Entertainment

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေအတိုင်း နေစေချင်တယ်”

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး အစိုးရ ညွှန်ကြားထားတဲ့အတိုင်း ပြည်သူတွေကို နေစေချင်ပြီး လက်ရှိ ဦးဆောင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းလေးစားတယ်လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပြောပါတယ်။

“ကျနော်တို့ကို ဦးဆောင်တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းလေးစားတယ်။ ကျနော် လေးစားတယ်ပြောလို့ ပါတီဝင်တယောက်တော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ချစ်နေတာပါ”

“ကျနော် ၆၃ နှစ် ရောက်နေပြီ။ ရှေ့မှာလည်း အုပ်ချုပ်တဲ့ လူကြီးတွေနဲ့ အများကြီး ကြုံခဲ့ဖူးပါတယ်။ ဒီလို ခေါင်းဆောင်မျိုးကိုတော့ ကျနော် ဒီတခါပဲ တွေ့ဖူးတယ်။ စကားပြောတာတွေကအစ အန်တီစု လုပ်ပြတာ။ အန်တီစုနဲ့ အွန်လိုင်းကနေ စကားပြောတဲ့သူတွေက အမေ ဘာဖြစ်တယ်။ သားကလေ၊ သမီးကလေ ပြောရင် ကျနော် မျက်ရည်တောင်ဝဲတယ်။ အဲ့လောက်ထိ အမေစုကို မြတ်နိုးတယ်”

“အခုလို ကျနော်တို့မှာ ခေါင်းဆောင်ကောင်း ဦးဆောင်သူကောင်း ရထားလို့ သူတို့ လမ်းညွှန်မှုအောက်မှာ နေတယ်။ ကျနော်တို့ အားလုံးက မိခင်နဲ့တူတဲ့ အမေမျိုး ရထားတယ်။ ကျနော်မိခင်နဲ့တူတဲ့ အမေက ဆုံးမတယ်၊ စောင့်ရှောက်ရင် ကျနော်တို့လည်း ပူးပေါင်းပြီး အမေပြောတဲ့အတိုင်း လုပ်စေချင်တယ်”လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပြောပါတယ်။

“အခု ၅ လပိုင်းထဲ ရောက်လာပြီ။ ကျနော်တို့တွေ ကြံ့ကြံ့ခံနိုင်ကြတယ်။ ချမ်းသာတဲ့ တိုင်းပြည်တောင် ပံ့ပိုးမှု ကောင်းတာတောင် ကျနော်တို့ မြန်မာနိုင်ငံလို မလုပ်ခဲ့ဘူး။ အဲ့အတွက် အမေ့ လမ်းညွှန်မှုတွေကို လိုက်လုပ်စေချင်ပါတယ်။ အမေစုကို ညတိုင်းလည်း ကန်တော့ပါတယ်”လို့ ညွန့်မြန်မာညီညီအောင်က ပြောပါတယ်။

COVID-19 ရောဂါ ဖြစ်ပွားနေချိန်မှာ ရပ်ကွက်ထဲက အနှေးယာဉ်သမားတွေနဲ့ စက်အဖွဲ့သားတွေကိုလည်း တတ်နိုင်သလောက် လှူပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကမ္ဘာမှာ ဖြစ်နေတဲ့ ရောဂါက ကျနော်တို့ဆီမှာ ဦးဆောင်တဲ့သူ ကောင်းတဲ့အတွက် ကျနော် အခု Stay Home ကာလလေးမှာ ကျနော်တို့ ဦးဆောင်တဲ့သူ ပြောတဲ့အတိုင်း အိမ်မှာနေတယ်။ မဖြစ်မနေ အပြင်ထွက်ရရင်လည်း လိုအပ်တဲ့ အကာအကွယ်တွေ လုပ်ပြီးသွားတယ်။ မသွားမိအောင်တော့ အတတ်နိုင်ဆုံးအိမ်မှာ နေပါတယ်။ ရောဂါအတွက် ဆိုထားတဲ့ သီချင်းလေးတွေ ဆိုထားတာလေးတွေ ကြိုက်တယ်။ အိမ်မှာ နေပါတို့။ အိမ်မှာ နေချင်တာပေါ့”

“အဲ့သီချင်းတွေ အတိုင်းပဲ အိမ်မှာ နေလို့မရဘဲ တနေ့လုပ်မှ တနေ့ စားရတဲ့ ဝမ်းရေးအတွက် အခက်အခဲဖြစ်နေသူတွေ ရှိတာပဲ။ နိုင်ငံတော်ကလည်း ပေးပေမယ့် ရတဲ့သူရှိသလို မရတဲ့သူလည်း ရှိတယ်။ ကျနော်တို့ဆိုရင်လည်း ကျနော် စက်အဖွဲ့တွေကို ကူညီပေးတယ်။ ရပ်ကွက်ထဲက အနှေးယာဉ်လုပ်သားတွေနဲ့ အမှိုက်သမားတွေကိုတော့ လှူဒါန်းဖြစ်ပါတယ်။ COVID-19 အတွက် အလှူတွေ ကြုံသလိုတော့ တတ်နိုင်သလောက် လှူဖြစ်ပါတယ်”လို့ ညွန့်မြန်မာညီညီအောင်က ပြောပါတယ်။

You may also like these stories:

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

ဇဏ်ခီတို့ရဲ့ ငွေကြေးလှူဒါန်းနေတဲ့ အစီအစဉ်မှာ သိန်း ၃၀ လှူဒါန်းခဲ့တဲ့ နေတိုး

Did you find apk for android? You can find new Free Android Games and apps.
Loading