• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

စူပါဟီးရိုးရုပ်ရှင်တွေဟာ ကလေးတွေအတွက်သာ ဖြစ်တယ်လို့ Vincent Cassel ပြော

by မစ်ကီ
18 May 2020
in Entertainment
A A
ပြင်သစ်မင်းသား Vincent Cassel

ပြင်သစ်မင်းသား Vincent Cassel

5.7k
VIEWS
Share on FacebookShare on Twitter

ပြင်သစ်မင်းသား Vincent Cassel က စူပါဟီးရိုးရုပ်ရှင်တွေဟာ ကလေးတွေနဲ့သာ ပိုမိုလိုက်ဖက်တယ်လို့ ယုံကြည်တာကြောင့် အဲ့ဒီရုပ်ရှင်တွေကို ကြည့်ဖို့ စိတ်မဝင်စားဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဝါရင့်ဒါရိုက်တာကြီး Martin Scorsese က MCU လို့ခေါ်တဲ့ Marvel Cinematic Universe ထဲက ရုပ်ရှင်တွေကို ရုပ်ရှင်သဘောမျိုး မဟုတ်ဘဲ သာမန်ဖျော်ဖြေရေး တခုသာသာ သဘောကျတယ်လို့ ပြောဆိုခဲ့ရာကနေ အပြင်းအထန် ငြင်းခုံပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လအနည်းငယ်အကြာမှာ “Westworld” စီးရီး မင်းသားရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
360
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
820
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲမှာ ထရီလီယံနာ သူဌေးကြီး Engerraund Serac အဖြစ် သရုပ်ဆောင်ထားတဲ့ Cassel က သူငယ်စဉ်ကလေးဘဝတုန်းက Comics ကာတွန်းစာအုပ်ပရိသတ် ဖြစ်ခဲ့ပေမယ့် အခုတော့ အဲ့ဒီရုပ်ရှင်တွေကို ကြည့်ရှုလေ့ မရှိဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ရိုးရိုးသားသား ပြောရရင် ကျနော်ကြည့်လေ့ရှိတဲ့ ရုပ်ရှင်တွေ မဟုတ်ပါဘူး။ သူတို့က နည်းပညာတွေနဲ့အတူ ဖြစ်ပေါ်လာပြီး အထူးပြုလုပ်ချက်တွေကြောင့် Iron Man နဲ့ Spider-Man တို့ဟာ တကယ်ရှိတယ်လို့ ထင်လာရစေပါတယ် ဆိုတဲ့အချက်ကို ကျနော် စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ နောက်တော့ ပုံမှန်ပဲ ဖြစ်သွားပါတယ်”လို့ မင်းသားက ဆိုပါတယ်။

“ကျနော် ကလေးဘဝတုန်းက Comics ပရိသတ်တဦး ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲ့ဒါတွေဟာ ကလေးကြိုက် ရုပ်ရှင်တွေ ဖြစ်တယ်လို့ ထင်ပါတယ်။ ကျနော်ဟာ ကလေးစိတ် နည်းနည်းလေး ရှိဦးမယ်ဆိုရင်တော့ မကြိုက်ဘူးလို့ ပြောမှာပါ။ ကျနော်ကြည့်မှာ မဟုတ်ပါဘူး”လို့ သူက Inverse မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဗီလိန်ကောင်းကောင်း ပါဝင်ပြီး ကလေးကြိုက်ရုပ်ရှင်နဲ့ မတူတဲ့ လှည့်ကွက်တွေ ပါဝင်လာဖို့ ဉာဏ်ကောင်းကောင်းနဲ့ အရည်အချင်းရှိတဲ့လူ ရိုက်မယ့် စူပါဟီးရိုးရုပ်ရှင်ကိုတော့ သူကြည့်ကောင်း ကြည့်မယ်လို့လည်း ဆိုပါတယ်။

“ကျနော် ကြည့်ဖို့ ကြိုးစားချဉ်းကပ်ခဲ့တာ အနည်းငယ်တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆုံးအထိ ကျနော် ကြည့်နိုင်မှာ မဟုတ်ဘူးလို့ပဲ အချိန်အကြာကြီး အခိုင်အမာ ခံစားနေမိပါတယ်” လို့ သူက ဆိုပါတယ်။

စာရင်းတွေအရ ကမ္ဘာ့ဝင်ငွေအများဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ စူပါဟီးရိုးရုပ်ရှင် ၃ ကား ပါဝင်နေတာကို တွေ့ရပါတယ်။ “Avengers: Endgame နဲ့ Avengers : Infinity War” ရုပ်ရှင်တွေဟာ ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်စီ ရရှိထားပြီး “The Avengers” ရုပ်ရှင်ကတော့ ဒေါ်လာ ၁ ဘီလီယံခွဲ ရရှိထားပါတယ်။

Ref: ptinews

You may also like these stories:

ဘောလိဝုဒ် ရုပ်ရှင်အသစ်တွေကို Amazon Prime ကနေ ပြသမည်

LGBTIQ တွေကို မမုန်းတီးကြဖို့ ဥက္ကာမင်းမောင် ပြော

Your Thoughts …
Tags: Vincent Casselစူပါဟီးရိုးရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

“Black Panther” မင်းသား Chadwick Boseman

“Black Panther” မင်းသား ဇာတ်ကောင်ကို အစားထိုး ရိုက်ကူးမည် မဟုတ်ဟုဆို

by မစ်ကီ
14 December 2020
2.8k

ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ နောက်ဆက်တွဲ ရုပ်ရှင်ထဲမှာ မင်းသား Boseman နေရာမှာ ဒစ်ဂျစ်တယ် လူစားထိုး ရိုက်ကူးဖို့ စီစဉ်ထားတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆိုထားပါတယ်။

မင်းသား Keanu Reeves

စူပါဟီးရိုးရုပ်ရှင်ကို The Russo Brothers နဲ့အတူ လက်တွဲ ရိုက်ကူးတော့မယ့် Keanu Reeves

by ဟယ်လ်သင်
25 November 2019
2.8k

အခု တခါမှာတော့ ညီအစ်ကိုနှစ်ယောက် ပေါင်းစည်းထားတဲ့ The Russo Brothers ကနေ Keanu Reeves နဲ့လက်တွဲပြီး စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

Next Post
ထိုင်းနိုင်ငံတွင် တွေ့ရသော ခရီးသွားများ

နိုင်ငံအချို့ကို ကျန်းမာရေး အန္တရာယ်ဇုန်စာရင်းမှ ထိုင်းအစိုးရ ပယ်ဖျက်

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှ ယာယီဈေးမြင်ကွင်း / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက ဒဏ်ရိုက်တော့မည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate