Entertainment

လူကြမ်း ရန်လေးအတွက် ရည်စူးပြီး ဆွမ်းကပ်အလှူ လုပ်ပေးခဲ့တဲ့ အောင်ခိုင်

Want create site? Find Free WordPress Themes and plugins.

ကိုလူချောအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်ဟာ မကြာသေးခင်က ကွယ်လွန်သွားပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ရန်လေး အတွက် ရက်လည် ဆွမ်းသွပ်တရားနာကို မေလ ၁၁ ရက်နေ့၊ ယနေ့မနက်ပိုင်း က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ပေးခဲ့ပါတယ်။

“ရန်လေး ရက်လည်အတွက် ရုပ်ရှင်အစည်းအရုံးမှာပဲ စီစဉ်ပြီး ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီး လှူဖို့ ခွင့်တောင်းတော့ လုပ်ပါ၊ ခွင့်ပြုတယ်ဆိုတော့ လုပ်ဖြစ်တယ်။ ၅ သိန်း ၈ သောင်းလောက် ကူငွေ ရတယ်။ ဆွမ်းဘုဉ်းပေးဖို့ အတွက်ရော၊ ရန်လေးရဲ့ အစ်မတွေ မိတ်ဆွေတွေနဲ့ ကိုလူချော အဖွဲ့ဝင်တွေအတွက် ထမင်းနဲ့ ဟင်း ပွဲ၂၂ ပွဲမှာပြီး လှူဖြစ်တယ်”

“ပြီးတော့ ဘုန်းကြီး တပါးကို ငွေကျပ် ၃ သောင်းစီ လှူဖြစ်တယ်။ ကျနော့်ဆီမှာ စာရင်းရှိပါတယ်။ ကျန်တဲ့ ပိုက်ဆံ ၁ သိန်းကျော်ကိုတော့ ရန်လေးရဲ့ အစ်မတွေက လလည်ဆွမ်း လုပ်ပေးမယ် ပြောတာနဲ့ ဦးအောင်ခိုင် ပေးလိုက်ပါတယ်”လို့ အောင်ခိုင်က ဧရာဝတီကို ပြောပါတယ်။

COVID-19 ကာလအတွင်းမှာ ကွယ်လွန်သွားတဲ့ လူကြမ်းသရုပ်ဆောင် ရန်လေးအတွက် အောင်ခိုင်နဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်လို့ ဆေိုပါတယ်။

“ဦးအောင်ခိုင်တို့ ကိုလူချောအဖွဲ့ဆိုတာကလည်း ဖွဲ့သာ ဖွဲ့ထားတာ အကုန်လုံးက လူကြမ်းတွေချည်းပဲ။ လူဆိုတာက မွေးပြီးရင် တနေ့ သေကြမယ့်သူတွေချည်းပါပဲ။ ဒါပေမဲ့ လူကြမ်းတယောက် ဒီလို ကာလကြီးမှာ ရုတ်တရက် ကွယ်လွန်ခဲ့တော့ ဆေးရုံတက်တာလည်း မသိလိုက်ဘူး။ လူကြမ်းအချင်းချင်းလည်း ကူညီခွင့် မရလိုက်ဘူး။ ဆုံးသွားတော့လည်း လိုက်ပို့ခွင့် မရခဲ့ဘူး”

“ဦးအောင်ခိုင်လို့ လူကြမ်းတွေက အနေမလှပေမယ့် အသေလှအောင် ကိုလူချောအဖွဲ့ ဖွဲ့ထားတာ။ ရန်လေးက အနေလည်းမလှဘူး။ အသေလည်း မလှဘူးဖြစ်သွားတယ်။ ကျနော်တို့ အားလုံး တကယ်ကို စိတ်မကောင်းဘူး” လို့အောင်ခိုင်က ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် ရန်လေးဟာ ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လူကြမ်း ရန်လေး ရဲ့ ဈာပနကိုလည်း တာဝန်ရှိသူတွေက ချက်ချင်း မီးသင်္ဂြိုဟ်ပေးခဲ့ကြတာကြောင့် အနုပညာရှင်တွေ လိုက်ပါပို့ ဆောင်ပေးခွင့်တောင် မရလိုက်ရဘူးလို့ သိရပါတယ်။

You may also like these stories:

ဒါရိုက်တာဏကြီး ရိုက်ကူးတော့မယ့် “The Guys of Rangoon ,1930”

“အမေများနေ့”မှာ မိခင်တွေကို ဆုတောင်းစကားဆိုကြတဲ့ အနုပညာရှင်များ

ကျန်းမာရေး ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း နီတာ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading