Entertainment

တောင်ဒဂုံက အိမ်ခြေ ၂၄၀၀ ကို အခြေခံ စားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ယနေ့၊ ဧပြီလ ၃၀ ရက်နေ့မှာ ရန်နကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ဆင်းရဲ နွမ်းပါးပြီး စားဝတ်နေရေး ခက်ခဲတဲ့ အိမ်ခြေ ၂၄၀၀ ကို အခြေခံ စားသောက်ကုန်ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ပါတယ်။

“ဒီနေ့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အခြေခံ နွမ်းပါးပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများအား ၁ ရပ်ကွက်လျှင် အိမ်ခြေ ၁၀၀ နှုန်း၊ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်၊ ရပ်ကွက်အိမ်ခြေ ၂၄၀၀ ကို ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ မြေပဲနဲ့ မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းများအား ကျမတို့အဖွဲ့မှ လှူဒါန်းခဲ့ပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။


ခိုင်နှင်းဝေက အလှူ အထမြောက်စေဖို့အတွက် သူတဦးတည်း အင်အားနဲ့ မရဘဲ ဝိုင်းဝန်းကူးညီပေးကြတဲ့ အဖွဲ့သားများ၊ လှူဒါန်းပေးကြတဲ့ အလှူရှင်များနဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်းလည်း ပြောထားပါတယ်။

“ကျမရဲ့အလှူလေးထမြောက်စေဖို့ ကျမတဦးတည်း အင်အားထက် ဘေးက ဝိုင်းဝန်းကူညီကြတဲ့ အဖွဲ့သားတွေအားလုံးနဲ့ ပြည်သူတွေရဲ့ဒုက္ခကို မျှဝေခံစားပြီး လိုက်လဲလှူဒါန်းပေးကြတဲ့ တိုင်းဒေသကြီးအမှတ်၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပါဝင်လှူဒါန်းပေးကြတဲ့ Esthetic Dream Land Feshion ၊ Augustina Nyan နဲ့ လိုအပ်တဲ့ အလှူပစ္စည်းများ နေရာချထားရေးနဲ့ ကားများ စီစဉ်ပေးသော အောင်ထူးထက် ကိုယ်ပိုင်အထက်တန်းကျောင်း စတဲ့ သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ ခိုင်နှင်းဝေက ပြောပါတယ်။


ခိုင်နှင်းဝေက သူလှူတဲ့ အလှူတိုင်းဟာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး မခွဲခြားဘဲ စေတနာရှင် ၇ ရက်သားသမီးများနဲ့ ပူးပေါင်းလှူတဲ့အလှူသာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အခုလို COVID – 19 ကာလမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူများ၊ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်များကို သူ တတ်နိုင်သလောက် တဖက်တလမ်းက ကူညီပေးနေပြီး သူ့ရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” မှ ကလေးများကိုလည်း အန္တရာယ်ကင်းစေရန် စောင့်ရှောက်လျက် ရှိပါတယ်။
You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading