Entertainment

မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်

Want create site? Find Free WordPress Themes and plugins.

MRVT-4 ရုပ်သံလိုင်းမှာ လက်ရှိ ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာ မိုးကလျာ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားတဲ့ ခင်သဇင်က ပရိသတ် မုန်းအောင် လုပ်ရတဲ့အတွက် ပရိသတ်မုန်းမှာ မစိုးရိမ်ဘူးလို့ ဆိုပါတယ်။

“အချစ်ဖွဲ့လေညင်း ကားထဲမှာ မိုးကလျာအဖြစ် သရုပ်ဆောင်ထားပါတယ်။ မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲ့ကာရိုက်တာ ပီပြင်အောင်၊ မိုးကလျာဖြစ်အောင် စိတ်ကို သွင်းခဲ့ရတယ်။ စိတ်ပိုင်းဆိုင်ရာတွေ အများကြီး ပြင်ဆင်ခဲ့ရသလို အဝတ်စားပိုင်းလည်း ပြင်ဆင်ခဲ့ရပါတယ်။ ပရိသတ်မုန်းအောင် လုပ်ရတာ ဆိုတော့ ပရိသတ် မုန်းရင်တော့ ကောင်းတာပေါ့”

“ဒါပေမဲ့ သူ့ကာရိုက်တာက အဲ့လို လုပ်ရတာ အကြောင်း ရှိတယ်။ ဇာတ်ရည် လည်သွားရင်တော့အဆင်ပြေသွားမှာပါ။ ပရိသတ်မုန်းမှာကိုတော့ မစိုးရိမ်ပါဘူး။ ဗီလိန်ဆိုပေမယ့် အိုဗာတင်း မဖြစ်အောင် ကြိုးစား သရုပ်ဆောင်ထားပါတယ်။ မိုးကလျာ ဇာတ်ကောင်ကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ခင်သဇင် ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေလည်း လာဦးမှာပါ။ အဲ့ကျရင်လည်း အားပေးကြပါဦး”လို့ ခင်သဇင်က ပြောပါတယ်။

သရုပ်ဆောင် ခင်သဇင်ကတော့ လက်ရှိကာလမှာ ဇာတ်ကားရိုက်တွေ နားထားပြီး Stay Home နေရင်း အိမ်မှာ အချိန်ကုန်ဆုံးဖြစ်ပုံကိုလည်း အခုလိုပဲ ပြောပါတယ်။

“Stay Home ကာလမှာ အိမ်အလုပ်တွေ လုပ်တယ်၊ စာဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ အားကစားလုပ်တယ်။ Tiktok ဆော့တယ်။ ရောဂါကြီးလည်း မကြာခင် ပြီးသွားမှာပါ။ အဲ့အတွက် တောင့်ခံကြမယ်။ အစိုးရ ချထားတဲ့ စည်းကမ်းတွေလည်း လိုက်နာပေးဖို့ ပြောချင်ပါတယ်။ အပြင်ထွက်စရာ မလိုတဲ့သူတွေကလည်း အိမ်ထဲမှာနေရင်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ကူညီပေးပါ”လို့ ခင်သဇင်က ပြောပါတယ်။

ဆက်လက်ပြီး ခင်သဇင်က ဒီအချိန်မှာ လိုအပ်တဲ့ နေရာတွေအတွက် လှူဒါန်းမှု အချို့ ပြုလုပ်ခဲ့ပြီး ရောဂါကြီး ပျောက်လို့ အပြင်ထွက်နိုင်တဲ့အခါမှာလည်း ထပ်မံ လှူသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“လိုအပ်တဲ့ နေရာတွေသွားပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥတွေကို ရွာလုံးကျွတ် သွားလှူဖြစ်တယ်။ သင်္ကြန်ဖြစ်တော့ ထွက်မလှူဖြစ်ဘူး။ ဒီရောဂါကြီးပျောက်လို့ အပြင်တွေ ပြန်ထွက်လို့ရရင် ဘာဖြစ်ဦးမလဲ မသိဘူး။ အဲ့ကျရင် လိုအပ်တဲ့နေရာတွေ ထပ်လှူဖို့ ရှိပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

သရုပ်ဆောင် ခင်သဇင်ကတော့ လေယာဉ်မယ် လုပ်ရာကနေ အနုပညာလောကထဲကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားထဲမှာတော့ ကျော်ထက်ဇော်၊ သံသာမိုးသိမ့်၊ ခန့်သီရိဇော်၊ ခင်သဇင်၊ ရန်ကျော်၊ ညီထွဋ်ခေါင်၊ သိင်္ဂီထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading