Entertainment

ဇဏ်ခီတို့ရဲ့ ငွေကြေးလှူဒါန်းနေတဲ့ အစီအစဉ်မှာ သိန်း ၃၀ လှူဒါန်းခဲ့တဲ့ နေတိုး

Want create site? Find Free WordPress Themes and plugins.

COVID-19 ကာလ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်နေတဲ့ တနေ့လုပ် တနေ့စားနေရတဲ့သူများအတွက် ငွေကြေးထောက်ပံ့မယ့် အစီအစဉ်တခုကို ဇဏ်ခီက ဦးဆောင်ပြီး လုပ်ဆောင်လျက်ရှိရာ အဆိုပါ အစီအစဉ်မှာ သရုပ်ဆောင် နေတိုးက ငွေကျပ်သိန်း ၃၀ ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ မေလ ၈ ရက်နေ့က FCPN Program မှာ အလှူငွေသိန်း ၃၀၊ စာအိတ် (၃၀၀) စာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ဒီပုံလေးတွေ မြင်ရတော့ စိတ်ထဲမှာ ခံစားမှုများစွာနဲ့အတူ ပီတိလည်းဖြစ်မိပါတယ်။ အခုလို တကယ် လိုအပ်နေတဲ့သူတွေဆီကို မရောက်ရောက်အောင် ပို့ပေးနေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ FCPN ကို ကျေးဇူးအထူးတင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

ဒီအစီအစဉ်ကတော့ ငွေရေးကြေးရေး ကျပ်တည်းနေတဲ့ လူတွေအနေနဲ့ အစီအစဉ်ကို ဆက်သွယ်လာမယ်ဆိုရင်တော့ ဆက်သွယ်လာသူတိုင်းကို ငွေကျပ် ၁ သောင်း ပို့ပေးနေတာပဲ ဖြစ်ပါတယ်။

“အလှူငွေတွေလည်း အများကြီးရပြီး လူမှုအကျိုးများကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေ။ ပရိသတ်များလည်း ကုသိုလ်အမျှ ရကြပါစေ။ အားလုံးလည်း ကပ်ရောဂါဆိုးမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ” လို့ နေတိုးက ပြောထားပါတယ်။

Free Cash Program for the Needy (FCPN ) အစီအစဉ်ကိုတော့ COVID- 19 ကာလပြီးဆုံးပြီး စီးပွားရေးများ ပြန်လည်လည်ပတ်နိုင်တဲ့အထိ လုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး လှူဒါန်းချင်သူများကို ပါဝင်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

သရုပ်ဆောင် နေတိုးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လူကြမ်းသရုပ်ဆောင်တွေအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါသေးတယ်။

You may also like these stories:

ရိုက်ကူးရေးလုပ်ရင် အရေးယူမယ်လို့ မပြောခဲ့ကြောင်း အစည်းအရုံးဥက္ကဋ္ဌ ပြော

လီဗြောင်းဟွန်း ပါဝင်မယ့် ရုပ်ရှင်အသစ် မကြာခင် ရိုက်ကူးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading