Entertainment

Irrfan Khan အတွက် ဝမ်းနည်းစကားဆိုကြတဲ့ အနုပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

ဟောလိဝုဒ် မင်းသမီးတွေဖြစ်ကြတဲ့ Natalie Portman နဲ့ အင်ဂျလီနာ ဂျိုလီတို့ဟာ ဘောလိဝုဒ် မင်းသား Irrfan Khan ရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း စကားတွေ ပြောဆိုခဲ့ကြပါတယ်။ မင်းသား Irrfan ဟာ မွမ်ဘိုင်းမြို့မှာရှိတဲ့ဆေးရုံတခုမှာ ဧပြီလ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မင်းသမီး Natalie က မင်းသား Irrfan နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို Instagram မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံထဲမှာတော့ မင်းသား Irrfan ဟာ ဂျူးအမျိုးသားတဦးလို ဝတ်ဆင်ထားပြီး အဖြူရောင် ဂါဝန် ဝတ်ဆင်ထားခဲ့တဲ့ မင်းသမီးကို ဖက်ထားတာလည်း ဖြစ်ပါတယ်။

အဲ့ဒီဓာတ်ပုံမှာ မင်းသမီးက “ဒီနေ့မှာ Irrfan Khan ရဲ့ ချစ်ရသူတွေအတွက် အချစ်တွေ ပို့လိုက်ပါတယ်” လို့ရေးသားခဲ့ပါတယ်။ မင်းသမီးဟာ မင်းသား Irrfan နဲ့အတူ ‘New York I Love You’ ဒရာမာမှာ ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာ ဂျိုလီကလည်း ဝမ်းနည်းကြောင်းစကားကို ပြောဆိုခဲ့ပါတယ်။ သူက “ကျမက A Mighty Heart ရုပ်ရှင်ရိုက်ကွင်းမှာ Irrfan Khan နဲ့အတူ ဂုဏ်ယူစွာ အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ သူဟာ အနုပညာရှင်တဦးအနေနဲ့ စိတ်ရင်းစေတနာကောင်းသူလည်း ဖြစ်ပါတယ်။ သူနဲ့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေမှာ ပျော်ရွှင်ခဲ့ရပါတယ်”

“သူ့ရဲ့ ကတိတည်ကြည်မှုနဲ့ အပြုံးတွေကို ကျမ မှတ်မိနေပါသေးတယ်။ အိန္ဒိယနဲ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ သူ့မိသားစု၊ သူငယ်ချင်းတွေ၊ သူ့အလုပ်ကို ချစ်မြတ်နိုးကြသူတွေအတွက် ဝမ်းနည်းစကားနဲ့ ကရုဏာစကား ပို့သလိုက်ပါတယ်” လို့ပြောဆိုထားပါတယ်။

A Mighty Heart ရုပ်ရှင်ဟာ ဒါရိုက်တာ Michael Winterbottom ရိုက်ကူးခဲ့တဲ့ ဒရာမာ ရုပ်ရှင်အမျိုး အစားဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ပြန်ပေးဆွဲပြီး ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ ဂျာနယ်လစ် Daniel Pearl အကြောင်း အခြေခံရိုက်ကူး ထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်မှာ မင်းသမီး ဂျိုလီက ပြန်ပေးဆွဲခံ ဂျာနယ်လစ်ရဲ့ ဇနီး Marianne Pearl အဖြစ်နဲ့ မင်းသား Irrfan ကတော့ ကရာချိမြို့က ရဲမှူး Zeeshan Kazmi အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

မင်းသား Irrfan ဟာ မွမ်ဘိုင်းမြို့မှာရှိတဲ့ Kokilaben Dhirubhai Ambani ဆေးရုံမှာ အူမကြီး ပိုးဝင်တဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မင်းသားဟာ ၂၀၁၈ ခုနှစ်ကစလို့ neuroendocrine အကျိတ်ရောဂါကို ခံစားနေရခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး မင်းသားရဲ့ ကွယ်လွန်မှုသတင်းအတွက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အမီတာဘဂျမ်း၊ ရှရွတ်ခန်၊ ပရီယန်ကာချိုပရာ၊ ကရီနာကပူးရ်တို့အပါအဝင် ဘောလိဝုဒ် အနုပညာ လုပ်ငန်းတခုလုံးက ဝမ်းနည်းကြောင်း စကားတွေ ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာတွေဖြစ်တဲ့ Ava DuVernay နဲ့ Colin Trevorrow တို့ကလည်း ဝမ်းနည်းစကားဆိုခဲ့ပါတယ်။

Da Vinci Code စာရေးသူ Dan Brown ကလည်း မင်းသားရဲ့ ကွယ်လွန်မှုအကြောင်း သူ့ရဲ့ Facebook အကောင့်မှာ မှတ်ချက်ရေးသားခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

COVID-19 ကြောင့် တရုတ်ရုပ်ရှင်လုပ်ငန်း ယွမ် ဘီလီယံ ၃၀ အရှုံးပေါ်

“Becoming” မှတ်တမ်းရုပ်ရှင် Netflix မှာ ပြသတော့မယ်လို့ Michelle Obama ပြော

ဘောလိဝုဒ်မင်းသား Irrfan Khan ကွယ်လွန်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading