မင်းသား Tom Cruise ဟာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတာနဲ့ တပြိုင်နက် ဗင်းနစ်မြို့မှာ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေးကို ပြန်လည်စတင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အတွင်းသတင်း တခုရဲ့အဆိုအရ အသက် ၅၇ နှစ်အရွယ် ဟောလိဝုဒ်စတား Tom Cruise ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ရလို့ ငွေကြေးအကျပ်အတည်း ရပ်ဆိုင်နေရတဲ့ နေရာတနေရာကို ကူညီဖို့ အီတလီနိုင်ငံမှာ ရိုက်ကူးရေးကို ပြန်စဖို့ ပြင်နေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီသတင်းရင်းမြစ်က “မင်းသား Cruise ဟာ COVID -19 အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ဒေသတခုကို ပြန်လည် နာလန်ထလာစေရေး ကူညီဖို့ ဘယ်နေရာမှာမဆို ရိုက်ကူးရေ ပြန်စဖို့ ပြင်ဆင်နေပါပြီ။ ရုပ်ရှင်ထုတ်လုပ်သူတွေက နောက်နေရာတခုကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူက ဘယ်တခုကိုမှ ရွေးမထားပါဘူး။ တော်တော်လေးကို စဉ်းစားထားတာပါ”
“ဗင်းနစ်မြို့ခံလူတွေရဲ့ ကြိုဆိုမှုကိုလည်း ခံရမှပါ။ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချမှတ်ခဲ့ပြီးတဲ့နောက် ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင်နေတာ ကြောင့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုစည်းမျဉ်းတွေကို အီတလီနိုင်ငံက စတင်ဖြေလျှော့လာပြီဖြစ်ပါတယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။
ပန်းခြံတွေ၊ စက်ရုံတွေနဲ့ အဆောက်အဦတွေကို ပြန်ဖွင့်တော့မှာ ဖြစ်တာကြောင့် Mission: Impossible အကြီးအကဲတွေနဲ့ မင်းသား Cruise တို့ဟာ မကြာခင် ရိုက်ကူးရေးကို ပြန်စတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးရေးကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပြီးတဲ့နောက် အဖွင့်ဇာတ်ဝင်ခန်းတွေကို ဗင်းနစ်နဲ့ ရောမမြို့မှာထက် အင်္ဂလန်နိုင်ငံ၊ Surrey ဒေသမှာရှိတဲ့ Longcross Studios မှာ ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ရိုက်ကူးရေးနေရာ အပြောင်းအလဲ လုပ်လိုက်တဲ့အထဲမှာ “The Spanish Steps” လို့ခေါ်တဲ့ Trinita dei Monti ဘုရားကျောင်းမှာ ရိုက်ကူးရေး လုပ်ဖို့ ကိစ္စလည်း ပါဝင်လာခဲ့ပါတယ်။
အခုလိုမျိုး ရုပ်ရှင်ရိုက်ကူးရေးတွေကို အချိန်ရွှေ့ဆိုင်းလိုက်ရတာဟာ MI ရုပ်ရှင်ကိုသာမက ရုပ်ရှင်လုပ်ငန်း တခုလုံး အတွက် ကြီးမားတဲ့ ဂယက်ရိုက်မှုကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အခုသတ္တမမြောက် MI ရုပ်ရှင်မှာ မင်းသား Cruise အပြင် Rebecca Ferguson, Nicholas Hoult နဲ့ Hayley Atwell တို့ပါဝင်ထားပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ပြသဖို့ ပြင်ဆင်ထားပါတယ်။
Ref: asiaone
You may also like these stories:
ကိုရီးယားမှာ လူကြည့်အများဆုံး ဖြစ်လာတဲ့ “World of the Married” ဒရာမာ
Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်