နာမည်ကျော် ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်ဟာ သူ့ရဲ့ အနုပညာလုပ်ငန်းထဲမှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး နာမည်ကျော်ကြားမှု အရှိန်အဟုန်ကို အချိန်အကြာဆုံး ထိန်းထားနိုင်သူတဦးလည်း ဖြစ်ပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ မင်းသားဟာ စူပါစတားဖြစ်ရတဲ့ဘဝအကြောင်း၊ မင်္ဂလာပွဲတွေမှာ သီဆို ဖျော်ဖြေမှုအကြောင်း၊ ရုပ်ရှင်တွေ ရွေးချယ်ရတဲ့ အကြောင်းနဲ့ တခြား အရေးအရာကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အင်တာဗျူး ဖြေဆိုချက်တွေထဲမှာ ထူးခြားမှုရှိတဲ့ အချက်လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
မင်းသား ခန်က သူဟာ မနက်ပိုင်းကို အိပ်ရာထရပြီး ဘယ်အလုပ်တွေ မပြီးစီးသေးဘူးဆိုတာကို စစ်ဆေး လုပ်ဆောင်ရတဲ့အတွက် စူပါစတား တယောက်ဖြစ်ရတာဟာ တော်တော်လေးကို ခက်ခဲတယ်လို့ ဆိုပါတယ်။ ထို့အတူ လက်ထပ်ခြင်းဟာ လွယ်ကူပေမယ့် အဲ့ဒီအရာကို ကြာရှည်ခံအောင် ထိန်းသိမ်းရတာဟာ ခက်ခဲတယ်လို့လည်း ပြောပါတယ်။
သားသမီးရရှိတာဟာ လွယ်ကူပြီး သူတို့တွေကို လူလားမြောက်အောင် ပျိုးထောင်ရတာက ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ စူပါစတား တယောက်ဟာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ကြီးမားရင် ကြီးမားလာသလောက် တနေ့ကို အချိန် ၈၉ နာရီလောက်ရဖို့ ကြိုးစားရတယ်လို့လည်း ဆိုပါတယ်။
မင်းသားဟာ လူတွေ စားသောက်နေတဲ့အချိန် စင်ပေါ်မှာ ကပြနေရတာမျိုးကို မကြိုက်တဲ့အတွက် မင်္ဂလာပွဲတွေမှာ ဖျော်ဖြေတာမျိုး မလုပ်ဘူးလို့လည်းဆိုပါတယ်။ ဒါပေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာ သီချင်း တပုဒ် ရိုက်ကူးသလို အားကစားကွင်းထဲမှာ ဆိုရင်တော့ သီဆို ကပြဖြစ်မယ်လို့ ပြောပါတယ်။
သူ့ရဲ့ အနုပညာကြေး မြင့်ရတဲ့အကြောင်းအရင်းက သူ့ရဲ့ တန်ကြေးကြောင့် မဟုတ်ဘဲ သူတည်ဆောက်ခဲ့ရတဲ့ အနုပညာဝမ်းစာကြောင့်သာ ဖြစ်တယ်လို့ထုတ်ပြောပါတယ်။
ဘောလိဝုဒ် ဘုရင်လို့ တင်စားကြတဲ့ မင်းသား ရှာရွတ်ခန်ဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး ဘောလိဝုဒ် ရုပ်ရှင်ပေါင်း ၈၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။
အမြင့်ဆုံးအနုပညာဆုဖြစ်တဲ့ Filmfare ဆုပေါင်း ၁၄ ခုအပါအဝင် ဆုပေါင်းများစွာကို ရရှိထားပြီး အိန္ဒိယအစိုးရနဲ့ ပြင်သစ်အစိုးရတို့ကနေ ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတွေကိုလည်း ရရှိထားပါတယ်။ ဒီဇိုင်နာ Gauri Chibber နဲ့ ၁၉၉၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ပါတယ်။
Ref: pinkvilla
You may also like these stories:
အိန္ဒိယအတွက် ကိုဗစ် ရန်ပုံငွေ ရှာဖွေမှုမှာ ရှာရွတ်ခန် ပါဝင်
ဘောလိဝုဒ်မင်းသား Irrfan Khan ကွယ်လွန်ပြီ