Entertainment

Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်

Want create site? Find Free WordPress Themes and plugins.

ဒူဘိုင်းမြို့ Burj Khalifa အဆောက်အဦပေါ်မှာ တွယ်တက်တာ၊ လေယာဉ်ပျံသန်းနေချိန် ဘေးကနေ တွယ်လိုက်လာတာ၊ မြန်နှုန်းမြင့် ကားယှဉ်ပြိုင်တာနဲ့ အန္တရာယ်ကြီးမားတဲ့ ပင်လယ်ရေအောက် ငုပ်လျှိုးမှုတွေ အထိ ရုပ်ရှင်တွေမှာ လုပ်ဆောင်ခဲ့တဲ့ မင်းသား Tom Cruise ဟာ အခုတော့ ကမ္ဘာ့ပြင်ပ အာကာသထဲမှာ သူ့အတွက် အကြီးမားဆုံး စတန့်ပြကွက်ကို လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီလို့ဆိုပါတယ်။

Deadline မီဒီယာရဲ့ အဆိုအရ မင်းသားဟာ အာကာသထဲမှာ ပထမဆုံးနောက်ခံစကားပြော ရုပ်ရှင်ကို ရိုက်ကူးဖို့ နာဆာနဲ့အတူ သူဌေးကြီး Elon Musk ရဲ့ အာကာသဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီ SpaceX နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်းရဲ့အဆိုအရ အဲ့ဒီရုပ်ရှင်ဟာ အက်ရှင်-စွန့်စားခန်း ရုပ်ရှင်ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရုပ်ရှင်ကို ကိုင်တွယ်ဖို့ ဘယ်စတူဒီယိုနဲ့မှ ချိတ်ဆက်ရတာတော့ မရှိသေးပါဘူး။ မင်းသားရဲ့ ကိုယ်စားလှယ်ဆီကနေ မှတ်ချက်ရရှိဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူဌေးကြီး Elon Musk အနေနဲ့ အခုလိုမျိုး ရုပ်ရှင်နောက်ကွယ်ကနေ ထုတ်လုပ်ဖို့ ပါဝင်လာတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်တုန်းကလည်း “Thank You for Smoking” ရုပ်ရှင်အတွက် အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့ပါသေးတယ်။ သူ့ရဲ့ SpaceX ကုမ္ပဏီကလည်း ၂၀၁၈ ခုနှစ်တုန်းက “Mars: Inside SpaceX” မှတ်တမ်း ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ “Mission: Impossible” ရုပ်ရှင်တွေ ဖန်တီးရာမှာ ကိုယ်ပိုင်စတန့်တွေကို ပြုလုပ်ခဲ့လို့ ဒဏ်ရာတွေ ရရှိခဲ့တဲ့ မင်းသား Tom အတွက်တော့ အခုရုပ်ရှင်အသစ်ဟာ နောက်ဆုံးစတန့်ပြကွက် ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ပြသခဲ့တဲ့ “Mission: Impossible – Fallout” ရုပ်ရှင်မှာ ခေါင်းမိုးပေါ်က ခုန်ချတဲ့ ပြကွက်အတွင်း တခြားအဆောက်အဦနဲ့ တိုက်မိလို့ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုနှစ်အတွက်တော့ မင်းသားဟာ “Top Gun” နောက်ဆက်တွဲ ရုပ်ရှင် “Top Gun” မှာ Pete Mitchell အဖြစ် ပြန်လည်ပါဝင်ထားပြီး လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြသတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဗင်းနစ်မြို့မှာ ပြုလုပ်မယ့် သတ္တမမြောက် “Mission: Impossible’ ရုပ်ရှင်ရိုက်ကွင်း ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပေမယ့် အခုတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်အထိ ရွှေ့ဆိုင်းထားလိုက်ရပြီး ဖြစ်ပါတယ်။ အဋ္ဌမမြောက် နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ပြသမယ့်အစား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှသာ ပြသတော့မှာဖြစ်ပါတယ်။

Ref: indiewire

You may also like these stories:

မိခင်ရဲ့နာရေးကို လူအယောက် ၂၀ နဲ့သာ ပြုလုပ်ခဲ့ကြောင်း ဆုမြတ်နိုးဦး ပြော

ကိုဗစ်ကြောင့် “၃ (က)” ရုပ်ရှင် ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ပျက်ခဲ့ရ

“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading