လတ်တလောမှာ လူကြိုက်များနေတဲ့ ကိုရီးယားစီးရီး “The World of the Married” ထဲက သရုပ်ဆောင် ၂ ဦးဖြစ်တဲ့ မင်းသား Lee Moo Saeng နဲ့ မင်းသမီး Kim Hee Ae တို့ဟာ ရိုက်ကွင်းတခုမှာ ရေနစ်လုနီးပါး အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်း Yang Yang ရေလှိုင်းစီး သင်တန်းကျောင်းက ပြောဆိုခဲ့ပါတယ်။
အဲ့ဒီ အန္တရာယ်ကြီးမားတဲ့ အခြေအနေဟာ စီးရီးရဲ့ အပိုင်း ၁၄ မှာ အဓိကဇာတ်ဆောင် မင်းသမီး Kim Hee Ae ရဲ့ ဇာတ်ကောင်ဟာ ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရင်း ကြုံတွေ့ခဲ့ရတာလို့လည်း ဆိုပါတယ်။
မင်းသား Lee Moo Saeng ရဲ့ ဇာတ်ကောင်က မင်းသမီးကို သွားရောက် ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ အချိန်အတွင်းမှာ အဲ့ဒီသရုပ်ဆောင်၂ ဦးဟာ ပြင်းထန်တဲ့ လှိုင်းလုံးတွေကြောင့် ရေထဲ ဆွဲချတာကို ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သူတို့နှစ်ဦးဟာ လှိုင်းပုတ်တဲ့အတိုင်း မျောပါသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့က အလျင်အမြန် ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ရေလှိုင်းစီးသင်တန်းကျောင်းက “ရိုက်ကူးရေးအတွင်းမှာ ရေလှိုင်းစီး ကယ်ဆယ်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချက်တခုကို ကျနော်တို့ လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီ ဇာတ်ဝင်ခန်းမှာ မင်းသမီး Kim Hee Ae လည်း ပါဝင်ခဲ့ပြီး ကျနော်တို့လည်း စိတ်လှုပ်ရှားစွာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီ ရိုက်ကူးရေးအတွင်းမှာ မင်းသမီး Kim ဟာ ပင်လယ်ထဲကို ခုန်ချခဲ့ပြီး မင်းသား Lee က ကယ်တင်ခဲ့ ရပါတယ်။ ဒါပေမဲ့ သူတို့၂ဦးဟာ ပင်လယ်ကမ်းစပ်ကနေ ဆွဲချတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်ရပ် ဖြစ်ဖြစ်ချင်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့ဟာ မဆိုင်းမတွဘဲ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ချက်ချင်း ဆောင်ရွက်ခဲ့ပြီး အဲ့ဒီသရုပ်ဆောင်၂ဦးကို ဘေးကင်းရာသို့ ပို့ဆောင် ပေးခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီကယ်ဆယ်ရေး လုပ်နေတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပေမယ့် မကြာမီမှာပဲ ပြန်လည် ဖြုတ်ချခဲ့ပါတယ်။
တောင်ကိုရီးယားမှာတော့ အသက် ၁၉ နှစ်အထက်မှ ကြည့်ရှုခွင့်ရတဲ့ ဇာတ်လမ်းအမျိုးအစားတွေကို လူကြိုက်ပိုများလာကြတာတွေ့ရရပါတယ်။ BBC One ကနေ ထုတ်လွှင့်ခဲ့တဲ့ “Doctor Foster” စီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ “The World of the Married” ဒရာမာဟာ ကိုရီးယား ကေလ်ဘယ်ရုပ်သံသမိုင်းမှာ လူကြည့်နှုန်းအများဆုံး စီးရီးအဖြစ် စံချိန်တင်ထားပြီး ဖြစ်ပါတယ်။
Ref:koreaboo.com