သရုပ်ဆောင် ယွန်းယွန်းက အခုလို အိမ်မှာ နေနေရတဲ့ ကာလမှာ အစားစားပြီးတိုင်း အချိုရည် အမြဲ သောက်တာဟာ မကောင်းတဲ့ အကျင့်ဆိုးကြီး တခု လုပ်မိသလို ခံစားရတာကြောင့် အချိန် ၁ လတိတိ အချိုရည် မသောက်တဲ့ Challenge လုပ်ဖို့ ပြောပြထားပါတယ်။
“အခုတလော အိမ်မှာနေရင်း အစားစားတိုင်း အချိုရည် အမြဲသောက်ဖြစ်နေတယ်။ အခုလို သိပ်လည်း မလှုပ်ရှားဖြစ်တဲ့အချိန်မှာ မကောင်းတဲ့ အကျင့်ကြီးတခု လုပ်မိသလို ခံစားရတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး ၁ လတိတိ ဘာအချိုရည်မှ မသောက်ဘဲ ရေနဲ့ Green Tea ပဲ သောက်တော့မယ်” လို့ ယွန်းယွန်းက ပြောပါတယ်။
အချိုရည် မသောက်ဘဲ နေနိုင်လိမ့်မယ်လို့လည်း ယွန်းယွန်းက ဆိုထားပါသေးတယ်။
“ယွန်းတော့ လုပ်နိုင်မယ် ထင်တယ်။ အထဲက ကျောက်ကပ်တွေကို အနားပေးချင်လို့ ဒီ Challenge လေး အတူတူ လုပ်ချင်တဲ့သူ ရှိရင်လည်း ဖိတ်ခေါ်ပါတယ်။ နေ့စဉ် ရေတွက်ပြီး Motivate လုပ်ကြမယ်” လို့ ယွန်းယွန်းက ပြောပါတယ်။
ဒီ Challenge ကိုတော့ ယွန်းယွန်းက မေလ ၁၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နေ့တိုင်း မသောက်ဖြစ်တဲ့အကြောင်းကို အသိပေးပြီး ၁ လအကြာ Challenge ပြုသွားမယ်လို့ သိရပါတယ်။
ကလေး သရုပ်ဆောင်ကနေ ဆယ်ကျော်သက် တယောက် ဖြစ်လာတဲ့ ယွန်းယွန်းကတော့ လက်ရှိမှာ Stay Home နေနေပြီး ၂၀၂၀ အတွင်းမှာတော့ “စိတ်ကန်း” ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ် ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ယွန်းယွန်းက၂၀၁၂ ခုနှစ်မှာ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးရုပ်ရှင် ကလေးသရုပ်ဆောင်ဆု (အထူးဆု) နဲ့ အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်
ကင်ဆာကုသဖို့ ဆေးရုံတက်နေရင်း အခြေအနေ ပြောပြတဲ့ မီးမီးခဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲကို ဝင်ပြိုင်ထားတဲ့ ချောစုခင်