tvN ရုပ်သံလိုင်းကနေ “Psycho But It’s Okay” လို့ ယာယီနာမည်ပေးထားတဲ့ ဇာတ်ကားသစ်ကို မကြာခင် ရိုက်ကူးပြသသွားတော့မှာပါ။ မင်းသား Kim Soo Hyun နဲ့ မင်းသမီး Seo Yi Ji တို့အပြင် တခြားနာမည်ကျော် သရုပ်ဆောင်များစွာပါဝင်မယ့် အချစ်ဇာတ်ကားအမျိုးအစားပါ။
ဒီ ဇာတ်လမ်းတွဲအသစ်ကတော့ စိတ်ရောဂါဌာနက အချစ်အတွက် အချိန်မပေးနိုင်တဲ့ကျန်းမာရေးဝန်ထမ်းကောင်လေးနဲ့ အချစ်အကြောင်းမသိတဲ့ စာရေးဆရာမတို့၂ယောက် တွေ့ဆုံပြီးနောက် တယောက်ရဲ့ စိတ်ဒဏ်ရာကို တယောက်က ကုစားပေးရင်း ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းပါ။
ဇာတ်လမ်းတွဲရိုက်ကူးမယ့် ဒါရိုက်တာ Park Shin Woo ကတော့ ပါဝင်မယ့်ဇာတ်ကောင်းတိုင်းကို သူတို့စိတ်တိုင်းကျ ဖန်တီးနိုင်ခွင့်ပေးထားပြီး အတူတူပုံဖော်သွားကြမယ်လို့ ဆိုပါတယ်။ ထုတ်လုပ်သူတွေကလည်း “Psycho But It’s Okay” ဇာတ်ကားမှာ ပါဝင်တဲ့တယောက်ချင်းစီတိုင်းက သူတို့လုပ်ရမယ့်အလုပ်ကို စိတ်နှစ် ပြီး ကြိုးစားလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။
tvN ကနေ အဆိုပါဇာတ်ကားအတွက် ပထမဆုံးအကြိမ် သရုပ်ဆောင်တွေစုပေါင်းပြီး ဇာတ်ညွှန်းဖတ်ကြတဲ့ ပုံ ရိပ်တွေကို ဝေမျှပေးလိုက်တဲ့အပြင် BTS ဗီဒီယိုအတိုလေးတွေကိုလည်း ပရိသတ်တွေ ကြည့်ရှုနိုင်အောင် တင်ပေးထားပါတယ်။
မင်းသား Kim Soo Hyun ကို စစ်မှုထမ်းဆောင်ကာလ ပြီးဆုံးပြီးနောက်ပိုင်း ဇာတ်ကားတွေမှာ Camero အဖြစ် တွေ့ခဲ့ရပေမယ့် အခုတော့ သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲကို ပရိသတ်တွေ မြင်တွေ့ခွင့်ရတော့မှာပါ။ ဒါဟာ ၂၀၁၅ ခုနှစ်က သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ “The Producers” ဇာတ်လမ်းတွဲနောက်ပိုင်း ၅ နှစ်အကြာ ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်ကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့တာကြောင့်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အလုပ်လုပ်ခဲ့ရ တဲ့ Moon Kang Tae အဖြစ် မင်းသား Kim Soo Hyun ၊ လူမှုရေးခေါင်းပါးပြီး ပေါင်းသင်းရခက်တဲ့ ကလေး ပုံပြင်ရေးစာရေးဆရာမ Go Moon Young အဖြစ် မင်းသမီး Seo Yi Ji က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။
“Psycho But It’s Okay” လို့ နာမည်ပေးထားတဲ့ အဆိုပါဇာတ်လမ်းတွဲအသစ်ကို ဇွန်လထဲမှာ လက်ရှိပြသနေ တဲ့ “When My Love Blooms” ဇာတ်ကားအပြီး ပြသဖို့ စီစဉ်ထားပါတယ်။
Ref: Soompi
You may also like these stories:
ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား
မင်းသား Hyun Bin ထက် ကင်ဂျုံအန်းက ဆွဲဆောင်မှု ပိုရှိတယ်လို့ မြောက်ကိုရီးယားတို့ ယူဆ