• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အခြေခံ လူတန်းစားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ငွေဇင်လှိုင်း

by ချစ်ပိုး
17 May 2020
in Entertainment
A A
Myanmar Idol မှ အဆိုတော် ငွေဇင်လှိုင်း  / ဧရာဝတီ

Myanmar Idol မှ အဆိုတော် ငွေဇင်လှိုင်း / ဧရာဝတီ

7.8k
VIEWS
Share on FacebookShare on Twitter

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ငွေဇင်လှိုင်းက Stay Home ကာလမှာ အိမ်မှာနေရင်း လုပ်ဖြစ်တဲ့ အလုပ်တွေအကြောင်း အခုလိုပဲ ပြောပါတယ်။

“Stay home ကာလမှာ ငွေဇင် ဟင်းတွေ ချက်စားဖြစ်တယ်။ မလုပ်ဖြစ်တဲ့အလုပ်တွေလည်း ပိုလုပ်ဖြစ်တယ်။ ငွေဇင် သီချင်းတွေနဲ့ ပတ်သက်ပြီးလည်း လုပ်ဖြစ်တယ်။ ငွေဇင့် အခွေက ၃ လပိုင်းကမှ ထွက်ထားတာဆိုတော့ အဲ့ထဲက သီချင်းတွေ Music video ရိုက်ဖို့ လူစုလူဝေးလည်း လုပ်လို့ မရတော့ တယောက်တည်း အဆို ရုပ်ကတ်လေးတွေ ရိုက်ထားတာ ရှိတယ်။ ကမ္ဘာကြီး ပြန်နေကောင်းလာမယ့်အချိန်ကျရင် အာလုံးနဲ့ အတူတူ ပွဲတွေ နွှဲနိုင်ဖို့ အားမွေးထားပါတယ်”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
534
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
233
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
774

ဆက်လက်ပြီး ငွေဇင်လှိုင်းက ကုသခြင်းထက် ကာကွယ်ခြင်းဟာ ပိုထိရောက်တဲ့အတွက် အပြင်သွားတိုင်း Mask တပ်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

“စိတ်ကူးတွေလည်း အများကြီးရှိပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်တယ် ဆိုတာ မျိုးပေါ့။ လူတိုင်းက ကာကွယ်ရမယ်ဆိုတာ သိတယ်။ အဲ့တော့ အရေးကြီးလို့ Mask တပ်ပါလို့ လှုံ့ဆော်နေတာကိုမှ မတပ်ဘဲ သွားတယ် ဆိုရင်တော့ ကိုယ့်မိသားစုကို ဒုက္ခရောက်မှာပေါ့။ ကိုယ့်မိသားစုအတွက် ကာကွယ်သင့်တယ်လို့ ပြောချင်ပါတယ်”လို့ ငွေဇင်လှိုင်းက ဆိုပါတယ်။

အခုလို ကာလမှာ အခြေခံ လူတန်းစားတွေအနေနဲ့ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတဲ့အတွက် ငွေဇင်လှိုင်းက စိတ်မကောင်းဘူးလို့ ဆိုပြီး တတ်နိုင်သလောက်လည်း လှူဖြစ်တယ်လို့ ဆိုပါတယ်။

“အခြေခံလူတန်းစားတွေ အများကြီး ခက်ခဲနေကြတာဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ လောလောဆယ် ဒီရောဂါက ဘယ်ချိန်ထိသွားမလဲ မသိဘူးလေ။ Lockdown ကာလကလည်း ၄ လပိုင်းကနေ အခု ၅ လပိုင်းထိ ဖြစ်သွားပြီ။ တခါမှလည်း မကြုံဖူးဘူး။ အကုန်လုံး ခက်ခဲသွားကြတာ။ အလှူအတန်းတွေ အများလုပ်နေကြတာ တွေ့တယ်။ ကိုယ်တိုင် အပြင်မထွက်ဖြစ်ရင်တောင် သူများလှူရင် နိုင်သလောက် ထည့်လှူဖြစ်တယ်။ အခုက အလုပ်တွေလည်းနားတော့ အခက်တွေ့တာပေါ့”

“ကိုယ်တောင် ဒီလို ဖြစ်နေတယ်ဆိုရင် တနေ့လုပ်မှ တနေ့စားရမယ့် သူတွေကို အရမ်း စိုးရိမ်တယ်။ တကယ်လို့သာ ရောဂါတွေ ပြီးလို့ စီးပွားရေးတွေ ပြန်လည်ပတ်မယ်ဆိုရင်တောင်မှ အနုပညာက သူတွေ ချက်ချင်း မလည်ပတ်နိုင်သေးဘူး။ လုပ်ငန်းရှင်တွေလည်း ထိခိုက်သွားတယ်ဆိုတော့ သူတို့လည်း စီးပွားရေးပြန်လည် ထူထောင်ရေးတွေ လုပ်ရဦးမှာဆိုတော့ ဖျော်ဖြေရေးသမားတွေအတွက် အများကြီး ထိခိုက်တယ်။ ဂီတလောကမှာလည်း ကိုယ့်ထက်ပိုပြီး ထိခိုက်သူတွေလည်း ရှိတယ်ဆိုတော့ ဒီရောဂါကြီး အမြန်ပြီးစေချင်ပြီ”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့သူ ငွေဇင်လှိုင်းကတော့ အနယ်နယ် အရပ်ရပ်က ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုကို ရရှိထားသူ တယောက်ပါ။ သူ့ရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ “သီချင်းသည်” တကိုယ်တော်ခွေကို ၂၀၂၀ ခုနှစ်၊ မတ်လအတွင်းက ထွက်ရှိထားပါတယ်။

Your Thoughts …
Tags: Myanmar IdolStay Homeဂီတလောကငွေဇင်လှိုင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် မိုးဟေကို  / Moe Hay Ko's Facebook

မိုးဟေကို ကိုယ်တိုင် ပြောပြထားတဲ့ မိုးဟေကို အကြောင်း

by ချစ်ပိုး
20 January 2021
7.1k

“မိုးရဲ့ စိတ်နေစိတ်ထားကို ပြောရရင် မိုးက အနေတည်တယ်။ အနေအေးတယ်။ စကားနည်းတယ်။ ဒါအပြင်က လူတွေကြည့်တာပေါ့။

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

တေးသံရှင် ရာဇာဝင်းတင့်

ဂီတလောကရဲ့ စိန်တပွင့် တေးသံရှင် ရာဇာဝင်းတင့် ကွယ်လွန်

by ဧရာဝတီ
1 August 2021
21.5k

ရာဇာဝင်းတင့်ဟာ မြန်မာ့အသံမှာ ဓာတ်ပြားခေတ်ကတည်းက မောင်ဝင်းတင့်ဆိုတဲ့ အမည်နဲ့ တေးသီချင်းတွေ သီဆိုခဲ့သူ ဖြစ်ပါတယ်။

လေးဖြူနဲ့ အငဲ ဖျော်ဖြေမယ့် “Stay Home” Live Concert

အဆိုတော် လေးဖြူနဲ့ အငဲ ဖျော်ဖြေမယ့် “Stay Home” Live Concert

by ယုဖြူဟန်
5 January 2021
7.3k

အဆိုပါ Live Show ကြည့်နိုင်မယ့် Application ကို မကြာခင် Download လုပ်နိုင်မှာဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကိုလည်း ကြေညာသွားပေးမှာ ဖြစ်ပါတယ်။

အဆိုတော် ယွန်းမြတ်သူ  / Yoon Myat Thu's Facebook

အပြင်မသွားဘဲ အိမ်မှာပဲ သီချင်းနဲ့ ပတ်သက်တာတွေ လုပ်ကိုင်နေတဲ့ ယွန်းမြတ်သူ

by ချစ်ပိုး
21 November 2020
7k

အခုက ကိုဗစ်ကာလလည်းဖြစ်နေတော့ စားဝတ်နေရေး ကျပ်တည်းနေတာလည်း ရှိတယ်။ အခုလို ရောဂါတွေ ရှိနေပေမယ့် အလုပ်လုပ်နေရသူတွေရှိတယ်။

အဆိုတော် မာမာအေး / နေပိုင် / ဧရာဝတီ

“ကိုယ်ပိုင်သီချင်းတွေ ရှိအောင် လုပ်ကြပါ”လို့ တိုက်တွန်းတဲ့ အဆိုတော် မာမာအေး

by ချစ်ပိုး
11 February 2020
3.5k

“အခုနောက်ပိုင်းမှာ မြန်မာသံစဉ်တွေ နည်းလာတာက မြန်မာသံလိုက်ဆိုနိုင်တဲ့ သူနည်းလာလို့ ထင်ပါတယ်။ မြန်မာသီချင်းက သေချာ တိတိကျကျနဲ့ ဆိုနိုင်မှ အသံလည်း ကောင်းရမယ်။

Next Post
ထိုင်းနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းသွားလာခွင့်တွေကို ဧပြီလကစလို့ ယာယီ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ နိုင်ငံတကာ လေကြောင်းခရီး သွားလာခွင့် ဇွန်လကုန်အထိ တိုးမြှင့်

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလိဝုဒ်ရုပ်ရှင် လောကလည်း ကမောက်ကမ ဖြစ်နေပါတယ်။

ဘောလိဝုဒ် ရုပ်ရှင်အသစ်တွေကို Amazon Prime ကနေ ပြသမည်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.6k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate