Entertainment

Mask တွေနဲ့ Sexy ဓာတ်ပုံရိုက်တဲ့ မော်ဒယ်ကို ရှုတ်ချလိုက်တဲ့ ဒေါင်းဝေ

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါဖြစ်နေချိန် Mask ဝယ်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေတဲ့အချိန်မှာ Sexy မော်ဒယ်တဦးက အပေါ်ပိုင်းရင်သား၂ ဖက်ကို Mask အုပ်ပြီး အရှက်လုံ ဓာတ်ပုံများ အွန်လိုင်းပေါ် တင်ထားခဲ့တဲ့အပေါ် သရုပ်ဆောင် ဒေါင်းဝေက ရှုတ်ချလိုက်ပါတယ်။

“ဒီလိုချိန်မျိုးမှာ ကျနော်တို့အွန်လိုင်းမှာ တွေ့တယ်။ Mask တွေနဲ့ မဟုတ်တဲ့နေရာတွေ အုပ်ပြီးတင်တဲ့ ပုံတွေ တင်တာ။ ဒါမျိုး ဖြုန်းတီးတာ မဖြစ်သင့်တဲ့ အလုပ်ကြီးပါ။ ကျနော်တို့ ဒီမှာရှိတဲ့ ပြည်သူတွေ အကုန်လုံး စော်ကားလိုက်သလိုပဲ။ ဒီလို အပြုအမူမျိုး မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။ ရဟန်း သံဃာတွေ နိုင်ငံတော်အကြီးအကဲတွေက ပါးစပ်နဲ့ နှာခေါင်းကို အုပ်ဖို့ လုပ်တာကို ဒီလိုကြီး လုပ်တာတွေတော့ မကောင်းဘူး။ တော်တော်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ”

“အဲ့ဒါကြောင့် ကိုယ့်အတွက် အသုံး မလိုရင် မဝယ်ပါနဲ့။  အဲ့လိုတွေလည်း မလုပ်ကြပါနဲ့။ ဒီလိုပုံတွေ တက်လို့လည်း ကျနော်တို့ နိုင်ငံ သိက္ခာကျပါတယ်။ တချို့ သူတို့ အလုပ်ထွက်လုပ်မှ အဆင်ပြေမယ့် သူတွေ ရှိတယ်။ သူတို့ မှာ Mask ဝယ်ဖို့ တောင်ခက်ခက်ခဲခဲ ဖြစ်နေတာတွေ ရှိတယ်”လို့ဒေါင်းဝေက ပြောပါတယ်။

အခုလို COVID-19 ကာလမှာ အိမ်မှာပဲ နေဖြစ်ပြီး သီချင်းရေး၊ ဂစ်တာတီးဖြစ်နေတယ်လို့ ဒေါင်းဝေကဆိုပါတယ်။

“အခု Stay Home ကာလမှာ နယ်လည်းမပြန်ဖြစ်တော့ သီချင်းရေးတယ်။ ဂစ်တာတီးတယ်။ အဲ့လိုနဲ့ပဲဖြတ်သန်းနေတာပေါ့။ Stay Home မနေရဘဲ အလုပ်ထွက်လုပ်နေရတဲ့ ညီကို မောင်နှမတွေကို ပြောချင်တာက ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ပြီး ကိုယ်ခံအားကောင်းအောင် နေကြပါ။ အပြင်ထွက်ရင် မဖြစ်မနေ Mask ကို အုပ်ကြပါ။ လူထူထပ်တဲ့ နေရာတွေကို အထူးဂရုပြု ရှောင်ကျဉ်ကြပါ” လို့ ဒေါင်းဝေက ဆိုပါတယ်။

အနုပညာရှင်တွေ စီးပွားရေးလုပ်တာတွေ့ရတော့ ဂုဏ်ယူတယ်ဆိုတဲ့ ဒေါင်းဝေက အနုပညာရှင်တွေက အနုပညာလုပ် တတ်ရုံတင် မဟုတ်ဘူး၊ ဈေးလည်း ရောင်းတတ်သွားတယ်လို့ ဆိုပါတယ်။

“စီးပွားရေးက ကိုယ်တယောက်တည်း မဟုတ်ဘူး။ အကုန်လုံး တကမ္ဘာလုံး ကျပ်တည်းသွားကြတဲ့ အတွက် အများကြီး စိတ်မကောင်းဖြစ်မိပါဘူး။ ကျနော်က တယောက်တည်းသမားမို့ သိပ်အခက်အခဲ မရှိပါဘူး။ အဖေကလည်းနယ်မှာ၊ အစ်မတွေ ရှိတော့ စိတ်ချရတယ်။ ကျနော်တို့အတွက်က ဘာမှမဖြစ်ပေမယ့် အခုလက်ရှိ ဇာတ်ပို့ ဇာတ်ရံထဲက တော်တော် မပြေလည်သူတွေ ရှိတယ်။ နောက် လူကြမ်းအဖွဲ့တွေ စက်အဖွဲ့တွေ အခက်အခဲတွေ ဖြစ်ကုန်တယ်”

“တော်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ အနုပညာသမားချင်းလည်း ဖေးဖေးမမနဲ့ ကူညီကြတယ်။ အစည်းအရုံးကလည်း ကူညီကြ တယ်။ အနုပညာရှင်တော်တော်များများ ဈေးရောင်းတာတွေ တွေ့တယ်။ ဒါလည်း ကောင်းတယ်။ ကျနော်တို့က အနုပညာလုပ် တတ်ရုံတင် မဟုတ်ဘူး။ ဈေးလည်းရောင်းတတ်သွားတယ်။ အခက်အခဲတွေ ရှိချိန်မှာ အခုလိုတွေ လုပ်တတ်တော့ ဂုဏ်ယူစရာပါ  ”လို့ဒေါင်းဝေက ပြောပါတယ်။

ဒေါင်းဝေကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့၊ ဇာတ်ရံ တယောက်အအနေနဲ့ ပါဝင်ခဲ့ပြီး အနုပညာအလုပ်တွေလုပ်ကိုင်တာဆိုရင် ၁၀ နှစ်နီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒေါင်းဝေဟာ MRTV-4 က ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

You may also like these stories:

ဘရာစီယာနဲ့ ချုပ်ထားတဲ့ Mask များ ဂျပန်မှာ ရေပန်းစားနေ

 

Did you find apk for android? You can find new Free Android Games and apps.
Loading