Entertainment

သဘင်သည်တွေရဲ့ အခက်အခဲတွေအကြောင်း ပြောပြတဲ့ လူရွှင်တော် ကောင်းကျော်

Want create site? Find Free WordPress Themes and plugins.

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အခြေအနေများကြောင့် သဘင်ပညာသည်တွေနဲ့ လူရွှင်တော်တွေ ဝမ်းရေးအတွက် အခက်အခဲတွေ တွေ့ကြုံနေရပြီး ဒီလို အခက်အခဲ တွေ့နေရတဲ့အပေါ် လူရွှင်တော် ကောင်းကျော်က ဘယ်လို ရင်ဆိုင်ကျော်လွှားရမှန်း မစဉ်းတတ်တော့ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဒီလိုချိန်မှာ သဘင်ပညာသည်တွေနဲ့ လူရွှင်တော်တွေအတွက် အရမ်းကို အခက်အခဲတွေ့ပါတယ်။ ဒီလို ချိန်မှာ ရောဂါတွေ ဖြစ်တာက တကြောင်း၊ ဝါထပ်တာက တကြောင်း၊ ခါတိုင်းနှစ်တွေ ထက် အခက်အခဲတွေ ပိုများတာပေါ့။ အဲ့အတွက် ဘယ်လိုရင်ဆိုင် ကျော်လွှားရမှန်းကို ကျနော်တို့ ကိုယ်တိုင်က မစဉ်းတတ်တော့ဘူး။ ဖြစ်လာတဲ့ အနေအထားပေါ် မူတည်ပြီး အခက်အခဲတွေကို ဖြန်သန်းကြပါ”လို့ လူရွှင်တော် ကောင်းကျော်က ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး ဒီအချိန်မှာ ပရဟိတ လုပ်အားပေး ကူညီသူတွေကိုလည်း ဂုဏ်ယူတယ်လို့ ကောင်းကျော်က ဆိုပြီး ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေးစားတယ်လို့ သူက ဆိုပါတယ်။

“လူရွှင်တော်လေးတွေလည်း အများအကျိုးအတွက် တတ်နိုင်တဲ့ဘက်က လုပ်အားတွေနဲ့ ကူညီနေနဲ့ ပရဟိတ လုပ်နေသူတွေကိုလည်း ဂုဏ်ယူပါတယ်။ ပြည်သူ+လူရွှင်တော်ကလည်း ပစ္စည်းတွေ အသက်ကို ရင်းပြီး လုပ်ပေးနေကြတယ်။ အိမ်မှာ အခက်အခဲတွေ ရှိနေသော်လည်း အပြင်မထွက်ဘဲ နေနိုင်အောင် ကူညီပေးနေတဲ့အတွက် ကျေးဇူးတင်တယ်။ နောက် ကျန်းမာရေးဝန်ထမ်းတွေလည်းကျေးဇူးတင်တယ်။ လေးလည်း လေးစားပါတယ်။ ပရဟိလုပ်နေတဲ့ အသင်းအဖွဲ့တွေကိုလည်း ဂုဏ်ယူပါတယ်”လို့ လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။

သဘင်ပညာသည်များနဲ့ လူရွှင်တော်များအတွက် သဘင်အစည်းအရုံးနဲ့ လူရွှင်တော်အသင်းရဲ့ လှူဒါန်းနေမှုများကို လူရွှင်တော် ကောင်းကျော်က အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့ အားလုံးဟာ အခုချိန်မှာ ဒီရောဂါဆိုးကြောင့် ခက်ခဲစွာနဲ့ ကျော်ဖြတ်နေရတယ်။ သဘင်အစည်းအရုံးကနေ မြန်မာ တပြည်လုံးမှာရှိတဲ့ ၂၀၁၉ -၂၀၂၀မှာ စာချုပ်ချုပ်ထားတဲ့ သဘင်သည်တွေ ရယ်၊ တည်ထောင်သူတွေရယ်၊ သဘင်ဘိုးဘွားတွေရယ် သဘင်ကတ် ကိုင်ထားပြီး သက်ဆိုင်ရာမြို့နယ်တွေက ကူညီထောက်ပံ့သင့်ပါတယ်”

“ထောက်ခံထားတဲ့ သဘင်သည်တွေရယ် အဲ့လူတွေကို ဆန် ၈ ပြည်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲတွေ ကူညီထောက်ပံ့မှုတွေကို ပထမအကြိမ် အနေနဲ့ လုပ်နေပါတယ်။ ဒုတိယအကြိမ်အနေနဲ့ ဥက္ကဋ္ဌ ဦးဖိုးချစ်ကနေ ပိုသူလှူ- လိုသူကူ ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ထပ် မရသေးတဲ့ သဘင် မိသားစုအတွက် ထောက်ပံ့နိုင်အောင် ကြိုးစားနေပါတယ်”

“လူရွှင်တော်အသင်းကျတော့ အသင်းမှာရှိတဲ့ သက်ကြီးတွေနဲ့ လူရွှင်တော် ကတ်ပြားရှိတဲ့ လူရွှင်တော်တွေ ကတ်ပြုလုပ်ထားပြီး မရသေးတဲ့ လူရွှင်တော်တွေကို ဆန် ၁ အိတ်၊ ဆီ တို့ကို ဧပြီ ၄ ရက်နေ့က တကြိမ်နဲ့ ၈ ရက်နေ့က တကြိမ် ထောက်ပံ့ပေးခဲ့ပါတယ်။ သဘင်ကရော လူရွှင်တော်အသင်းရော မရတဲ့ သူတွေလည်း စိတ်ထဲ ကသိကအောက် မဖြစ်ကြပါနဲ့။ အခက်အခဲတွေ ကြားထဲက ဘယ်လို အဆင်ပြေအောင် လုပ်ပေးနေရတယ်ဆိုတာကို နားလည်ပြီး အထင်မှား၊ အမြင်မှားတွေ မဖြစ်ကြပါနဲ့”လို့ လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။

လူရွှင်တော် ကောင်းကျော်ကတော့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)မှာ ပြန်ကြားရေးမှူး နှင့် လူရွှင်တော်အသင်း (ရန်ကုန်)ရဲ့ ပြန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

You may also like these stories:

ယဉ်ကျေးမှုကို ဖျက်ဆီးသည့် ဝတ်စုံများအပေါ် သဘင်အစည်းအရုံး အရေးယူရန် လုပ်ဆောင်မည်

“လက်ရှိ မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုပိုင်းကို ပညာပေးချင်တယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading