နှစ်စဉ်မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ကို “အမေများနေ့”လို့ နိုင်ငံအများစုက သတ်မှတ်ကြပြီး မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို “အမေများနေ့”လို့သတ်မှတ်ကာ အမေ့ရဲ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောကြားလေ့ရှိကြပါတယ်။
ဒါကြောင့် ဒီနေ့မှာ ကျရောက်တဲ့ “အမေ့များနေ့”မှာ ပရိသတ်ချစ်ကြတဲ့ အနုပညာရှင်များကလည်း သူတို့တွေရဲ့ မိခင်တွေနဲ့ပတ်သတ်တဲ့ ဂုဏ်ကျေးဇူးတွေ ၊ ချစ်ခြင်းမေတ္တာတရားတွေကို ထုတ်ဖော်ပြသထားတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း စုစည်းဖော်ပြပေးလိုက်ပါတယ်။
စမိုင်းလ်
မေကြီးရေ မရှိတော့တာ အခုဆို ၄နှစ်ပြည့်တော့မယ်။ အခုအချိန်အထိသမီးသူများတွေ အမေနဲ့ ပျော်နေတာ မြင်ရင်ငိုနေရတုန်းပဲ။ သမီးတို့လှူဒါန်းတာတွေမြင်ရင် ဘယ်လောက်စိတ်ချမ်းသာလိုက်မလဲ။ သမီးတို့ ဘုရားတရားတွေ လုပ်နေတာမြင်ရင် ဘယ်လောက်ကျေနပ်လိုက်မလဲ။
သူများအပေါ်စိတ်ထားကောင်းဖို့နဲ့ ဘယ်တော့မှဘဝင်မမြင့်ဖို့ အမြဲသင်ကြားပေးတဲ့အမေ အပျိုကြီးမကြီးကို အမြဲစိတ်ပူတတ်တဲ့အမေ မကြီးကသမီးတို့ကိုပြန်စောင့်ရှောက်နေတာပါ။ သမီးတို့ပြုသမျှကုသိုလ်တွေအကုန်လုံးရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ။ Happy Mother’s Day ပါအမေ။
ဖွေးဖွေး
Happy Mothers’ Day to all the moms out there ရိုးရိုးအေးအေးလေးနဲ့အားလုံးကို အမြဲအနွံတာခံတဲ့ ထက်ထက်မြက်မြက်အမေတယောက် ကျမမှာရှိတယ်။ အားလုံးအပေါ်ရိုးသားဖို့ ကိုယ့်ကိုယ်ကိုရိုးသားဖို့ သင်ပေးခဲ့တယ် & Thx for letting me be myself as always too mom Not just today I Love you everyday.
အမေဆိုတာ တခါတုန်းကသမီးပါပဲ။ ဖွေးမေမေ ရဲ့အမေ (ဖွေး ဘွားဘွားကို အမေငယ်ငယ်ကတည်းက ဆုံးရှုံးခဲ့ရပေမယ့် အမြဲချစ်ပြီးအဘွားဆုံးမခဲ့တဲ့အတိုင်း အမေနေခဲ့တယ်။ အမေ မရှိတော့တဲ့သူများလည်း ရင်ထဲမှာအမြဲ ထာဝရမေမေ ရှိနေပါတယ်နော်။ အမေတွေအားလုံး ပျော်ရွှင်အေးချမ်းကြပါစေ။
ဘန်နီဖြိုး
ပျော်ရွှင်စရာအမေများနေ့ပါ။ အမေအနားမှာရှိတဲ့သူတွေက အမေ့ကိုအနမ်းလေးတပွင့်လောက်ပေးလိုက်ပါ။ အမေအနားမှာ မရှိတဲ့သူတွေကလည်း စိတ်ထဲကမှန်းပြီးတော့သာ အမေ့ပါးလေးနမ်းလိုက်ပါ။ လူတွေ စိတ်တွေ ဘယ်ဆီကိုရောက်နေနေ ကျနော်တို့ရင်ထဲမှာ မိဘဆိုတဲ့နေရာဟာရှိနေပြီးသားပါ။
ယုန်လေး
Happy Mother’s Day တိုင်း တသက်လုံး အမေနဲ့ တင်စရာ ဒီတပုံပဲ ရှိတယ်။ နောက်တပုံက ကျနော့်အမေအဖေ ဆုံးတော့ မျက်နှာမငယ်အောင် တန်းတူထက်ကို သာအောင်ထားပေးခဲ့တဲ့ကျနော့်ရဲ့ တကယ့်ဘဝကြီး ကြီးကြီးပါ။ အခုတော့ ကောင်းကင်မှာပေါ့။ ကြီးကြီး နဲ့ ဘဘ ကို အခု ကျနော်ရိုက်တဲ့ ကားတွေရုံတင်တဲ့အချိန် Gold Carpet မှာ ရှိစေချင်လိုက်တာဆိုတဲ့ အတွေးလေး တစ်ချက်တစ်ချက် ဝင်ဝင်မိတယ်။ မဖြစ်နိုင် တော့ပေမယ့်လည်းလေ။
အနုပညာရှင်တော်တော်များများကလည်း မိခင်ဖြစ်သူနဲ့ ဓာတ်ပုံအတူ တင်ထားကြပြီး မိခင်များအတွက် ဆုတောင်းပေးထားကြပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အမေများနေ့ မှာ ကမ္ဘာပေါ်ရှိမိခင်များအားလုံးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစေဖို့ ဧရာဝတီက ဆုတောင်းဆန္ဒပြုလိုက်ပါတယ်။