Entertainment

ကိုဗစ်ကြောင့် "Avatar 2" ရုပ်ရှင် ပြသမယ့်ရက် ရွှေ့ဆိုင်းမည် မဟုတ်

ဒါရိုက်တာ James Cameron ရဲ့ ပရိသတ်တွေ စော်မျှော်နေကြတဲ့ “Avatar” နောက်ဆက်တွဲရုပ်ရှင်ဟာ မူလက ကြေညာထားတဲ့အတိုင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြသဖို့ စီစဉ်ထားပါတယ်။

ဒါရိုက်တာ Cameron ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ “Avatar 2” နဲ့ “Avatar 3” ရုပ်ရှင်တွေကို တပြိုင်နက်တည်း ရိုက်ကူးနေပြီးတော့ ဒုတိယမြောက်ဖြစ်လာမယ့် သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြသဖို့အတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။

ပထမဆုံး ရုပ်ရှင်ထွက်ရှိခဲ့ပြီး ၁၂ နှစ်ကြာပြီးမှ နောက်ထပ် နောက်ဆက်တွဲ ရုပ်ရှင်တကား ထပ်ထွက်လာတာ ဖြစ်ပြီး ဒါရိုက်တာကတော့ COVID -19 ကြောင့် ရုပ်ရှင်ကို နှောင့်နှေးစေမှာမဟုတ်ဘူးလို့ ပရိသတ်တွေကို ပြောဆိုခဲ့ပါတယ်။

သူက “အရေးပေါ် ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ခွင့်ပြုချက်မရ ဖြစ်နေတဲ့ Avatar 2 အတွက် အလုပ်ပြန်လုပ်ချင်နေပါပြီ။ ဒါကြောင့် အခု အခြေအနေက အဲ့ဒီအတိုင်းဖြစ်နေပါတယ်” လို့ ဆိုပါတယ်။ ကမ္ဘာတဝှမ်းမှာ အသွားအလာ ကန့်သတ်မှုတွေ မစတင်မီ အချိန်ကတည်းက နယူးဇီလန်နိုင်ငံမှာ ရှုတင်ကို စတင်ရန် ကြိုးပမ်းခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဒါရိုက်တာက “ကျနော်တို့ဟာ တတ်နိုင်သလောက် အမြန်ဆုံး ပြန်စနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ အကောင်းဘက်ကနေကြည့်ရင်တော့ နယူးဇီလန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရာမှာ တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိပုံရပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လျှော့ချရေး မဟုတ်ပါဘူး။ ပပျောက်ရေးပါ။ သူတို့က ထိတွေ့ခဲ့တဲ့သူကို အသည်းအသန် ခြေရာခံတာနဲ့ စမ်းသပ်စစ်ဆေးတာတွေ လုပ်နိုင်တယ်လို့ ယုံကြည်ထားပါတယ်” လို့ Empire မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။

ဆက်ပြီးသူက “ကျနော်တို့ရဲ့ ရိုက်ကူးရေးဟာ ၂ လလောက် နှောင့်နှေးနိုင်ပေမယ့် ကျနော်တို့ ဆက်ရိုက်လို့ ရနိုင်သေးတယ်ဆိုတာ တော်တော်လေးကောင်းမွန်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ ဒါဟာ သတင်းကောင်းပါ” လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ် အထူးပြုချက် အဖွဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် အကန့်အသတ်တွေ ဖြစ်ရလို့ အိမ်ကနေပဲ အလုပ်တွေ လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။ အခု ဒုတိယမြောက် ရုပ်ရှင်မှာတော့ Sam Worthington, Zoe Saldana နဲ့ Sigourney Weaver တို့လို မူလ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ ပြန်လည် ပါဝင်လာကြမှာဖြစ်ပါတယ်။

Ref: aceshowbiz

You may also like these stories:

လီဗြောင်းဟွန်း ပါဝင်မယ့် ရုပ်ရှင်အသစ် မကြာခင် ရိုက်ကူးမည်

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

ရိုက်ကူးရေးလုပ်ရင် အရေးယူမယ်လို့ မပြောခဲ့ကြောင်း အစည်းအရုံးဥက္ကဋ္ဌ ပြော

Loading