ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးတခုမှာပါတဲ့ ရန်ကုန်မြို့ရွှေတိဂုံဘုရားမှာ ကြံရည် ရောင်းချနေတဲ့ Rap ဂီတဝါသနာရှင် A4 ကျော်စွာကို အဆိုတော် ယုန်လေးက သူရေးသားထားတဲ့ “အခြေခံလူတန်းစား”သီချင်းမှာ Rap စာသားပေးဆိုခဲ့တာ တွေ့ရပါတယ်။
“ကိုယ်လည်း အားနေတာနဲ့ Studio သွားပြီး အခြေခံလူတန်းစားဘဝတွေ အကြောင်းရေးထားတဲ့ သီချင်းလေးမှာ A4 ကျော်စွာကို Rap ပေးဆိုလိုက်တယ်။ သူတော်တော် ပျော်နေတယ်။ ပထမဆုံး Studio ရောက်ဖူးတာတဲ့” လို့ ယုန်လေးက ပြောပါတယ်။
ဒီသီချင်းအတွက် အဆိုတော် မိုးမိုးကလည်း Piano ကို မေတ္တာဖြင့် ဝင်ရောက် ကူညီ တီးခတ်ပေးထားတယ်လို့ သိရပါတယ်။ အခြေခံလူတန်းစားများအတွက် ရေးထားတဲ့ သီချင်းမှာတော့ ယုန်လေး ၊ Min Z ၊ A4 ကျော်စွာတို့ ၃ ဦး သီဆိုထားပြီး ဒီရက်ပိုင်းအတွင်း ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
A4 ကျော်စွာကတော့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ကြံရည်ရောင်းရင်း Free Style Rap ဆိုတာဖြစ်ပြီး ပေါ်ပြူလာဂျာနယ်မှ အင်တာဗျူးဖြေရာမှ အဆိုပါ အင်တာဗျူး ဗီဒီယိုဖိုင်အောက်မှာ A4 ကျော်စွာအား ကူညီပေးရန် ယုန်လေးကို ပြောခဲ့ကြရာမှ ယုန်လေးက သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ယုန်လေးက A4 ကျော်စွာကို အစားအသောက်၊ ငွေကြေး ၊ Mask၊ အဆက်အသွယ် ပြုလုပ်ရန်အတွက် ဖုန်း ၁ လုံး ဝယ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယုန်လေးကို လှူချင်တာ လှူနိုင်ဖို့အတွက်လည်း ထိုင်းမော်ဒယ်တဦးမှ သူ့ရဲ့ ဘဏ်အကောင့်ထဲကို မြန်မာငွေကျပ် ၁၇ သိန်း လွှဲပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုတော် ယုန်လေးကိုတော့ မေလ ၁ ရက်နေ့က Ve Ve အချိုရည်ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး Brand Ambassador ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ကိုရီးယားမှာ လူကြည့်အများဆုံး ဖြစ်လာတဲ့ “World of the Married” ဒရာမာ
Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်
မိခင်ရဲ့နာရေးကို လူအယောက် ၂၀ နဲ့သာ ပြုလုပ်ခဲ့ကြောင်း ဆုမြတ်နိုးဦး ပြော