Entertainment

Gigi Hadid ကိုယ်ဝန်ဆောင်ထားရပြီလို့ ကောလာဟလများထွက်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် မော်ဒယ် Gigi Hadid ဟာ ချစ်သူ Zyan Malik နဲ့ ရတဲ့ ပထမဆုံးကိုယ်ဝန်ကို လွယ်ထားပြီဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက် စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။ အသက် ၂၅ နှစ် အရွယ် Gigi မှာ ကိုယ်ဝန် ၄ လခန့် ရှိနေပြီလို့ TMZ သတင်းမှာ ဖော်ပြထားပါတယ်။

Gigi ဟာ မကြာသေးခင်ကမှ အသက် ၂၅နှစ်ပြည့်ထားတာဖြစ်ပြီး မွေးနေ့ကို ချစ်သူဖြစ်တဲ့ Zyan အပါအဝင် မိသားစုဝင်များနဲ့ ကျင်းပခဲ့ပါတယ်။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုများကြောင့် နေအိမ်မှာ နေထိုင်နေတဲ့ Gigi နဲ့အတူ Zyan ကလည်း လိုက်ပါ နေထိုင်နေတာ ဖြစ်ပါတယ်။


မွေးနေ့ပွဲကို သီးသန့်ကျင်းပခဲ့ပြီး လူမှုကွန်ရက်မှာတော့ Gigi ဟာ Zyan နဲ့ အတူ ညီမဖြစ်သူ Bella နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။ သူကိုယ်ဝန်ဆောင်ရတဲ့ သတင်းဟာ တွစ်တာ လူမှုကွန်ရက်မှာ ရေပန်းအစားဆုံး သတင်းတပုဒ် ဖြစ်နေပါတယ်။

Gigi ကိုယ်တိုင် တရားဝင် ဝန်ခံထားခြင်း မရှိပေမယ့် အခြားနာမည်ကြီးများကတော့ သူတို့အတွဲကို လူမှုကွန်ရက်မှာ ဂုဏ်ပြုစာများ တင်ထားကြတာကိုလည်း တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက ချစ်သူဖြစ်ခဲ့ကြတဲ့ Gigi နဲ့ Zyan တို့ အတွဲဟာ မကြာခဏ လမ်းခွဲလိုက် ပြန်ပေါင်းလိုက် လုပ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာတော့ တနှစ်လုံးနီးပါး လမ်းခွဲခဲ့ပေမယ့်  ဒီဇင်ဘာမှာ ပြန်လည်လက်တွဲခဲ့တာ ဖြစ်ပါတယ်။

Ref. Dailymail, TMZ

You may also like these stories:

Taylor Swift ရဲ့အထင်ကြီးသဘောကျမှု ရရှိစေရန် ပရိသတ်တဦး ဘဏ်ကို ဓားပြဝင်တိုက်ခဲ့

ပါပါရာဇီဓာတ်ပုံကို ခွင့်ပြုချက် မယူဘဲ သုံးခဲ့တဲ့အတွက် Gigi Hadid ထပ်မံ တရားစွဲခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading