထင်တာ ၁၀ရက်လောက်နဲ့ ပြီးစလွယ် လုပ်ပြီးတော့ ပရိသတ်ကို ပေါကား ရိုက်တယ်လို့ သူတို့ထင်တာ ဒါ ၁၀ ရက်ကားမဟုတ်ဘူး။ ၈ လ ၁ နှစ် ရိုက်တဲ့ကား သူတို့ မသိဘူး” လို့ သိင်္ဂီထွန်းက ပြောပါတယ်။

အဆိုပါ ကာရိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်တာဟာ သူ့ရဲ့အနုပညာသက်တမ်း တလျှောက်မှာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ခိုက်မှုမှာ ဒီတခါက အရမ်းကို အောက်တန်းစား ဆန်လွန်းတယ်။ အောက်တန်းစားကို တော်တော်ဆန်လွန်းတယ်လို့ပဲ ပြောချင်တယ်။ သူတို့က အသိခေါက်ခက် အဝင်နက်သွားပြီး ကွန့်မန့်ရရေး Like ရရေးကို ပြန်ဖော်ပြတယ်” လို့ သိင်္ဂီထွန်းက ပြောပါတယ်။

တချို့သော ဝေဖန်တိုက်ခိုက်တဲ့သူများဟာ Facebook မှာ Like နဲ့ Comment လိုချင်လို့ လုပ်ကြတာဆိုပြီး လာပြောကြပြီး တချို့ကတော့ လှောင်ပြောင် အပုတ်ချတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဝေဖန်တာ မဟုတ်ဘူးနော်။ တချို့က လှောင်ပြောင် ရိသဲ့ပြီးတော့ အပုတ်ချတာနော်။ လူတယောက်ကို ရှုတ်ချတာနော်။ ဝေဖန်တာကို လုံးဝ လက်ခံတယ်။ ကျမ မလှဘူး မချောဘူး။ သရုပ်ဆောင် မကောင်းဘူး အဲဒါမျိုးဆို ကျေနပ်တယ်။ ဒီလို အသံဝဲတာကို မြန်သွားတာကို ဘာမှ နားမလည်ဘူးတွေ ဘာတွေပြောတယ်။ တချို့က အခုဆိုရင် နားလည်သွားကြတယ်။ တချို့ကျတော့ Messenger မှာ ကျမရဲ့ မိတ်ဆွေတွေနဲ့ ဖိုက်နေတုန်း ဖြစ်တယ်” လို့ သိင်္ဂီထွန်းက ပြောပါတယ်။

“လူတယောက်ကို ဒီလောက်ထိ လုပ်ရအောင် သူတို့ကို ဘာတွေ စော်ကားနေလို့လဲ။ ကြည့်ရှုသူကို ဘာတွေစော်ကားလို့လဲ။ ဘာတွေများ မိုက်ရိုင်းတဲ့ အပြုအမူများ လုပ်ခဲ့မိလို့လဲ။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ၊ ကျမတို့က သူတပါးအပေါ် ဒီလိုလည်း မပြောဘူး။ မေတ္တာ စေတနာနဲ့ အမြဲတမ်းလည်း မကောင်း ကောင်းကောင်း မေတ္တာအမြဲတမ်း ပို့နေတဲ့သူ။ ဒီလိုဆိုတော့ နည်းနည်းတော့စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့”

“နောက်ဆုံးကျတော့ တချို့က Like တွေ Comment တွေ လိုချင်လို့ပါဆိုပြီး မိတ်ဆွေ လာဖြစ်တယ်။ ဒါတွေအထိ လက်ခံပေးလိုက်တယ်။ တချို့ကျတော့ အသောမသတ်နိုင်ကြဘူး။ သူတို့ ဒါတွေရဖို့အရေး ကျမကို ခုတုံးလုပ်ပြီးတော့ ဒီစကားအသံကိုပဲ အပြစ်ပုံချပြီးတော့ ဘာလို့ပြောနေကြတာလဲ” လို့ ပြောပါတယ်။

ဒီလိုပြောကြတဲ့သူများကိုတော့ ကိုယ်တိုင် ပြန်လည် တုန့်ပြန်တာမျိုးတွေ ရှိသလို သူမရဲ့မိတ်ဆွေများကို အကောင့်ပေးထားပြီး တုန့်ပြန်စေတာလည်းရှိပြီး မကြာသေးမီကလည်း မိခင်ဖြစ်သူ ဆုံးပါးထားတာဖြစ်တဲ့အတွက် အများကြီးပြန်လည် မဖြေရှင်းဖြစ်ဘူးလို့ သိရပါတယ်။

ဒီ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲကိုတော့ တနင်္လာနေ့မှ သောကြာနေ့ထိ ညစဉ် ၇ နာရီတိုင်းမှာပြသလျက်ရှိပြီး အခုဆိုရင်တော့ အပိုင်း ၁၀ ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

You may also like these stories:

ကင်ဂျုံအန် ကျန်းမာစွာရှိတယ်လို့ တောင်ကိုးရီးယား ပြော

ဝူဟန်မြို့မှာ လူနာအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးရ ပြော

မေလ ၄ ရက်နေ့ကစပြီး အီတလီက စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်မည်

Your Thoughts …
Tags: ဓနုလူမျိုး အသံသိင်္ဂီထွန်းအချစ်ဖွဲ့လေညင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် သံသာမိုးသိမ့်  / Than Thar Moe Theint's Facebook

“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းထဲက အမှတ်တရတွေ အကြောင်း ပြောပြတဲ့ သံသာမိုးသိမ့်

by ချစ်ပိုး
27 April 2020
27.9k

“ဇာတ်လမ်းတွဲထဲမှာ အမေက ဝဲတယ်။ သမီးက မဝဲဘူးလည်းပြောကြတယ်။ သူကိုယ့်သူ မြို့သူလို့ ခံယူထားတယ်။ အဲ့အတွက် ဓနုသံ မပေါက်ဘူး။ ဒါရိုက်တာတွေနဲ့လည်း တိုင်ပင်တယ်။

သရုပ်ဆောင် ကျော်ထက်ဇော်နဲ့ ခန့်

ကျော်ထက်ဇော်နဲ့ အပြင်မှာ မောင်နှမတွေလိုပါပဲလို့ ပြောတဲ့ ခန့်

by ယုဖြူဟန်
18 May 2020
12.9k

သရုပ်ဆောင် ကျော်ထက်ဇော်နဲ့ တွဲနေတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲထဲမှာတော့ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် မို့မို့မြင့်အောင်နဲ့ ကျော်ထက်ဇော် / Moht Moht Myint Aung's Facebook

ကျော်ထက်ဇော်ကို နှစ်ကိုယ်ခွဲ ဇာတ်ရုပ် သင်ပေးခဲ့တဲ့ မို့မို့မြင့်အောင်

by ယုဖြူဟန်
28 May 2020
21.3k

“Tempo အလိုက် အဆင့်ဆင့် ငိုနိုင်တယ်။ ခက်တာက မို့မျက်နှာ မြင်ပြီး တော်တော်နဲ့ အငို မတိတ်တော့ဘူး။ တအိမ်လုံးကြားရအောင် ရှိုက်ကြီးတငင် ငိုတာ။ မို့လည်း မရပ်ခိုင်းဘူး။

သရုပ်ဆောင် ခင်သဇင်  / Khin Thazin's Facebook

မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်

by ချစ်ပိုး
3 May 2020
8.4k

စိတ်ပိုင်းဆိုင်ရာတွေ အများကြီး ပြင်ဆင်ခဲ့ရသလို အဝတ်စားပိုင်းလည်း ပြင်ဆင်ခဲ့ရပါတယ်။ ပရိသတ်မုန်းအောင် လုပ်ရတာ ဆိုတော့ ပရိသတ် မုန်းရင်တော့ ကောင်းတာပေါ့”

သရုပ်ဆောင်မိုက်မိုက်  / Mike Mike's Facebook

လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော

by ယုဖြူဟန်
7 June 2020
6.2k

“ကျနော်ဖန်တီးတဲ့အနုပညာတွေကိုပဲ ပရိသတ်ကိုစိတ်ဝင်စားစေချင်တယ်။ ကျနော်ဖန်တီးတဲ့ အနုပညာတွေကိုပဲ ပရိသတ်ကိုချပြချင်တယ်။

သရုပ်ဆောင် မိုက်မိုက် / Mike Mike's Facebook

ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်

by ယုဖြူဟန်
2 June 2020
10.1k

ဗီလိန်ကာရိုက်တာ ဖြစ်နေတာတောင်မှ အနုပညာကို အနုပညာလို ချစ်ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

Next Post
လူရွှင်တော် ကောင်းကျော်  / Kyaung Kyaw's Facebook

သဘင်သည်တွေရဲ့ အခက်အခဲတွေအကြောင်း ပြောပြတဲ့ လူရွှင်တော် ကောင်းကျော်

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဆေးဖြန်းနေသူ တဦး  / သီဟလွင် / ဧရာဝတီ

နေပြည်တော် COVID-19 အတည်ပြုလူနာ တတိယအကြိမ် စစ်ဆေးပြီးပါက အိမ်ပြန်ခွင့်ရမည်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.1k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate