Entertainment

ရေရှားပါးတဲ့ ဒေသများကို သွားရောက် လှူဒါန်းခဲ့တဲ့ ကျော်သူ

Want create site? Find Free WordPress Themes and plugins.

နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက သူရဲ့“ကျော်သူပရဟိတ ကွန်ရက်” နဲ့ “ကျော်သူ ပရဟိတ သာသနာပြုအဖွဲ့” တို့မှ ရေရှားပါးပြတ်လတ်နေတဲ့ ဒေသများကို ရေယာဉ်ကြီးများဖြင့် သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ရေရလို့ပျော်ပြီလေ “ကျော်သူပရဟိတကွန်ရက်နှင့် ကျော်သူပရဟိတသာသနာပြုအဖွဲ့” တို့မှ ရေရှားပါးပြတ်လပ်နေတဲ့ ပဲခူးတိုင်းဒေသကြီးအဆုံးရှိ ဖန်ခါးပင်ကျေးရွာ၊ မကွေးတိုင်းဒေသကြီးအစသောင်ပြင်ကျေးရွာများသို့ ဒီနေ့ မေ ၁၄ ရက်နေ့ နံနက်ခင်းမှာ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌကြီး ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇအနာဂါတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း အဖွဲ့မှ လှူဒါန်းထားတဲ့ ရေယာဉ်ကြီးနဲ့ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြပါတယ်” လို့ ကျော်သူက ဆိုထားပါတယ်။

အဆိုပါ ရေအလှူကိုတော့ ပဲခူးတိုင်းဒေသကြီးအဆုံးရှိ ဖန်ခါးပင်ကျေးရွာ၊ မကွေးတိုင်းဒေသကြီးအစ သောင်ပြင် ကျေးရွာများကို သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“ရေသယ်ယာဉ်အတွက် ဒီဇယ်ဆီ လှူဒါန်းပေးပြီး ကိုယ်တိုင်လိုက်ပါကူညီပေးကြသော နဝဒေးတံတားရဲကင်းမှ ရဲဘော်များအားလည်း အထူးကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ပါတယ်” လို့လည်း ကျော်သူက ဆိုထားပါတယ်။

ဒီလို လှူဒါန်းရတာကြောင့် ရေရရှိသွားလို့ ပျော်ရွှင်သွားကြတဲ့သူများရဲ့ ပျော်ရွှင်ဖွယ် မျက်နှာများကို မြင်ရတာဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ပီတိ ရရှိတယ်လို့ ဆိုပါတယ်။

“ပူပြင်းလှတဲ့ နွေရာသီမှာ ရေပြတ်လတ်နေတဲ့ မိဘပြည်သူ၊ သားသမီးငယ်လေးများ ရေရရှိလို့ ပျော်ရွှင်ဖွယ် မျက်နှာလေးများကား ကျနော်တို့အဖို့ မည်သည့်အရာနှင့်မျှ မလဲနိုင်သော ပီတိကို ရရှိစေခဲ့ပါသည်” လို့ ကျော်သူက ရေးသားထားပါတယ်။

အဆိုပါ ရေလှူဒါန်းမှုကိုတော့ မေလ ၁၃ ရက်နေ့က သွားရောက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ ကျော်သူက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

You may also like these stories:

ဇဏ်ခီတို့ရဲ့ ငွေကြေးလှူဒါန်းနေတဲ့ အစီအစဉ်မှာ သိန်း ၃၀ လှူဒါန်းခဲ့တဲ့ နေတိုး

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

Did you find apk for android? You can find new Free Android Games and apps.
Loading