Entertainment

“Stay Home ကာလမှာ အကောင်းဆုံး နေနေပါတယ်”လို့ ဝိုင်းလေး ပြော

Want create site? Find Free WordPress Themes and plugins.

အလှမယ်တဦး ဖြစ်သလို၊ အဆိုတော်လည်း ဖြစ်တဲ့ အဆိုတော် ဝိုင်းလေးက Stay Home ကာလမှာ အိမ်မှာနေရင်း ကိုယ်တိုင် သီချင်းတွေ ရေးဖြစ်တယ်လို့ ဆိုပါတယ်။

“Stay Home ကာလမှာ ဝိုင်းလေးက အိမ်မှာပဲ ကိုယ်တိုင် သီချင်းလေးတွေ ရေးတယ်။ သီချင်းလေးတွေ နားထောင်တယ်။ ရုပ်ရှင် ကြည့်တယ်။ Tik tok ဆော့တယ်။ ပြီးတော့ Youtube ကနေ ဟင်းချက်နည်းတွေ ကြည့်ပြီး ဟင်းတွေ ချက်စားပါတယ်။ အဆိုးထဲက အကောင်းဆုံး နေနေပါတယ်။ ဝိုင်းလေး အလှူလေးတွေ တတ်နိုင်သလောက် လုပ်ပါတယ်။ We Love Yangon အဖွဲ့တွေနဲ့လည်း အလှူလေးတွေ လုပ်ဖြစ်တယ်”လို့ ဝိုင်းလေးက ပြောပါတယ်။

We Love Yangon အဖွဲ့နဲ့ လှူဒါန်းနေတဲ့ ဝိုင်းလေး (ဓာတ်ပုံ – Wyne Lay’s Facebook)

ဆက်လက်ပြီး ဝိုင်းလေးက ဒီကာလအတွင်း အိမ်မှာ သီချင်းတွေ ဖန်တီးဖြစ်တဲ့အတွက် သီချင်းကောင်းတွေ အများကြီး ထွက်လာမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“အခုကတော့ အိမ်မှာ သီချင်းလေးတွေ ရေးတယ်။ ပြီးတော့ ကိုယ်တီးနေကျ Music Producer တွေနဲ့အတူတူ အိမ်မှာပဲ သီချင်းလေးတွေ အပ်တယ်။ သီချင်းကောင်းကောင်းတွေ အများကြီးထွက်လာမယ်လို့လည်း ယုံကြည်တယ်”

“သီချင်းဆိုတာကလည်း သင်္ကြန်မတိုင်ခင်ကတည်းက ဖျက်ထားရတယ်။ ဝင်ငွေတော့ အရမ်းထိခိုက်တာပေါ့။ ဒီရောဂါကြီးဖြစ်တဲ့အခါကျတော့ စီးပွားရေး ခက်ခဲတာ အနုပညာသမားတွေမှ မဟုတ်ဘူး။ အကုန်လုံး တော်တော်များများ ဒုက္ခရောက်ကြတယ်။ ဝိုင်းလေးတို့ဆိုလည်း “အိပ်မက်ကာရန်” ရိုက်ကူးနေတဲ့ တဝက်မှာပဲ အာလုံးက နားရမယ်ဆိုတော့ ရပ်နားထားတယ်”လို့ ဝိုင်းလေးက ပြောပါတယ်။

COVID-19 ရောဂါကြောင့် ပြည်သူများကို တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ အစိုးရက တိုက်တွန်းထားပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေကို ဝိုင်းလေးက ကျန်းမာရေး ဂရုစိုက်ကြဖို့ အခုလို ပြောပါတယ်။

“အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ သူတွေ အတွက်ပြောချင်တာက ကျန်းမာရေးကို ဂရုစိုက်ပါ။ Mask တပ်ပါ၊ လက်ဆေးပါ။ ဒီရောဂါကို အကြောက်အလန့် မရှိဘဲ သွားနေသူတွေကိုပြောချင်တာက ဖြစ်လာရင် အရင် ကိုယ်ခံစားရမယ်။ နောက် မိသားစု၊ ကိုယ်နေတဲ့လမ်း၊ မြို့နယ် အကုန်လုံးကို ကူးစက်စေနိုင်တယ်။ ကိုယ်တိုင် ကာကွယ်နေထိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုပါကာ ကွယ်စေချင်ပါတယ်။ စိတ်ဓာတ်တွေ မကျပါနဲ့ ”

“တကယ်လို့ ပေါ့လျော့စွာ နေထိုင်လိုက်ရင် ကိုယ်တိုင်အပြင် ကိုယ်ချစ်ရတဲ့ မိသားစုပါ ဒုက္ခရောက်မှာ ဖြစ်တဲ့အတွက် တွေးတောပြီး ဆင်ခြင်စေချင်တယ်။ ဆေးကလည်း မတွေ့သေးဘူး။ အဲ့အတွက် ဒီရောဂါကို အရမ်းကြောက်တာမျိုး မဟုတ်ပေမယ့် ကြောက်သင့်ပါတယ်။ ပရိသတ်တွေ ကျန်းမာရေးဂရုစိုက်ပါ။ ကျန်းမာအောင်နေပါ။ လက်ကို သေချာဆေးပါ။ အာဟာရရှိတာတွေ စားပါ။ အိပ်ရေး ဝအောင် အိပ်ပါ။ ကမ္ဘာကြီး ကျန်းမာတဲ့နေ့ကြရင် အာလုံးနဲ့ အတူတူ ပြန်ဆုံချင်ပါတယ်”လို့ ဝိုင်းလေးက ပြောပါတယ်။

ဝိုင်းလေးဟာ Miss Myanmar World အလှမယ်တဦးဖြစ်သလို “အိပ်မက်ဆုံရာ”သီချင်းဆိုပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ရင်း ပရိသတ် အားပေးမှု ရရှိလာတဲ့ အနုပညာရှင် တယောက် ဖြစ်ပါတယ်။ လတ်တလောမှာ ဝိုင်းလေးက ဝါရင့် အဆိုတော်၊ သရုပ်ဆောင်များနဲ့အတူ “အိပ်မက်ကာရန်” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်နေပါတယ်။

You may also like these stories:

နိုင်ငံတကာက အနုပညာရှင်တွေ ကိုရိုနာကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲ

“ရိုးသားပြီး စိတ်ဓာတ်ကောင်းမွန်သူကို ချစ်သူရွေးချယ်ထားတယ်”ဆိုတဲ့ ဝိုင်းလေ

Did you find apk for android? You can find new Free Android Games and apps.
Loading